#Local_News
Published 18 January 2025
▪️ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
▪️ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းရပ်အလိုက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်စီမံကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူဆောင်ရွက်နိုင်ကြောင်း ဆိုသည်။
▪️ ထို့အပြင် နိုင်ငံတော်မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#YMG/NN #Yangon_Times
အခု ၂၀၂၅ခုနှစ်အတွင်းပေးချေရမယ့် ကိုဗစ်ချေးငွေတွေမှာဖျော်ဖြေရေးနဲ့ မီဒီယာကဏ္ဍတွေ ပါဝင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 18 January 2025
#ကိုဗစ်ချေးငွေ #ဖျော်ဖြေရေးနှင့်မီဒီယာကဏ္ဍ
#YMG/NN #Yangon_Times
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိဘက်စုံသုံး ကုန်သေတ္တာဆိပ်ကမ်းတံတား(TMIT)အတွက်နှစ်ရှည်လုပ်ပိုင်ခွင့် တင်ဒါခေါ်ယူနေတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်က သိရပါတယ်။
#Local_News
Published 18 January 2025
#သီလဝါ #ကုန်သေတ္တာဆိပ်ကမ်းတံတား
#YMG/NN #Yangon_Times
လတ်တလောထွက်ပေါ်နေတဲ့ ဓာတ်သတ္တုရွှေလုပ်ငန်းလိုင်စင်သစ်ကြောင့် ရွှေလုပ်ငန်းတစ်ချို့လုပ်ငန်းပိတ်သိမ်းနေတယ်ဆိုတဲ့ သတင်းကမှန်ကန်မှုမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ရန်ကုန်မီဒီယာကို ပြောပါတယ်။
#Local_News
Published 18 January 2025
#ရွှေလုပ်ငန်းလိုင်စင်သစ် #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
ဒိန်းမတ်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ ကလေးပျော်စင်တာတွေ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သိရပါတယ်။
#Local_News
Published 18 January 2025
#ကလေးပျော်စင်တာ #ဒိန်းမတ်နိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 18 January 2025
▪️ နန်နင်းမြို့နှင့် ရန်ကုန်မြို့တို့အကြား၂၀၂၅-၂၀၂၆ ခုနှစ် ချစ်ကြည် ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ယခုလ ၁၆ရက်တွင် ပြုလုပ်သည့် Global Mayor Dialogue တွင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် နန်နင်းဒုတိယမြို့တော်ဝန် Mr. Guo Wei တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
▪️ တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ နန်နင်းမြို့တွင် ကျင်းပခဲ့သော Global Mayor Dialogue (GMD) သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ကြောင်း၊ GMD အခမ်းအနားမတိုင်မီ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူး Mr. Lan Tianli တို့ တွေ့ဆုံစဉ်နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင် ရေး၊ အသက်မွေးဝမ်းကြောင်းပညာသင်တန်းများ ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး၏မြှုပ်နှံရေးနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနား၌ နန်နင်းမြို့နှင့် ရန်ကုန်မြို့တို့အကြား၂၀၂၅-၂၀၂၆ ခုနှစ် ချစ်ကြည် ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည့် အပြင် ပိုမိုသာယာဝပြောပြီး ချိတ်ဆက်ထားသော တရုတ်-အာဆီယံအသိုက်အဝန်းအတွက် မြို့အများအကြား ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်မည့် “Nanning Initiatives” ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_18 Jan 2025
▪️ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက် ပံ့မှုများဆောင်ရွက်ပေးရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် စာရင်းကောက်ယူနေကြောင်းနစက ဥက္ကဌက ပြောသည်။
▪️ ယနေ့ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
▪️ အဆိုပါ အစည်းအဝေးတွင် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျ စိုက်ပျိုးမွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးသို့သွားရန်၊တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်စိုက်ပျိုးမွေးမြူရေးကိုကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များများ မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ဒေသအလိုက်ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သော မြန်မာ့ယဉ်ကျေးမှု အတတ်ပညာရပ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ အသိပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့စရိတ်များကိုလည်း ထောက်ပံ့ပေးရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်များကိုထပ်မံတိုးချဲ့ဖွင့် လှစ်နိုင်ရန် စသည်တို့ကို လုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောသည်။
▪️ အလားတူလွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေး ကောက် ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ကောက်ခံရရှိသည့် အချက်အလက်များအရလူဦးရေကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိကြောင်းလည်း ပြောကြားခဲ့သည်။
▪️ ယင်းမှာမွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်းလုပ်သားများရှားပါးလာပြီး ရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
▪️ ယခုအခါရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်းရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
#Yangon_Times/PP
Page 516 of 2358