#Local_News
Published 30  April 2025

▪️ ဧရာဝတီမြစ်အတွင်း သင်္ဘော(၁)စီး မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ ဧပြီ၂၉ ရက်နေ့၊ ညနေ ၅နာရီ  ၃၅ မိနစ်အချိန်ခန့်က  ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊နဝင်းရပ်ကွက်၊ ဝင်းညီနောင်ကျောက်ဒိုင်အနီး၊ ဧရာဝတီမြစ်အတွင်း သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် ပြည်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ပရဟိတလူနာတင်ယာဉ်(၂)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ၄၇မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times