#Daily_News
Published 10 Apirl 2025
၁။ အထူးရထား ခရီးစဉ်များကို ဧပြီ ၁၁ ရက်တွင် စတင်ပြေးဆွဲပေးမည်
၂။ အမျိုးသမီးများအတွက် ပန်းရံသင်တန်းအခမဲ့ဖွင့်မည်
၃။ ငလျင်ဘေးသင့်ဒေသများအတွက် စက်ရုံအထိုင်ဈေးဖြင့် ဘိလပ်မြေများရောင်းချပေး
၄။ ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ကျော်လာသည့်အချိန်၌ မန္တလေးတွင်လုပ်ငန်းများ နာလံထစပြုလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 April 2025
▪️ ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ဧရာဝတီဖောင်ဒေးရှင်းကကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 April 2025
▪️ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေးအပါအဝင် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေကြေးစီးဆင်းမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့်ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (MFS) များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်သူများ ငွေသားထုတ်ယူမှု လွယ်ကူအဆင်ပြေစေရေးအတွက် ATM များတွင် ငွေသားလိုအပ်ချက်ပံ့ပိုးနိုင်ရေး၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်းများအလိုက် ရုံးပိတ်ရက်ရှည်များတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အလှည့်ကျတာဝန်များ ချမှတ်စီစဉ်ရေး၊ ဘဏ်နှင့် ငွေကြေးလုံခြုံမှုအတွက် လုံခြုံရေးအစီအစဉ်များချမှတ်ရေး၊ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သီးခြားဆောင်ရွက်ပေးမည့် အစီအစဉ်များတင်ပြရေး၊ နိုင်ငံခြားငွေကိစ္စရပ်များအပါအဝင် ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပြောင်းငွေများ အခက်အခဲမရှိ ပြန်လည်ထုတ်ပေးနိုင်ရေး၊ အင်အားပြင်းငလျင်ဒဏ်ခံရသည့် နေရာများရှိ ပြည်သူများ ဘဏ်ဝန်ဆောင်မှုလွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရန် ပံ့ပိုးပေးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းငွေများ (မြန်မာ ကျပ်/ နိုင်ငံခြားငွေ) လွှဲပြောင်းဝင်ရောက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စက်သုံးဆီဆိုင်များအပါအဝင် အခြားလက်လီ/လက်ကား ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် မြန်မာကျူအာ (MMQR) အသုံးပြု၍ လွယ်ကူစွာငွေပေးချေနိုင်ရေးဆောင်ရွက်ပေးမည့် ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကိုလည်းသင်္ကြန်ပိတ်ရက်များအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အောင်ပန်းဒေသထွက်ရှမ်းကုန်တွေဖြစ်တဲ့ ကုန်စိမ်းနဲ့ ဒေသထွက်ကုန်တွေ ဟာ သယ်ယူပို့ဆောင်ချိန်ကြာမြင့်နေဆဲဖြစ်တာအပြင် သင်္ကြန်ကာလ နီးကပ်လာတာကြောင့် ရန်ကုန်ကိုတင်ပို့တာ နည်းပါးနေသေးတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အောင်ပန်းဒေသထွက်ရှမ်းကုန် #အောင်ပန်းကုန်စိမ်းပွဲရုံ
#YMG/NN #Yangon_Times
မန္တလေးငလျင်နဲ့ သဘာဝဘေးသင့် ဒေသတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဘိလပ်မြေတွေကိုဘိလပ်မြေစက်ရုံ (မြိုင်ကလေး)နဲ့ ဘိလပ်မြေစက်ရုံ(ပြည်ညောင်)တို့ ကနေ စက်ရုံအထိုင်ဈေးနဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#စက်ရုံအထိုင်ဈေး #ဘိလပ်မြေများရောင်းချ
#YMG/NN #Yangon_Times
အမျိုးသမီးတွေအတွက် ပန်းရံသင်တန်းဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#ပန်းရံသင်တန်းအခမဲ့ဖွင့် #အမျိုးသမီးများ
#YMG/SW #Yangon_Times
မြန်မာ့မီးရထားမှ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့အတွက် အထူးရထားများ ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာဖြစ်ရာ ဧပြီ ၁၁ ရက်မှစတင်ကာ ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အထူးရထားခရီးစဉ် #သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/SW #Yangon_Times
Page 530 of 2470