မုတ်သုံအားကောင်းလို့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ရခိုင်နှင့် မွန်တို့မှာ နေရာကွက်ပြီးမိုးကြီးပြီး ရေကြီးရေလျှံဖြစ်နိုင်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ လဆန်းပိုင်းက ဆက်တိုက်လိုလိုကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေက ဒီကနေ့မှာဓာတ်ဆီ ဈေးအနည်းငယ်နဲ့ ဒီဇယ်ဈေးတစ်လီတာကို ကျပ်၃၅၀ကျော်အထိ မြင့်တက်ပြီးအတက်ကြမ်း လာတယ်လို့ စက်သုံးဆီဈေးကွက်ထဲကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခြားသီးနှံတွေ ဈေးအပြောင်းလဲဖြစ်နေပေမယ့် ကြက်သွန်နီဈေးကွက်မှာတော့ တစ်ပိသာကို ကျပ် ၂၀၀၀ဝန်းကျင် မှာပဲ ဈေးတည်ငြိမ်နေတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
ကျိုက်ထီးရိုး တောင်တက်ကားလမ်းမှာ မြေသားကျဆင်းမှုသာရှိတဲ့အတွက် ၂နာရီ ၃နာရီလောက်အတွင်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့လို့ အခုချိန်မှာ ကျိုက်ထီးရိုးတောင်တက်ကားလမ်းပြန်ပွင့်သွားပြီး ကားတွေသွားလာနိုင်ပြီ။
Yangon_Times/tthl
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published- 14 June 2024
အာဇာနည်နေ့ ကျင်းပရန်အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် ဗဟန်းမြို့နယ်၊ အာဇာနည် ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်အားကြိုတင် ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အာဇာနည် ပုဂ္ဂိုလ်ကြီးများကို လာရောက်ဂါရဝပြုကြမည့် ပြည်သူများ ဝင်ထွက် သွားလာမည့် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်နှင့် M-3 ရှေ့ ဂိတ်တွင် ပြင်ဆင်နေမှုများနှင့် အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည် ကုန်းအတွင်းရှိ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး ပြင်ဆင် ဆောင်ရွက်နေကြောင်းသိရသည်။
ထို့အပြင် အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း ပြင်ဆင်နေမှု၊ မိသားစုတွေ့ဆုံခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များကို နိုင်ငံတော်အကြီးအကဲ တွေ့ဆုံမည့်နေရာ ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှုရှိရေး ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရသည်။
၎င်းအပြင် ဗဟန်း မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ် နောက်ဆုံးစီးခဲ့သည့် မော်တော်ကားပြသထားရှိမှု၊ ပြတိုက်ပတ်လမ်း တစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိရေးဆောင်ရွက်နေမှုများ၊ အပေါ်ထပ် ပြတိုက်အတွင်း ငယ်ဘဝမှ၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင်ဘဝအထိ ပြသထားရှိမှု၊ အပေါ်ထပ်ရှိ အိပ်ခန်း၊ စာဖတ်ခန်း၊ မိသားစု အမှတ်တရဓာတ်ပုံများ၊ ကလေးများ အိပ်ခန်းနှင့် ပြတိုက်အတွင်း ပြသထားရှိမှုများကို ပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 14 June 2024
ဒူဘိုင်းတွင်အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီးတစ်ဦးကိုမြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ည(၂)နာရီမှ အိပ်ရပြီး မနက်(၅)နာရီထရ၍အိပ်ရေးမဝသည့်ဒဏ်ကြောင့် ကျန်းမာရေးအခြေအနေမကောင်းဘဲအလုပ်လုပ်ရတာအဆင်မပြေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယူအေးအီးနိုင်ငံ၊ဒူဘိုင်းတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသက်သက်လင်းအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေး ဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မသက်သက်လင်းသည် ဇွန်လ ၁၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မသက်သက်လင်းသည် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် အလုပ်လုပ်ကိုင်စဉ် ကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း အေဂျင်စီရုံးသို့ ပြောကြားရာ အိမ်ရှင်က နိုင်ငံကူးလက်မှတ်ကုန်ကျစရိတ်၊ လေယာဉ်လက်မှတ်ခ၊ ယူအေအီးနိုင်ငံသို့ ရောက်ရှိချိန်သွားလာစရိတ်၊ အလုပ်မရမီစားသောက်စရိတ်များ ပါဝင်သည့် ယူအေအီးဒါဟမ်း ၂၃၀၀၀ (အမေရိကန်ဒေါ်လာ ၆၅၀၀) အကုန်အကျခံပြီး အေဂျင်စီရုံး၌ ပေးချေခေါ်ယူခဲ့ရခြင်းဖြစ်၍ ထိုငွေကို အိမ်ရှင်ထံပေးချေပြီးမှသာ ပြန်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံမှပို့ဆောင်ခဲ့သော