#Local_News
Published 11 April 2025
▪️ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ရက်ရှည်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်သည့် ဧပြီလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျှ)မိုးလေဝသအချက်အလက်ခန့်မှန်းချက်များအရသိရသည်။
▪️ အဆိုပါထုတ်ပြန်ချက်၌ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။
▪️ မိုးရွာသွန်းမှုအခြေအနေမှာ- စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်သည်။
မိုးရွာရက်များ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ၅ ရက်မှ ၈ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်မှ ၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုကာလအတွင်း နေ့အပူချိန်များမှာ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်အောက် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်အောက်လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ဧပြီလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင် မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၇၃,၈၅၅ ဦးထက်မနည်း အန္တရာယ်ရှိနေတယ်လို့ UNFPA ကထုတ်ပြန်ပါတယ်။
#Local_News
Published 11 Apirl 2025
#ကိုယ်ဝန်ဆောင်အမျိုးသမီး #အန္တရာယ်ရှိနေ
#YMG/SW #Yangon_Times
အင်းလေးရှိငလျင်ကြောင့် ပြိုကျခဲ့သည့် နေအိမ်များပြန်လည်ထူထောင်ရန်လိုအပ်နေ' အင်းလေးမှာ ဇရပ်ကြီးနဲ့ ကေလာရွာတွေက ရွာလုံးကျွတ်ပျက်စီးသွားတယ်၊ တချို့ရွာတွေက ၅၀ ရာခိုင်နှုန်းလောက်နဲ့တချို့အမိုးလန် ၊ယိုင်နဲ့သွားတာရှိတယ်၊ အိမ်နေမရသူတွေက သူများအိမ်သွားနေတာတွေ ကြာရှည်အားနာရတော့ လှေထဲပဲအိပ်နေရသူတွေရှိတယ်၊ အိမ်လိုသူတွေကို သွပ်သံသစ်ဝါးတွေလှူဒါန်းပေးဖို့ လိုအပ်နေပါတယ်၊'
#Local_News
Published 11 Apirl 2025
#အင်းလေး #ပြိုကျခဲ့သည့်နေအိမ်များ
#YMG/NN #Yangon_Times
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွက် ယွမ်ငွေ ၁ ဘီလီယံကို အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီအဖြစ် ထပ်မံပံ့ပိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ယမန်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။
#Local_News
Published 11 Apirl 2025
#ကယ်ဆယ်ရေးအကူအညီ #ယွမ်ငွေ ၁ ဘီလီယံထပ်မံကူညီ
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မှာ တတိယအကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို တစ်ပတ်ကြာဖွင့်လှစ်ခဲ့တယ်လို့
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 11 Apirl 2025
#ရွှေတိဂုံစေတီတော် #ယဉ်ကျေးလိမ္မာသင်တန်း
#YMG/NN #Yangon_Times
#Local_News
Published 11 April 2025
▪️ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International Ltd. တို့အကြား ရတနာကမ်းလွန်စီမံကိန်း အထွက်တိုးရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီလ၉ ရက်နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယနေ့ချုပ်ဆိုသည့် စာချုပ်အရ ပိုမိုတိုးမြှင့်ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံပြည်သူများသာမက ထိုင်းနိုင်ငံပြည်သူများအနေဖြင့်လည်း မျှဝေသုံးစွဲခွင့်ရရှိမည့်အပေါ် ဝမ်းမြောက်မုဒိတာပွားမိပါကြောင်း၊ မိမိတို့စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း သတ်မှတ်ချိန်အတွင်း သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထွက်ရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ယခုလက်မှတ်ရေးထိုးခြင်းသည် နိုင်ငံတော်၏ အားထားရသည့် ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Ltd. တို့ အထွက်နှုန်းတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 April 2025
▪️ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်က အင်းလေးဒေသရှိ ပြိုကျပျက်စီးသွားခဲ့သောနေအိမ်များပြန်လည်တည်ဆောက်လှူဒါန်းပေးနိုင်ရန်အတွက် လေလံပွဲတစ်ခုပြုလုပ်လျှက်ရှိကြောင်း သိရသည်။
