၅ ဧပြီ ၂၀၂၅

ဘင်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်၌ သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် Dr. Harini Amarasuriya၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် Mr. Tshering Tobgayတို့ကို သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ်နှင့် ဘူတန်ဝန်ကြီးချုပ်များကို မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ရှားခဲ့မှုများအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီလျက်ရှိ သည်များကို ပြောပြခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီခဲ့ ကြသည့် သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ကို ကျေးဇူးအထူးတင်ရှိတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် သီရိလင်္ကာနှင့် ဘူတန် ဝန်ကြီးချုပ်များသည် မြန်မာနှင့် သီရိလင်္ကာ၊ မြန်မာနှင့် ဘူတန်နိုင်ငံများအကြား စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့်  နည်းပညာကဏ္ဍ၊ကျန်းမာရေးကဏ္ဍ များတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့  ကြ ပါတယ်။

အဆိုပါတွေ့ဆုံပွဲများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်  တွင်လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး  သီရိလင်္ကာနှင့် ဘူတန်နိုင်ငံ  ဝန်ကြီး   ချုပ်များနှင့်အတူ သက်ဆိုင်ရာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြပါတယ်။

#ymg/knl

Bt2