#Local_News
Published 30 April 2025

▪️ ဥရောပသမဂ္ဂမှ ပေးပို့သည့် ငလျင်ထောက်ပံ့ရေးပစ္စည်းများယခုရက်ပိုင်းတွင် ဆက်တိုက်ရောက်ရှိလာခဲ့ရာ ထပ်မံ၍လည်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းများ လာမည့်ရက်ပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

▪️ ဥရောပသမဂ္ဂသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးဝေနိုင်ရန် သေချာစွာ ဆောင်ရွက်နေပြီးဧပြီလ ၁၈၊ ၁၉ နှင့် ၂၂ ရက်တို့တွင် တန်ချိန် ၉၀ ကျော်ရှိသည့်အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော် ကို လေယာဉ်သုံးစင်းဖြင့် ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း၊ထိုပစ္စည်းများကို IOM နှင့် ၎င်း၏ ဒေသခံ မိတ်ဖက်အဖွဲ့များမှ အကူအညီ အလိုအပ်ဆုံးသော လူ့အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ယခုရောက်ရှိလာသည့်မီးဖိုချောင်ပစ္စည်း၊ ရေပုံး၊ တာပေါ်လင်နှင့် ဆိုလာမီးအိမ်များပါဝင်သည့်အသက်ကယ်ပစ္စည်းပေးပို့မှုများသည် ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ၏ ကမ္ဘာလုံးဆိုင်ရာသိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှုများဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းများဖြင့် နောက်ထပ် လေယာဉ်ပို့ဆောင်မှုများကိုလည်း စီစဉ်ထားကြောင်း သိရသည်။

#YMG/SW #Yangon_Times