#Daily_News
Published 19 Apirl 2025
၁။ ငလျင်ကြောင့် အာမခံလျော်ကြေး ကျပ်ဘီလီယံ ၈၀ ခန့်ပေးလျော်ရန်ရှိ
၂။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၅၅ သန်း ရောင်းချပေးမည်
၃။ ဒေသအချို့၌ မိုးကြီးပြီးလေပြင်းတိုက်နိုင်
၄။ ခမာနှစ်သစ်ကူးပွဲတော်များ ကမ္ဘောဒီးယား၌သုံးရက်တာကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်အပြီး လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်လာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#Local_News
Published 19 Apirl 2025
#ရေနှင့်သန့်ရှင်းရေးအကူအညီ #ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး
#YMG/SW #Yangon_Times
"ဒေသအချို့၌ မိုးကြီးပြီးလေပြင်းတိုက်နိုင်" မန္တလေး တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းအချို့မှာ အခုတစ်ပတ်အတွင်း မိုးကြီးပြီးလေပြင်းတိုက်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
#Local_News
Published 19 Apirl 2025
#မိုးကြီးပြီးလေပြင်းတိုက်နိုင် #ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ကိုရောင်းချပေးသွားမယ်လို့ ဧပြီလ ၁၆ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 19 Apirl 2025
#စက်သုံးဆီလုပ်ငန်းရှင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် အာမခံလျော်ကြေးကျပ် ဘီလီယံ ၈၀ ခန့်ပေးလျော်ရန်ရှိတယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။
#Local_News
Published 19 Apirl 2025
#မန္တလေးငလျင် #ကျပ်ဘီလီယံ၈၀ခန့်ပေးလျော်ရန်ရှိ
#YMG/SW #Yangon_Times
#Local_News
Published 19 April 2025
▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးေ ကြာင့် ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်ပေါင်း ၁၄၂ကြိမ်လှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂ဝ၃ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည်လက်ရှိအထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအားရှာဖွေပေးနိုင်ခဲ့ကာအဆိုပါ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂ဝ၃ ဦးတို့အား
ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၈ ရက်
နေ့နံနက် ၇ နာရီ အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စီး၊ သင်္ဘော၆ စီး၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း ၁၉၇၅ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ ကန် နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ
၅၉ တန်၊ စုစုပေါင်းတန်ချိန် ၃၅၀၃ ဒသမ ၅၇ တန်တို့ရောက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ထို ပြည်တွင်း၊ ပြည်ပအလှူနှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ်အရောက်အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 April 2025
▪️ မတ်လ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် နန်းမြင့်မျှော်စင်ပြိုကျမှုတွင် ပိတ်မိကျန်ရှိနေသည့် မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ကြွင်းကျန်ရုပ်အလောင်းအား ရှာဖွေထုတ်ယူရန် တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (အမရပူရ) သိရိဆင်ကာလူမှုကူညီရေးအဖွဲ့၊ စိတ္တသုခလူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)နှင့် အဖြူရောင်လူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)အဖွဲ့များဖြင့်ပူးပေါင်း၍ ယနေ့ ဧပြီလ ၁၉ရက် မီစတင်၍ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အတူအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၁×၂၂ လမ်း၊ ၈၀ ×၈၁ ကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံပြိုကျမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ယနေ့တွင်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက်၁၀နာရီ ၁၅ မိနစ်အချိန်တွင် ကျား(၁)ဦး ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 524 of 2470