၁၇ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မကြာသေးမီက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကာ ကုလားတန်မြစ်ကြောင်း စီမံကိန်းလုပ်ငန်း တိုးတက်မှုများကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အိန္ဒိယ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် စစ်တွေမြို့တွင် ရောက်ရှိနေထိုင်ပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်ခဲ့သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) ) စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်တွေဆိပ်ကမ်းတွင် ဆိပ်ကမ်း အော်ပရေတာဖြစ်သည့် India Ports Global Limited(IPGL) မှတာဝန်ရှိသူများနှင့်အတူ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တွေဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ပြီးချိန်မှစ၍ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ နှင့် စက်ယန္တရားများ တင်ဆောင်လာသည့် သင်္ဘောအစီးရေ ၁၅၀ ကျော် ဆိုက်ကပ်ကာ ကုန်တင်ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။
ခရီးစဉ်အတွင်း အိန္ဒိယသံအမတ်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကိစ္စဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားအကျိုးပြုရန်အတွက် ဒေသ၏ လိုအပ်ချက်နှင့်ဦးစားပေးမှုများနှင့်အညီ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများဆိုင်ရာကိစ္စရပ်များကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့ကြပါတယ်။

လာမည့်နှစ်များတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသည် ကမ်းရိုးတန်း၊ဒေသတွင်းနှင့် နိုင်ငံ တကာတို့ကို ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ရှေး ပဝေသဏီကတည်းကရှိခဲ့သောပြည်သူအချင်းချင်းကြား ဆက်နွယ်မှုအရ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာလိမ့်မယ် လို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့ သဘောတူဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) စီမံကိန်း၏အကျိုးရှိမှုများကို အပြည့် အ၀အသုံးချနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးသည် အရေးကြီး တယ်လို့လည်း သံအမတ်ကြီးက အလေးပေးပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သံအမတ်ကြီးသည် Sri Sri Moha Dev Bari ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အသိုက်အဝန်းမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အိန္ဒိယနွယ်ဖွားများအတွက် ကောင်စစ်ဆိုင်ရာ ဝန်ဆောင် မှုများအကြောင်းနှင့် အိန္ဒိယနှင့်၎င်းတို့၏ ဆက်သွယ်ဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်များကိုအသိပေး ပြောကြားခဲ့ ပါတယ်။ ယင်းအပြင် သံအမတ်ကြီးသည် စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့ လည်း သွားရောက်ခဲ့ပါတယ်။
သံအမတ်ကြီး နှင့်အတူ India Ports Global Ltd (IPGL) ၏ မန်နေဂျင်းဒါရိုက်တာ Shri Sunil Mukundan ၊ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများလည်း ခရီးစဉ်မှာပါဝင်ခဲ့ကြ ကြောင်း သိရှိရပါတယ်။
#ymg/knl
#Daily_News
Published 17 January 2025
၁။ တရုတ်ဘာသာစကားကျွမ်းကျင်ရန် ရည်ရွယ်ချက်စာချွန်လွှာ(MOI) လက်မှတ်ရေးထိုး
၂။ ဓာတ်ဆီဈေးကျပြီး ဒီဇယ်ဈေးနှစ်ပတ်ဆက်တိုက်တက်
၃။ လာနီညာအရှိန်ကြောင့် ဆောင်းရာသီရက်ပိုရှည်နိုင်
၄။ လော့စ်အိန်ဂျလိစ်မီးဘေးသင့်သူများ ပြန်လည်ထူထောင်ရေးနှင့် နစ်နာကြေးရရှိမှုမရေမရာဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အီလက်ထရွန်းနစ်စက်မှုလုပ်ငန်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အရေးပါတဲ့ ပြပွဲတွေကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပသွားမှာဖြစ်တာကြောင့် မြန်မာလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 17 January 2025
