အနုပညာအထက်တန်းကျောင်းတက်မယ့် အနုပညာဝါသနာပါတဲ့ ကျောင်းသားသစ်တွေကို လစဉ်ထောက်ပံ့ကြေးကျပ်(၃၀၀၀၀)ပေးဖို့ ရှိပါတယ်။ Grade-9(၈)တန်းအောင်ရင် တက်လို့ရပါပြီ။
#Local_News
Published_ 12 March 2024
#အနုပညာအထက်တန်းကျောင်း #ကျောင်းသားသစ်များခေါ်ယူနေ
#tthl #Yangon_Times
'သင်္ကြန်ကာလက ဒီနှစ်ရက်တိုလေးတွေ ပိုအသွားများပါမယ်၊ ၇ညအိပ် ၈ ရက်ခရီးစဉ်ပါ၊ ဟိုဘက်ခြမ်းမှာ
တည်းတဲ့ခိုတဲ့နေရာမှာ ပိုသန့်ရှင်းလာတယ်၊ ပိုကောင်းလာတယ်၊ စားတာသောက်တာတွေလည်း ပိုအဆင်ပြေလာပါတယ်၊ ဒီဘက်ခြမ်းမှာပဲ ဒေါ်လာဈေးလေးနည်းနည်း ၃၀၀၀ ပတ်ချာလည်လောက်ဆိုရင် ပိုသွားနိုင်၊ တတ်နိုင်တာပေါ့နော်'
#Local_News
Published_ 12 March 2024
#ဗုဒ္ဓဂါယာဘုရားဖူးတွေပိုပြီးများ #သင်္ကြန်ကာလ
#YMG/NN #Yangon_Times
တရုတ်နိုင်ငံယူနန်ပြည်နယ်အောက်ရှိတဲဟုန်ပြည်နယ်အတွင်း စီးပွားရေးဇုန်တွင် လုပ်ကိုင်နိုင်ရန်
လတ်တလောမှာတော နှစ်နိုင်ငံရှိ သက်ဆိုင်ရာဌာနတွေက ညှိနှိုင်းတာတွေ လုပ်ဆောင်နေသကဲ့သို့ တရားဝင် လိုင်စင်ရအေဂျင်စီများလည်းလုပ်သားပို့ဆောင်နိုင်ရန် သွားရောက်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 12 March 2024
#တရားဝင်လုပ်သားပို့ရန်ညှိနှိုင်း #တရားဝင်လုပ်သားပို့ရန်ညှိနှိုင်း
#YMG/LW #Yangon_Times
#Local_News
Published 12 March 2024
တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများဖြစ်သည့် ၁၆ ကြိမ်မြောက်EPS-Topik ဖြေဆိုမည့်သူများအတွက် စာမေးပွဲလက်ခံကြေးများကိုယခုလအတွင်းစတင်လက်ခံ သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
Online Application လျှောက်ထားပြီး Payment No. ရရှိသူဖြစ်ရမည်ဖြစ်ပြီး မတ်လ၁၉ရက်မှ ဧပြီလ၅ရက်နေ့အတွင်းစာမေးပွဲမှတ်ပုံတင်ကြေးလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
တင်သွင်းရမည့်စာရွက်စာတမ်းများမှာ အမျိုးသား ၊အမျိုးသမီး နှစ်ဦးလုံးမှာ ပတ်စပို့မိတ္တူ၊ Payment No.စာရွက် ၊တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်၊ တက္ကသိုလ်တစ်ခုခုမှရရှိသည့်ဘွဲ့လက်မှတ်သို့မဟုတ် ဒီပလိုမာလက်မှတ် များလိုအပ်ကြောင်း သိရသည်။
မတ်လ ၁၉ ရက်၌ ဝန်ဆောင်မှုလုပ်ငန်း၊၂၀ရက်၌ ကုန်ထုတ်၊စိုက်/မွေး၊ ဆောက်လုပ်ရေးနှင်ဧပြီ၅ရက်အထိ ၊Payment No.အလိုက် ပေးသွင်းရမည့် နေ့ရက်အားထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
Payment No.ရရှိပြီးဖြေဆိုရန်ဆန္ဒရှိသူများအနေဖြင့် စာမေးပွဲမှတ်ပုံတင်ကြေး USD28သို့မဟုတ် ညီမျှသည့်မြန်မာကျပ်ငွေ ပေးသွင်းရနည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူသည် ဆေးစစ်ဆေးပြီးဆေးအောင်မြင်မှသာ အလုပ်လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး အလုပ်လျှောက်လွှာတင်သွင်းသူတိုင်းအလုပ်ရရှိရန်အာမမခံကြောင်း သိရသည်။
#Local_News #EPS-Topikဖြေဆိုမည့်သူများ #YMG/ NN #Yangon_Times
#Local_News
Published 12 March 2024
