#Local_News
Published 25 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လှိုင်မြစ် အတွင်း အမျိုးသား တစ်ဦးရေနစ်ေ-သဆုံးမှု ဖြစ်ပွားကြောင်း မေတ္တာပါရမီလူမှူကူညီရေးအသင်း(လှိုင်သာယာ)ထံ မှ သိရသည်။
▪️ အဆိုပါ အမျိုးသားမှာ ကုန်တင်သင်္ဘော ပေါ်တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး လှိုင်မြစ်အတွင်း သင်္ဘောရပ်ထားရာတွင် ဧပြီ ၂၃ ရက် ညပိုင်းက သင်္ဘောပေါ်မှ ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ "ကုန်တင်သင်္ဘောမှာအလုပ်လုပ်တဲ့သူပါ ၂၃ရက် ညကသင်္ဘောပေါ်ကနေ ရေထဲပြုတ်ကျသွားတာ ရှာတာလဲမတွေ့ဘူး ဒီနေ့ကျမှ လှိုင်သာယာ ဒိုင်စုကျေးရွာ နားမှာ ပြန်တွေ့တာ"ဟု မေတ္တာပါရမီလူမှူကူညီရေးအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။
▪️ ေ-သဆုံးသူ အမျိုးသားမှာl အသက်၄၇ နှစ် ခန့်ရှိပြီ ဖြစ်ပြီး မိသားစုများက သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်ကြောင်း သိရသည်။
▪️ ယင်း ေ-သဆုံး သူ အမျိုးသားကိုဒိုင်စုကျေးရွာမှ လှိုင်သာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 25 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် အိမ်သာကျင်းပြိုကျပြီး အမျိုးသားတစ်ဦး ပိမိကာ ၄၅ မိနစ်ကြာ ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဧပြီ ၂၅ရက် မွန်းတည့် ၁၂နာရီ ၁မိနစ်က အမှတ်(၃)ရပ်ကွက်၊ ရုပ်ရှင်ရုံလမ်းနေအိမ်တွင် အိမ်သာကျင်းပြိုကျပြီး အမျိုးသားတစ်ဦးပိမိခဲ့ကြောင်း သိရသည်။
▪️ ထို့သို့ ပိမိနေကြောင်းသတင်းရရှိသဖြင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အမျိုးသားကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရာ မွန်းတည့်၁၂နာရီ ၄၆ မိနစ် ခန့် တွင် အသက်ရှင်လျက်ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 25 April 2024
▪️ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှ မြန်မာနိုင်ငံသို့ မီးသတ်ဝတ်စုံများ လှူဒါန်းခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ဧပြီ၂၄ရက် မွန်းလွဲပိုင်းတွင် ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီဒိုပြည်နယ်ရှိ မီးသတ်ပစ္စည်းများထားရှိသည့် ဗဟိုဌာန (Gyeonggi-do Firefighting Equipment Logistics Center) ဖွင့်ပွဲနှင့် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ တက်ရောက်၍ ဂုဏ်ပြုကျေးဇူးတင် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
▪️ ယင်းနောက် ဂယောင်ဂီဒိုပြည်နယ်လွှတ်တော်၊ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ Mr. AhnKyeil က မြန်မာနိုင်ငံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးခဲ့ရာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