#ရုရှားဒစ်ဂျစ်တယ်နည်းပညာပြပွဲ #မော်စကိုမြို့
#YMG/SW #Yangon_Times
အခုနှစ်ဆောင်းရာသီဟာ အားပျော့တဲ့ လာနီညာအရှိန်ကြောင့် ရက်ပိုရှည်နိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 17 January 2025
#လာနီညာ #ဆောင်းရာသီရက်ပိုရှည်
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်ကမြင့်တက်လာတဲ့ ဓာတ်ဆီဈေးတွေကျဆင်းလာပြီး ဒီဇယ်ဈေးတွေကတော့ နှစ်ပတ်ဆက်တိုက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 17 January 2025
#ဓာတ်ဆီဈေးကျ #ဒီဇယ်ဈေးတက်
#YMG/NN #Yangon_Times
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဟွာချောင်တက္ကသိုလ်နဲ့ယူနန်ပြည်နယ် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့အကြား သုံးဦးသုံးဖလှယ်ပါဝင်တဲ့တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ ( MOI ) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Jasmine Palace Hotel မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 17 January 2025
#တရုတ်ဘာသာစကားကျွမ်းကျင် #ဟွာချောင်တက္ကသိုလ်
#YMG/SW #Yangon_Times
#Local_News
Published 17 January 2025
▪️ ပုပ္ပားဒေသတွင်သာရှိသည့် ပုပ္ပားမျောက်မြှီးရှည်များ ခွင့်ပြုချက်ဖြင့် လာရောက်လေ့လာနိုင်မည်ဖြစ်ကြောင်းပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ်မှ သိရသည်။
▪️ ယခင်ကမျောက်မျက်ကွင်း ဖြူဟုခေါ်ဆိုခဲ့သည့်မီးတောင်ချိုင့်ဝှမ်းအတွင်းတွင်သာ တွေ့ရှိရသော မျောက်များကို ၂၀၁၆ ခုနှစ်တွင် IUCN Red List အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ၊ ၁၁ ရက်နေ့တွင် မျိုးစိတ်သစ်အဖြစ် သတ်မှတ်ကြေငြာကာ ပုပ္ပားမျောက်မြှီးရှည်များဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း၊ အဆိုပါ ပုပ္ပားမျောက်မြှီးရှည်များ မျိုးသုန်းပျောက်ကွယ်ခြင်းမှကာကွယ်ရန် ၎င်းတို့နေထိုင်ကျက်စားရာ တောများအား ထိန်းသိမ်းကာကွယ်ခြင်း၊ ပျက်စီးပြုန်းတီးသွားသောတောများကို ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ ဖမ်းဆီးပစ်ခတ်ခြင်းအား ထိရောက်စွာတားမြစ်ခြင်းနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများကပါ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည့် ပုပ္ပားမျောက်မြှီးရှည်များကို ဒေသခံများက မျောက်သူတော်ဟုလည်းကောင်း၊ မျောက်ဇီးကွက်ဟုလည်းကောင်း၊ မျောက်မျက်ကွင်း ဖြူဟုလည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများက သီးနှံများ စားသောက်ဖျက်ဆီးခြင်းမပြုပဲ သဘာဝတောထဲက အသီးအ ရွက်နုများကို စားသောက်ကြကြောင်း၊ လူများနှင့်အနီးကပ်နေထိုင်မှုမရှိပဲ တောနက်ထဲနှင့် မတ်စောက်သည့် ကျောက်ထပ်ကမ္ဘားယံများတွင် အနေအထိုင်များကြောင်း၊ မနက်ပိုင်း နေထွက်ချိန်များတွင် မိသားစုလိုက်ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ နေပူစာလှုံလေ့ရှိကြောင်း ထောင်ခြောက်ကင်မရာမှတ်တမ်းများအရ သိရသည်။
▪️ ပုပ္ပားမျောက်မြှီးရှည်များ သည် ပုပ္ပားတောင်ဥယျာဉ်ရှိ မီးတောင် ချိုင့်ဝှမ်းအတွင်း၌သာမက နွားလဘို့တောင်၊ မှန်ပြတောင်၊ ဆေးမွန်တောင်တို့တွင် နေထိုင် ကျက်စားနေကြောင်း ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စာရင်းကောက် ယူမှုမှတ်တမ်းများအရ အကောင်ရေ (၁၁၆) ကောင်ခန့် တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် စာရင်း ကောက်ယူမှုမှတ်တမ်းများအရအကောင်ရေ (၁၅၀)ခန့်တွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 517 of 2358