Published_ 30 April 2024
ရခိုင်ပြည်နယ်၊ဂွမြို့အနီး ဗဟိုပြု၍အင်အား ရစ်(ခ်) တာစကေး (၄.၆) အဆင့်ရှိငလျင်တစ်ခု ဧပြီလ(၃၀)ရက်တွင် လှုပ်ခတ်ခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၃၈)မိနစ်၊ (၃၃) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဂွမြို့၏ အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၄၆)ဒီဂရီ၊ အရှေ့ လောင်ဂျီ တွဒ် (၉၄.၃၁)ဒီဂရီ၊ အနက်(၄၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟုဆိုသည်။
မြေငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ ရန်ကုန်၊မန္တလေး၊ပဲခူးစသည့်မြို့များတွင်လည်း တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သလို ရခိုင်နှင့်အခြား ပြတ် ရွေ့ကြောငယ်များပေါ်ရှိ ဒေသများ၌လည်း လှုပ်ခတ်နိုင်၍ သတိပြုနေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April 2024
ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူး မြို့နယ်တွင်မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည် စပါးစိုက် ဧကပေါင်း ၁၅၇၆၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အဆိုပါ (Seeder)ဖြင့် စိုက်ပျိုးခြင်းသည် ကြဲပက် စိုက်ပျိုးခြင်း၊ ကောက်စိုက်သမ များဖြင့် စိုက်ပျိုးခြင်းထက် အကုန်အကျ သက်သာခြင်း၊ တစ်ဦးတည်းဆောင်ရွက်၍ ရခြင်း၊ တစ်ဧကအထွက်နှုန်း တိုးခြင်း၊ ဝင်ငွေရလမ်းပိုမို တိုးပွားခြင်းနှင့် အခြားသော အကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်းသိရသည်။
အဆိုပါ လှည်းကူးမြို့နယ်၌မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည့် စံပြစိုက်ကွက်များ၌ စိုက်ပျိုးရိတ်သိမ်း ရာတွင် တစ်ဧကလျှင် ၁၁၇ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Publicshed 30 April 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နေအိမ်ရေစည်ပေါ် ရေတက်ထည့်စဉ် ဓာတ်လိုက်ေ-သဆုံးမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
မော်လမြိုင်မြို့ ၊ မြိုင်သာယာရပ်ကွက်၊ ၁၀လမ်းရှိ နေအိမ်တွင် ဧပြီလ ၂၉ရက်ညနေ၄နာရီ ၅၀ မိနစ်အချိန် က
ရေကားသမားမှ ရေစည်ပေါ် ရေတက်ထဲရန် အိမ်ခေါင်းပေါ်တက်စဉ် ဓါတ်လိုက်ပြီ တန်းလန်းအနေအထားဖြစ်နေသဖြင့် အိမ်ခေါင်မိုးပေါ်မှာ တဆင့်အောက်သို့ပြန်ချ၍ လူနာအားကြိုးစားCPRပြုစုပေးသောလဲ ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှမော်လမြိုင်ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April2024
တောင်ဒဂုံမြို့နယ်၌ ဆောင်ရွက်နေသည့် သုခဒဂုံ အိမ်ရာ စီမံကိန်း၌ပါဝင်သည့် သုခဒဂုံဈေး အား ဈေးရုံခုနှစ်ရုံဖြင့်တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ၌ တည်ဆောက်လျှက်ရှိခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇) မြို့ပတ်လမ်းရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာ အဝင်မုခ်ဦးနှင့် သုခဒဂုံဈေး တည်ဆောက်မည့် မြေ နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ အဝင်မုခ်ဦးကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုခဒဂုံဈေး တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ၃၉၂ ခန်းပါ ဈေးရုံ ခုနစ်ရုံ၊ လဟာပြင်ဈေး၊ စီမံခန့်ခွဲရေးရုံး၊ အများသုံး သန့်စင်ခန်း၊ ယာဉ်ရပ်နားနေရာ၊ ကုန်တင်ကုန်ချနေရာ၊ အမှိုက် စွန့်ပစ်နေရာ၊ ရေလှောင်ကန်၊ ရေစင်၊ Box Culvert တည်ဆောက် မည့်နေရာတို့ကိုလည်းကောင်း၊ သဲဖို့ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း၊ ဈေးရုံ တစ်ရုံ၊ အများသုံးသန့်စင်ခန်းနှင့် မိလ္လာကန်၊ အမှိုက်စွန့်ပစ် နေရာ၊ လျှပ်စစ်လုပ်ငန်းနှင့် အတွင်းပိုင်းလျှပ်စစ်မီး၊ သန့်စင်ခန်းနှင့် ရေစက်မော်တာ Wire သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April 2024
