#Local_News
Published 30 April 2025

▪️ ရှမ်းပြည်နယ် ၊ အရှေ့ပိုင်း တာချီလိတ်မြို့ဝန်းကျင် တောင်ပေါ်ဒေသများမှာ မေလ ၂ ရက် စနေနေ့ မနက်ပိုင်းအထိ မိုးဆက်ပြီးများနေနိုင်ကြောင်းပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။

▪️ ထို့ကြောင့် တောင်ကျချောင်းရေကျဆင်းလာနိုင်မည်ကို သတိထားကြရန် လိုအပ်ကြောင်းလည်း ဆိုထားသည်။

▪️ တာချီလိတ်မြို့ အထက်ပိုင်းရှိ မိုင်းဆတ်ခရိုင်အတွင်း၌  ဧပြီ ၂၇ ရက်နှင့် ဧပြီ ၂၈ ရက်နေ့၊ ညပိုင်းများတွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေမှာ မယ်ဆိုင်ချောင်းအတွင်း ဝင်ရောက်လာပြီး ချောင်းရေမြင့်တက်လာခြင်းဖြစ်သည်။

▪️ အဆိုပါ မယ်ဆိုင်ချောင်းရေသည် ဧပြီလ ၂၉ရက် နေ့ ၊ နေ့လည်ပိုင်းတွင်  တောင်ကျချောင်းရေ ဆင်းသက်လာခြင်းနှင့်အတူ ချောင်းရေမြင့်တက်ခဲ့ပြီး တာလော့ရပ်ကွက်ရှိ အိမ်အချို့နှင့် ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၏ နေရာအချို့တွင် ရေဝင်ရောက်မှုများရှိခဲ့ပြီး နောက်နေ့လယ်ပိုင်းတွင် ပြန်ကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

▪️ မယ်ဆိုင် ချောင်းသည်ထိုင်း - မြန်မာနယ်စပ်၊ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကြားတွင်တည်ရှိပြီး ပြီးခဲ့သည့်  ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ အတွင်းကလည်းရေကြီး၊ ရေလျှံမူဖြစ်ပွားခဲ့ဖူးပြီး ရပ်ကွက်များအထိ ရေဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times