#Local_News
Published 10 April 2025

▪️ ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ဧရာဝတီဖောင်ဒေးရှင်းကကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့‌ကြောင်း သိရသည်။

▪️ လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

▪️ ထို့ပြင်မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times