▪️ ယင်းဗဟိုဌာနသည် ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် မီးငြိမ်းသတ်ရာတွင် အရေးပေါ်လိုအပ်သောပစ္စည်းများကို စနစ်တကျသိုလှောင်ထားသည့် ဗဟိုဌာနဖြစ်ပြီး မြန်မာ နိုင်ငံသို့ မီးသတ်အင်္ကျီ (၃၆၈) စုံ၊ မီးသတ်ဦးထုပ် (၆၄) လုံး၊ မီးသတ်လက်အိတ် (၇၈) စုံနှင့် မီးသတ်ဖိနပ် (၇၆) စုံတို့ကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဗဟိုဌာနဖွင့်ပွဲနှင့် မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ ဂယောင်ဂီဒိုပြည်နယ် လွှတ်တော်လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ Mr. AhnKyeil၊ ကော်မတီအတွင်း ရေးမှူး Mr. YooGyunghyun၊ ဘူချွန်းမြို့ မီးသတ်ဌာနအကြီးအကဲ Mr. Ji Jun Ho နှင့် FLCM Foundation ဥက္ကဋ္ဌ Mr. Kim Sung Chor နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published_ 25 April 2024
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန်အတွက် မြို့နယ်အလိုက်သတ်မှတ်မြေဈေးနှုန်းများတွင်ကမာရွတ်မြို့နယ် ပြည်လမ်းရှိ အခွန်နှုန်းထားမှာအမြင့်ဆုံးဖြစ်နေကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရသည်။
▪️ အဆိုပါကဲ့သို့ သတ်မှတ်ရာတွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း သိရသည်။
▪️ ရန်ကုန်-အင်းစိန်လမ်းမ၊ဦးဝိစာရလမ်း၊တက္ကသိုလ်ရိပ်သာလမ်းများတွင် တစ်စတုရန်းပေအတွက် ကျပ် ၄၀၀,၀၀၀ ဖြင့် အများဆုံး သတ်မှတ်ထားသည်။
▪️ သံလွင်လမ်း၌ တစ်စတုရန်းပေအတွက် ကျပ် ၃၅၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး လှည်းတန်းလမ်း၌တစ်စတုရန်းပေအတွက် ကျပ် ၃၀၀,၀၀၀ ဖြင့်အများဆုံး၊ ဘုရင့်နောင်လမ်း၌တစ်စတုရန်းပေအတွက် ကျပ် ၂၂၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားသည်။
▪️ ထို့အပြင် ရပ်ကွက်အတွင်း လမ်းတွင်လမ်းမကြီးနှင့် လမ်းသွယ်ကွာခြားမှုပေါ်မူတည်၍ ၁၂,၀၀၀ကျပ်မှ ၂၅၀,၀၀၀ကျပ်အထိရှိကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published_ 25 April 2024
▪️ ရှေးဟောင်း CLASSIC မော်တော်ယာဉ်များပြန်လည် မှတ်ပုံတင်ခြင်းများကို ခြောက်လအတွင်းဆောင်ရွက်ပေးနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်အရ သိရသည်။
▪️ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များကို တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ် များအဖြစ် တရားဝင်မှတ်တမ်းတင် ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံ တင်ထားရှိပြီးဖြစ်သော သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၈၀ Model နှင့် ၎င်းမတိုင်မီ ယာဉ်များကို ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံ တင် ဆောင်ရွက်ပေး နေခြင်းဖြစ်သည်။
▪️ ထိုသို့ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ခြောက်လကာလအတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
▪️ အဆိုပါ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သောယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးသွားမည် ဖြစ်ကာ ယခင်မှတ်ပုံတင် ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်း သိရသည်။
