#Local_News
Published_21 Jan 2025
▪️ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပပျောက်ရေးနှစ်နိုင်ငံအစိုးရနှင့်တပ်မတော်အကြားပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့်အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေးဆိုင်ရာကိစ္စ များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စ များကို ဆွေးနွေးကြကြောင်း သိရသည်။
▪️ ယနေ့ ဇန်နဝါရီလ ၂၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးကြခြင်း ဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda(တန်ဝစ်ယုံချင်ဒါ)တို့ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 21 January 2025
၁။ ရန်ကုန်မြို့၌ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ချိုင်းနားတောင်းပွဲဈေးကျင်းပမည်
၂။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ထပ်မံဖွင့်လှစ်မည်
၃။ ဆီထွက်သီးနှံများထွက်ရှိချိန်၌ စားအုန်းဆီလျော့ချ တင်သွင်းရန်လိုအပ်ဟုဆို
၄။ ဂျပန်နိုင်ငံ၏အကြီးမားဆုံး ကျောက်မျက်ရတနာပြပွဲ တိုကျို၌ကျင်းပပြီးစီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 January 2025
▪️ လက်ဝှေ့ချန်ပီယံဟောင်း သမန်းကျားသည် ယနေ့ ဇန်နဝါရီ (၂၁)ရက် ၊ မနက် ၈နာရီ ၁၀မိနစ်အချိန်တွင်ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်ရှိ နေအိမ်၌ ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
▪️ ဦးစောလှမင်း (ခ) သမန်းကျားသည် ကွယ်လွန်ချိန်၌ အသက် (၇၃)နှစ် အရွယ်ရှိပြီဖြစ်ကာ ဇနီးဖြစ်သူ ၊သားတစ်ဦးနှင့်သမီးနှစ်ဦးကျန်ရှိကြောင်း သိရသည်။
▪️ ဘားအံမြို့ဇာတိဖြစ်သူ ဦးစောလှမင်းအား သင်္ဂြိုဟ်မည့်ရက်နှင့် အချိန်ကို စီစဉ်လျက်ရှိပြီး ထပ်မံအသိ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ၎င်းသည် အသက်၂၄နှစ်အရွယ်တွင် လက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်လာခဲ့ပြီး အသက်၅၉ အထိ လက်ဝှေ့ထိုးခဲ့ကြောင်း၊ ၂၀၂၄ခုနှစ်တွင် ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ပွားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ချိုင်းနားတောင်းပွဲဈေးကို
အခုလအတွင်း ၇ ရက်တိုင်တိုင် ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရုကို ပြောပါတယ်။
#Local_News
Published 21 January 2025
#တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် #ချိုင်းနားတောင်းပွဲဈေး
#YMG/NN #Yangon_Times
လာနီညာရာသီဥတုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေရှိလာနိုင်တာမို့ တောင်သူလယ်သမားတွေအနေနဲ့ သတိပြုဖို့ လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 21 January 2025
#လာနီညာ #အချိန်အခါမဟုတ်မိုးရွာသွန်း
#YMG/SW #Yangon_Times
မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ်တွေအသစ်ထပ်မံဖွင့်လှစ်ဖို့ လျာထားဆောင်ရွက်လျှက်ရရှိတယ်လို့ သိရပါတယ်။
#Local_News
Published 21 January 2025
#စိုက်ပျိုးရေး #မွေးမြူရေးတက္ကသိုလ်
#YMG/SW #Yangon_Times
ပြည်တွင်းမှာ နေကြာ၊မြေပဲ၊နှမ်း အပါအဝင် ဆီထွက်သီးနှံတွေထွက်ရှိချိန်မှာ ပြည်ပကနေတင်သွင်းနေတဲ့ စားအုန်းဆီပမာဏကို လျော့ချတင်သွင်းဖို့ လိုအပ်
တယ်လို့ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 21 January 2025
#ဆီထွက်သီးနှံ #စားအုန်းဆီလျော့ချ
#YMG/NN #Yangon_Times
Page 513 of 2358