#Local_News
Published 26 April 2025

▪️ နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ စည်ပင်သို့ ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်း အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြု ရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ အသိပေးထုတ်ပြန်လာသည်။

▪️ ထုတ်ပြန်စာ၌ နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သည့်ရုံးဌာနအဆောက်အအုံများ၊ အထူးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများအပါအဝင် အခြားအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင် သာ ယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူးနှင့် ဒုတိယဌာနမှူးထံသို့ ဆက်သွယ်ကြရန် ဖော်ပြထားသည်။

▪️ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဒေသတွင် နေပြည်တော်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိတွင် အပျက်အစီးရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

#YMG/SW #Yangon_Times