▪️ အသေးစိတ်အချက်အလက်များကို www. motc.gov.mm, www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
၂၅ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံ ပတ္တရားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲကပြောပါတယ်။ ချွန်ပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲဌာန ဒုတိယရဲမှူးကြိး ဝီရာချိုင်း သင်ခါမွတ်ဦးဆောင်တဲ့ ရဲတွေကဆွိုင်ခိုဖိုင်းမှာရှိတဲ့ အငှားချထားတဲ့အိမ်တွေကို ယမန်နေ့ ဧပြီ ၂၄ရက်က ဝင်ရောက်စီးနင်းရှာဖွေရာမှာ တရားမဝင်မြန်မာနိုင်ငံသား ၂၁ ဦးဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေက သူတို့ရဲ့အိမ်နီးချင်းမြန်မာတွေ ရဲ့ နှောက်ယှက်တဲ့ အပြုအမူတွေအပေါ် တိုင်တန်း တဲ့အတွက် ယခုလိုစီးနင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
စီးနင်းရှာဖွေမှုများအတွင်းမှာ မြန်မာအမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကိုတွေ့ရှိရပြီး သူတို့အားလုံးဟာ နိုင်ငံကူးလက်မှတ်မပါသူတွေ ဗီဇာမပါသူတွေဖြစ်ကြတယ်လို့သိရပါတယ်။
စီးနင်းခံရတဲ့အိမ်တွေအနီးနေထိုင်တဲ့ ဒေသခံ သီရာပေါင် ချွန်နာဘော့က သူ့အနေနှင့် အဲဒီလူတွေရဲ့ ညလုံးပေါက် ဆူဆူညံညံ အသံတွေကြောင့် စိတ်အနှောက်အယှက်အမြဲဖြစ်နေရတာကနေ အခုသက်သာသွားပြီးလို့ပြောတယ်လို့ သတင်းမှာဖော်ပြထား ပါတယ်။
အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆမ်ဖိုးချီယာဘလမ်က သူ့အနေနှင့် နိုင်ငံကူးလက်မှတ်နှင့်ဗီဇာကိုင်ထားတဲ့ မြန်မာ အုပ်စုတစ်စုကို အိမ်ငှားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ တစ်လကို အိမ်ခန်းခ ဘတ် ၂၀၀၀နှင့် စပေါ် ဘတ်၁၀၀၀ ယူခဲ့တယ်လို့ ပြောပါတယ်။အိမ်ငှားတွေဟာ မကြာခဏဆိုသလို လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ သူတို့သူငယ်ချင်းတွေကို အိမ်ကို ဖိတ်လေ့ရှိပြီး အိမ်မှနေတတ်ကြတယ်လို့လည်းသူကပြောပါတယ်။သူ့အနေနှင့် တရားမဝင်နေတဲ့သူတွေ ဝင်တာထွက်တာကို စောင့်ကြည့်နိုင်စွမ်းမရှိဘူးလို့ သူကဝန်ခံတဲ့အကြောင်း ပတ္တရား သတင်းဌာနကရေးသားပါတယ်။
အိမ်ပိုင်ရှင်ကိုတော့ နိုင်ငံခြားသားတွေအိမ်အငှားချထားတာကို၂၄နာရီအတွင်းအကြောင်းကြားဖို့ပျက်ကွက်မှုနှင့်ဒဏ်ငွေရိုက်မှာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ပတ္တရားရဲဌာနကိုပို့ပေးမှာဖြစ်ပြီး အဲဒီနောက် မြန်မာနိုင်ငံကို ပြန်ပို့ပေး မယ်လို့ ဒုတိယရဲမှူးကြီးကပြောပါတယ်။
@ymg/knl
ဂျပန်မှာပညာသွားသင်တဲ့ မြန်မာလူငယ်တွေအနေနဲ့ အချိန်ပိုင်းအလုပ်တွေနဲ့ပိပြီး စာမေးပွဲတွေ မအောင်မှာစိုးရိမ်တယ်။
ဂျပန်မှာ အလုပ်အတွက်သီးသန့်သွားသူတွေအနေနဲ့ကတော့ အလုပ်ကြိုးစားဖို့လိုအပ်ပြီး အားလပ်ချိန်တွေမှာ ဂျပန်စာကိုသင်ကာ ဂျပန်နိုင်ငံမှာပဲ စာမေးပွဲတွေဝင်ဖြေပြီး မိမိတိုဘဝကိုမြှင့်တင်ဖို့လိုအပ်တယ်။
(New Pathway Institute သင်တန်းကျောင်းမှ ဒေါက်တာမင်းညို)
#Local_News
Published_ 25 April 2024
#ဂျပန်သွားမည့်မြန်မာများ #အချိန်ပိုင်းအလုပ်တွေ
#tthl #Yangon_Times
Page 521 of 2042