မြန်မာအေးဂျင့်ကို အသိပေးရာတွင်လည်း ဆောင်ရွက်ပေးနိုင်မှုမရှိခဲ့ကြောင်းသိရပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့ပြီး အသွား/ အပြန် လေယာဉ်လက်မှတ်ခ မြန်မာငွေ ကျပ် ၃၃ သိန်း ကျခံစေ၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ရာ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံ၊ အဘူဒါဘီမြို့တွင် အခက် အခဲကြုံတွေ့ခဲ့ရမှုနှင့် စပ်လျဉ်း၍ မသက်သက်လင်းက “ကျွန်မက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ချောင်းမြို့နယ် လက်ပံကျေးရွာမှာ နေပါတယ်။ ဒူဘိုင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ သွားရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်ရင်းဝင်ငွေအဆင်မပြေတာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ ဒူဘိုင်းမြို့ကို သွားပြီး အလုပ်လုပ်ခဲ့ပါတယ်။ အိမ်ရှင်နဲ့အဆင်ပြေပေမယ့် အိပ်ချိန်မလုံလောက်ပါဘူး။ ည ၂ နာရီခွဲမှာအိပ်ရပြီး မနက် ၅ နာရီထရပါတယ်။ လုပ်ခလစာရပေမယ့် အိပ်ရေးမဝတဲ့ဒဏ်ကြောင့် အလုပ်လုပ်ရတာအဆင်မပြေကြောင်းနဲ့ နှစ်ပတ်မှာတစ်ကြိမ် ဖုန်းသုံးခွင့်ရချိန်မှာ အိမ်ကိုလှမ်းပြီး ပြောတော့ လူကုန်တားအဖွဲ့ကို အိမ်မှမိဘများက အကူအညီတောင်းခံခဲ့ပါတယ်။
ဒူဘိုင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အကူအညီပေးခဲ့တဲ့အတွက် မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တာပါ။ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ စားသောက်မှုပုံစံမတူတဲ့အတွက်လည်း အခက်အခဲများစွာရှိခဲ့ပါတယ်။ အဲဒီကိုသွားမယ်လို့ ပြင်ဆင်နေသူတွေရှိရင်လည်း မသွားစေလိုပါဘူး။ ရောက်ရှိနေသူတွေ အဆင်ပြေရဲ့လားလို့လည်း မြန်မာပြည်က မိဘဆွေမျိုးများက လှမ်းပြီးမေးမြန်းသင့်ပါတယ်။ အဲဒီကိုသွားမယ်ဆိုရင် ငွေတစ်ခုတည်းနဲ့ မက်လုံးပေးတာကို မယုံကြည်ဘဲ လေ့လာစုံစမ်းပြီးမှ သွားသင့်ပါတယ်။ အခက်အခဲတွေအများကြီး စောင့်ကြိုနေလို့ပါ။
အခုလိုမြန်မာနိုင်ငံသားတစ်ဦး ဒုက္ခရောက်နေချိန်မှာ အစစအရာရာကူညီဖြေရှင်းပေးပြီး လေဆိပ်ကနေ အမိနိုင်ငံကိုပြန်ရောက်တဲ့အထိ အကူအညီပေးခဲ့တဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မြန်မာကောင်စစ်ဝန်ရုံးချုပ်က လူကြီးမင်းများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင် မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွှဲအသုံးချမှုတို့ကို ကြုံတွေ့နေရကြောင်း သိရ၍ သတိပြုကြရန်လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published-14 June 2024
ယခု ဘဏ္ဍာနှစ်စဖြစ်သည့် နှစ်လဝာာအတွင်းပြည်ပနိုင်ငံများ သို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း၅၀ကျော်ရရှိထားပြီး ပြီးခဲ့သည့်နှစ်ကာလတူကထက် ပိုမိုရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ပြည်ပသို့ ငါးမျိုးစုံတင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာ ကာလအတွင်း ငါးမျိုးစုံ မက်ထရစ်တန်ချိန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကာ ကန်ဒေါ်လာ၅၁သန်းကျော်ရရှိထား ခြင်းကြောင်းသိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ငါးမျိုးစုံတင်ပို့ရာတွင် မက်ထရစ်တန်ချိန် ၁၉၅,၉၃ ဒသမ ၇၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၉၄၆ သန်းရရှိခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဧပြီနှင့်မေလအတွင်းပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များတင်ပို့ရာတွင် ပင်လယ် ရေ ကြောင်း ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၂၃,၆၈၇ ဒသမ ၁၄၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၅ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၂၄,ဝ၃၂ ဒသမ ၃၇၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၅၁ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၄၇,၇၁၉ ဒသမ ၅၂၃ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆ဝ၁ သန်းရရှိခဲ့ ကြောင်းသိရသည် ။
မြန်မာနိုင်ငံမှ ငါး/ပုစွန်အပါအဝင် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့
နေခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 507 of 2114