မေလ၃ရက်မှ၅ရက်အတွင်း အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ဒေသ(၁၆)ခုမှာ မိုးထစ်ချုန်း ရွာဖို့ရှိတယ်။စိုက်ခင်းသမားတွေမိုးသီး ကြွေမှာသတိထားဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလ အပြီး မှာ အခြေခံစားသောက်ကုန် အချို ဈေးကျလာတာ ရှိပေမယ့် ကြက်သွန်နီ ဈေးကွက်ကတော့ အဝယ် ပုံမှန် ရှိနေတဲ့ အတွက် ဈေးအနည်းငယ်မြင့် တတ်လာတယ် လို ကြက်သွန်ပွဲရုံ တွေ ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒလတံတား စီမံကိန်း ၇၀ရာခိုင်နူန်းခန့် ပြီးစီးလာတဲ့အတွက် ဒလမြို့နယ်ဘက်က အိမ်ခြံမြေ ဈေးကွက်ဝယ်ယူမှု များပြားလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံသို့ လက်ရှိ အချိန်အထိ မြဝတီလမ်းကြောင်းမှ ပြောင်းတင်ပို့မှုမရှိသေးဘဲ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကိုတော့ ရေကြောင်းမှသာ သဘ်ောဝမ်းပုံစနစ်ဖြင့် အဓိကတင်ပို့နေတဲ့ အတွက်မိုးရာသီမတိုင်မီ ပိုမြန်ဆန်စွာတင်ပို့နိုင်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကျောင်းအိပ်ကျောင်းစားနဲ့ အတန်းပညာရော၊ ဘောလုံးပညာပါ အထက်တန်းအောင်တဲ့အထိ အခမဲ့သင်နိုင်မယ်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 30 April 2024
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တစ်ဘဝ တစ်ခန္ဓာချုပ်ငြိမ်းသွားကြောင်း သာသနာ့နွယ်ဖောင်ဒေးရှင်းမှ သိရသည်။
ဆရာတော်ဘုရားကြီးသည် ခန္ဓာချုပ်ငြိမ်းသွားချိန်မှာသက်တော် (၈၂)၊ သိက္ခာတော် (၄၅)ဝါရှိပြီဖြစ်ပြီး ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၇)ရက်၊ဧပြီ(၃၀)ရက် (အင်္ဂါနေ့)၊မွန်းလွဲ ၁:၁၀ အချိန်၌တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်ဟုဆိုသည်။
"ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တစ်ဘဝ တစ်ခန္ဓာချုပ်ငြိမ်းသွားတယ်ဆိုတာဟုတ်ပါတယ်။ ဆရာတော်ကြီးရဲ့တပည့် ဒါယကာတွေထံမှသိရတာပါ။ဆေးရုံမှာလား ဆရာတော်ကြီးသီတင်းသုံးတဲ့ ဝောာရမှာလား မသိရသေးပါဘူး"ဟု သာသနာ့နွယ်ဖောင်ဒေးရှင်းမှ ဆရာတော်က အတည်ပြုဖြေကြားသည်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရ ကျောင်း၌ သီတင်းသုံးလေ့ရှိပြီး ဆရာတော်ဘုရားကြီးခန္ဓာချုပ်ငြိမ်းသွားသည့်အတွက် တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်သူတော်စင် တပည့် ဒါယကာ ၊ဒါယကာမအပေါင်းမှ အထူးဝမ်းနည်းကြေကွဲလျက်ရှိကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April 2024
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုဧပြီ ၃၀ရက် မနက် ပိုင်း က ပြန်လည် ဖွင့်လှစ် လိုက်ကြောင်း ထိုင်းသတင်းများ မှ သိရသည်။
အဆိုပါ တံတား မှာ ကုန်ကားများ အဓိက ဖြတ်သန်းသွားလာနေသည့်တံတား ဖြစ်ကာ တိုက်ပွဲများကြောင့် ယာယီပိတ်ထားရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ခဲ့သည့်အမှတ် ၂ချစ်ကြည်ရေးတံတား တွင် ကုန်ကားများ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကလည်းယာယီဖြတ်သန်းခွင့် ပိတ်ထားသည့်မဲဆောက်-မြဝတီအမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ် ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 511 of 2042