#Local_News
Published 29 April 2025

▪️ ငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို ရှိ Sky Villaမှ ကျောက်စိမ်းလက်ကောက်များ ၊ကျောက်အရိုင်းတုံးနှင့်ဖြတ်စများ တွေ့ရှိခဲ့၍ ပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှသိရသည်။

▪️ ဧပြီ ၂၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို၊ Sky Villa အဆောက်အဦ (C) အဆောင်နှင့် (D)အဆောင်တိုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (C)အဆောင်မှ  ကျောက်စိမ်းလက်ကောက် ၁၀ ကွင်း ကျောက်အရိုင်းတုံးနှင့်ဖြတ်စများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ကျောက်စိမ်းလက်ကောက် ၁၀ ကွင်း ကျောက်အရိုင်းတုံးနှင့်ဖြတ်စများအားပစ္စည်းလက်ခံလွှပြောင်းရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times