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမွေးမြူရေးဇုန်၌လုပ်ငန်းရှင် ၄၉ ဦး မှ ငါး၊ ကြက်၊ဆိတ်အပါအဝင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ထိုသို့မွေးမြူရာတွင်အသားတိုးကြက် ၂၉၀၃၀ ကောင်၊ ငါး ၅၅၀၀၀ ကောင်၊ ဆိတ် ၃၃၂၄ ကောင်၊ ဒေသကြက် ၁၃၃၇၆ ကောင်၊ ဥစားကြက် ၃၅၀၀ ကောင်၊ ဥစားဘဲ ၄၀၆၈ ကောင်၊ အသားတိုးဘဲ ၂၀၀၀ ကောင်၊ နို့စားနွား ၁၁၁ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဝက် ၃၅၄ ကောင် မွေးမြူထားခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့မွေးမြူထားသည့် ကြက်မွေးမြူရေးလုပ်ငန်းများမှ ယနေ့အထိ အသားတိုးကြက် ၇၂၈၀၀ ပိဿာ၊ ဘဲ ၃၄၀၅ ပိဿာ၊ ဘဲဥ ၁၃၈၉၃၀ လုံး၊ ကြက်ဥ ၈၆၃၃၈ လုံးနှင့် နွားနို့ ၁၂၇၀၀ ပိဿာ၊ အသားတိုးနွား ၃၂၀၀ ပိဿာနှင့် ဆိတ်သား ၅၅၀ ပိဿာတို့အား ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #တွံတေးမွေးမြူရေးဇုန် #ဆိတ်အပါအဝင် #YMG/ NN #Yangon-Times
#Local_News
Publised 12 March 2024
ရှောင်တခင်စစ်ဆေးမှုများအရ နိုင်ငံခြားငွေရောင်း ဝယ်ရေးလိုင်စင်ရထားသူ(၄)ဦးသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုမလိုက်နာ၍လုပ်ငန်းလိုင်စင် (၃)လပိတ်ပြီး အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။
လိုင်စင်(၃)လပိတ်ပြီး အရေးယူခံရသည့်လုပ်ငန်းများမှာ (၁) Thura Nay Tun (Fame money changer)(၂) Lead Star Money Changer (၃) Steber Group Money Changer (၄) Asia Shwe Thee Money Changer တို့ဖြစ်သည်ဟု ဆိုသည်။
ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စည်ပင်၊ ထွေအုပ်နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များမှ မတ်လ(၆)ရက်မှ(၈)ရက်အထိ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ကွင်းဆင်းစစ်ဆေးကာ အဆိုပါလုပ်ငန်း (၄)ခုလုပ်ကိုင်နေသူများသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုလိုက်နာဆောင်ရွက်မှုမရှိသောကြောင့် ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ဈေးကွက်နှင့်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ် စေရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေပါအချက်များဖြင့် ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
#Local_News #လိုင်စင်ရMoney Changer #လုပ်ငန်းလိုင်စင်(၃)လပိတ်ပြီးအရေးယူ #tthl #Yangon_Times
#Local_News
Published 12 March 2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ် ခဲ့သည့် ပြင်းအား ၇.၆ အဆင့်ရှိ မြေငလျင်ဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် မြန်မာအစိုးရမှ ဂျပန်ကြက်ခြေနီအသင်းသို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ ဂျပန်ကြက်ခြေနီအသင်းရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအစိုးရ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသော ဂျပန်ယန်းငွေ ၁၄,၉၄၂,၀၀၀/- အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဂျပန်နိုင်ငံ အီရှီကာဝါပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် ထိခိုက်ပျက်စီးမှု များပြားသလို အသက်ဆုံးရှုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။
#Local_News #ဂျပန်ကြက်ခြေနီအသင်း #YMG/LW #Yangon_Times
Page 522 of 1978