▪️ အဆိုပါလေလံပွဲနှင့် ပတ်သက်ပြီး ကျော်ကျော်ဗိုလ်က "ငလျင်ဘေးကြောင့် အင်းလေး ဒေသရှိပြိုကျပျက်စီးသွားခဲ့သောနေအိမ်များပြန်လည်တည်ဆောက်လှူဒါန်းပေးနိင်ရန်အတွက်အများစုပေါင်းပါဝင်နိင်သောအလှူလေလံတစ်ခုကိုပြုလုပ်ပါရစေခင်ဗျာ။ အင်းလေး ဒေသနေအိမ်အလှူအတွက်လေလံတင်မည့်အရာမှာ ကျွန်တော် ပဲဖြစ်ပါတယ်။ လေလံယှဉ်ပြိုင်ရမည့်ပုံစံမှာ လီဗာပူးလ် အသင်း၏အခိုင်အမာပရိတ်သတ်တစ်ယောက်ဖြစ်သော ကျွန်တော့်အား၊အခြားသောဘောလုံးအသင်းများ၏ပရိတ်သတ်များမှမိမိအားပေးသောဘောလုံးအသင်းရဲ့ပရိတ်သတ်တစ်ယောက်အဖြစ်သို့ ( 2025/2026 ဘောလုံးရာသီအတွက်)ပြောင်းလဲအားပေးရန် လေလံကြမ်းခင်းသတ်မှတ်စျေးမှစတင်၍စျေးပြိုင်စနစ်ဖြင့်လေလံဆွဲကြရမှာဖြစ်ပါတယ်။ဥပမာ။ ။ဘောလုံးသမားတွေ တစ်ရာသီ အသင်းပြောင်း(သို့)အဌားသွားကစားသလိုပေါ့ခင်ဗျာ။ လီဗာပူးလ် ပရိတ်သတ်ဖြစ်တဲ့ကျွန်တော့်ကို မန်ယူပရိတ်သတ်ကလေလံဆွဲပြီးမန်ယူအသင်းကိုပြောင်းအားပေးစေတာမျိုးပါ။တဘက်က လီဗာပူးလ် ပရိတ်သတ်ကလည်းကျွန်တော့်ကို မန်ယူ အသင်းထံမရောက်စေဖို့ စျေးပြိုင်ပေးလေလံဆွဲပြီးကာကွယ်ပေးနိုင်ပါတယ်။ အာဆယ်နယ်၊ချယ်ဆီး၊မန်းစီးတီး၊စပါး၊ဘာစီ၊ရီးရဲလ်….စသည်အသင်းပရိတ်သတ်များလည်းဝင်ရောက်လေလံဆွဲနိင်ပါတယ်ခင်ဗျာ။" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
▪️ လေလံကြမ်းခင်းစျေးမှာ ငွေကျပ် ၁၀၀,၀၀၀/ မှစတင်မည်ဖြစ်ပြီးလေလံဆွဲရာတွင်တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အသင်းအဖွဲ့ဖြင့်ဖြစ်စေပါဝင်နိုင်ကြောင်း၊ လေလံပွဲပြီးမြှောက်သွားပါကလေလံအောင်မြင်သွားသောအသင်းထံသို့ဂုဏ်ယူပျော်ရွှင်ကျေနပ်စွာဖြင့်(2025/2026)ဘောလုံးရာသီ
အတွက်ပြောင်းလဲအားပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲအားပေးရာတွင်လေလံအောင်သောအသင်းအတွက်
▪️ ၁။ လေလံအောင်သောအသင်း၏ဘောလုံးဂျာစီတွင် Kyaw Kyaw Bo အမည်ရိုက်၍( 2025/2026 ) ဘောလုံးရာသီအတွက်တရားဝင်ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း ၎င်း၏ ( Facebook,YouTube,TikTok စသည့် ) Social Media များမှတဆင့်တရားဝင်ကြေငြာပေးခြင်း
▪️ ၂။ ( 2025/2026 ) ဘောလုံးရာသီတလျှောက်လုံးအပါတ်စဉ်လေလံအောင်သောအသင်း၏ဘောလုံးပွဲစဉ်တိုင်းအား ပွဲမစတင်မှီအားပေးသော Facebook Post တင်ပေးခြင်း ဥပမာ။( Go Go MU/Manchester United , We Are Gunner/Arsenal , London Is Blue/Chelsea … စသည်ဖြင့် ) ၊ ပြိုင်ပွဲတွင်မိမိအသင်းအနိင်ရရှိပါကဂုဏ်ပြု့သော Post တင်ပေး၍ရှုံးနှိမ့်ခဲ့ပါကစိတ်မကောင်းသော Post များတင်ပေးခြင်း၊
▪️ ၃။ ( 2025/2026) ဘောလုံးရာသီတလျှောက်လုံးလေလံအောင်သောအသင်း၏ အကြောင်းအရာများမှလွှဲ၍ တခြားအသင်းများ၏ အကြောင်းအရာများကို ၎င်း၏ Social Media များ ( Facebook,YouTube,TikTok စသည့် ) တို့တွင်ရေးသားခြင်း၊ မျှဝေခြင်းမပြုလုပ်ခြင်း၊( 2025/2026 ) ဘောလုံးရာသီအတွင်း တစ်လလျှင်တစ်ကြိမ် လေလံအောင်သောအသင်း၏ Logo ပါသော ဂျာစီ(သို့)အင်္ကျီဖြင့်အလှဓာတ်ပုံရိုက်၍၎င်း၏ Facebook စာမျက်နှာတွင်တင်၍ဂုဏ်ပြုပေးခြင်း၊
▪️ ၄။ လေလံအောင်သောအသင်း၏ပရိတ်သတ်အဖြစ်သတ်မှတ်ကာလအတွင်းအသင်းကိုအားပေးရာတွင်အပေါ်ယံဟန်ဆောင်အားပေးမည်မဟုတ်ပဲ၊အသင်းနှင့်တသွေးတသားထဲစိတ်လိုက်မာန်ပါအားပေးခြင်းနှင့်
▪️ ၅။ ( 2025/2026 ) ဘောလုံးရာသီအတွင်းလေလံအောင်သောအသင်းပရိတ်သတ်တစ်ယောက်အဖြစ်နှင့်အသင်းအားပေးသူပရိတ်သတ်(သတ်မှတ်အရည်အတွက်)များနှင့်အတူအသင်းကန်မည့်ပွဲကြီးပွဲကောင်း ၂ ပွဲတိတိအား(သတ်မှတ်ထားသောနေရာ)တွင် Live ကြည့်ရှု့အားပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ သတ်မှတ်စျေနှုန်းအတိုင်းလေလံအောင်ခဲ့ပါက၊လေလံအောင်သောငွေကြေးအားအင်းလေးငလျင်ဘေးအိမ်အလှူအတွက်အိမ်တစ်လုံးဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ပြီး၊ ထိုအိမ်၏အလှူရှင်အမည်တွင် (______________)အသင်းပရိတ်သတ်များမှဆောက်လုပ်လှူဒါန်းသည်”ဟု ရေးထိုးပေးသွားပါမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 529 of 2470