ရန်ကုန်မန္တလေးလမ်းဟောင်းဒိုက်ဦးမြို့နယ် လက်ခုပ်ကွင်းကျေးရွာအနီး ၁၂ဘီးယာဉ် တစ်စီးမှာ အရှိန်လွန်ပြီး ရေမြောင်း အတွင်း သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်းဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
ဧပြီ လ ၃၀ ရက် နေ့လည် ၂နာရီ၅၀မိနစ်ကမန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ဖြူပြာရောင် FUSOအမျိုးအစား(၁၂)ဘီးယာဉ်သည် လမ်းညာဘက်ဘေး ရေမြောင်းအတွင်းပြုတ်ကြခဲ့ကြောင်း သိရသည်။
ထိုသို့ရေမြောင်းအတွင်း ပြုတ်ကျရာ ယာဉ်အတွင်း ယာဉ်မောင်းသူညပ်နေသဖြင့် ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့နှင့်ဒိုက်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့တို့ ချိတ်ဆက်ပူးပေါင်း၍ကူညီကယ်ဆယ်ကြရာအနီးရှိဘက်ဖိုးယာဉ်တို့မှလည်း ပူးပေါင်းကူညီသဖြင့် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်မောင်းမှာ အသက် ၄၅နှစ် ရှိ ပြီ ဖြစ်ကာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 30 April 2024
(၁၄)လတာကာလအတွင်း ဧရာဝတီတိုင်းရှိအလုပ် သမားအာမခံအကျုံးဝင် လူနာဦးရေ(၁၁၀၉) ဦးအတွက်ဆေးဖိုးကျပ်သန်း (၂၄၀)ကျော်ပေးအမ်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၀၉ ဦးကို ဆေးဖိုးငွေကျပ်သန်း ၂၄၄ ဒသမ ၅၆၄ သန်း ပေးအမ်းခဲ့သည်ဟုဆိုသည်။
ယင်းအပြင် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပပေး ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကရုံးနှင့် ဆေးခန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ မြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၉ ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း ၃၈ ခန်း၊ မီးဖွား ခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၅ ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၂၇၁၅၇ ဦးအတွက် လူမှုဖူလုံရေးဆေးခန်း ၁၀ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်းသုံးခန်း၊ Capitation Payment စာချုပ်ဆေးခန်းတစ်ခန်းနှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်းတစ်ခန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၉ ဧပြီ ၂၀၂၄
တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်များမှ ဝန်ကြီးချုပ်များကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီလ ၂၉ရက်နေ့လယ်ပိုင်းက နစက ဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်ကရင်ပြည်နယ် နှင့် မွန်ပြည် နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မော်လမြိုင်မြို့၌ တွေ့ဆုံအမှာစကားပြောကြားရာမှာ ယင်းကို ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင်လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန်လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေး နှင့် ဒေသခံပြည်သူများ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးနှင့်တာဝန်ရှိသူတွေက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်နိုင်ရန် ယာယီတိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထား ရှိမှုနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ အကြမ်းဖက် သမားများ ဖျက်စီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်မြို့၊ ရွာများတွင်ပြန်လည်ထူထောင်ရေးနှင့် မိုင်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ပြန်လည်တင်ပြခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီဂသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်များမှ တပ်မှူးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါ တယ်။
@ymg/knl
Page 512 of 2042