#Local_News
Published 26 April 2025

▪️ နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်နှင့်အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ဆောင်ရွက်နေကြောင်း သိရသည်။

▪️ တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့) ကို ယမာန်‌ နေ့က မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

▪️ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဒေါ်ခင်ဦးကြည်နှင့် အသည်းအလှူရှင် ဒေါ်မျိုးမျိုးမြတ်တို့ကို ခွဲစိတ်ကုသခြင်းဖြစ် ကြောင်း သိရသည်။

▪️ ထိုသို့ အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို မနက် ၉ နာရီတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၃ နာရီခွဲခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်းဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန်ကိုးနာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

▪️ အသည်းအလှူရှင်နှင့် အသည်းလက်ခံ လူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေး လျက်ရှိ ကြောင်းသိရသည်။ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ခွဲစိတ်ကုသမှုများကို ယနေ့ ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

▪️ တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ နှစ်ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာကိုးဦး၊ ၂၀၂၄ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာကိုးဦးနှင့် ၂၀၂၅ ခုနှစ်အတွင်း လူနာသုံးဦးတို့အား အောင်မြင်စွာခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

▪️ ယခုနဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုကို လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times