#Local_News
Published_07 June 2024
▪️ မုတ်သုံအားအသင့်အတင့်မှ အားကောင်းနေပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေ၍ အခုရက်ပိုင်းအတွင်း ဒေသ(၄)ခု မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဇွန်(၈)ရက်နှင့် ဇွန်(၉)ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ မိုးကြီးခြင်း မိုးဆက်လက်ပိုခြင်းများ ရှိနိုင်သည်ဟုဆိုသည်။
▪️ ဇွန်(၈)ရက် မနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်ဟုဆိုသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမားတွေရဲ့ဘဏ်စာရင်းနဲ့ဘဏ်စာအုပ်တွေကိုအွန်လိုင်းလောင်းကစားလုပ်ကိုင်သူတွေနဲ့ငွေကြေးခဝါချလိုသူတွေ ကအသုံးချတာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးကဇွန်လ(၆)ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published_07 June 2024
#MOU မြန်မာအလုပ်သမားများ #ဘဏ်စာအုပ်များကိုအသုံးချမှုရှိနေ
#YMG/LW #Yangon_Times
အခုမိုးရာသီမှာကမ္ဘာ့အပူဆုံးချောက်မြို့နဲ့ မကွေး၊ ရေနံချောင်းတို့မှာ မိုးရေစုကန်၊လျိုပိတ်ကန် တွေ ဆက်လက်တူးဖော်ဆောင်ရွက်သွားမှာဖြစ်တယ်။
#Local_News
Published_07 June 2024
#အပူပိုင်းဒေသများ #မိုးရေစုကန်များတူးဖော်နေ
#tthl #Yangon_Times
မြန်မာ့ရိုးရာဆေးမင်ကြောင် ထိုးခြင်းတစ်ခေတ်ဆန်းစေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရိုးရာသိဒ္ဓိဝင်ဆေးမင်ကြောင်ထိုးနှံသူတွေဆီက သိရပါတယ်။
#Local_News
Published_07 June 2024
#မြန်မာ့ရိုးရာဆေးမင်ကြောင် #ရိုးရာသိဒ္ဓိဝင်ဆေးမင်ကြောင်
#YMG NN #Yangon_Times
#Local_News
Published_07 June 2024
▪️ ၂၀၂၄ ပညာသင်နှစ်အဝေးသင်သင်တန်းများ တက်ရောက်မည့်သူများအတွက် ကျောင်းအပ်နှံမှတ်ပုံတင်နိုင်မည့် နေ့ရက်ကိုဇွန်လ (၂၈) ရက်ထိ ဆက်လက်ရက်တိုးမြှင့်၍ လက်ခံပေးထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ၂၀၂၄ ပညာသင်နှစ်အဝေးသင်သင်တန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ပထမနှစ်၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ကျောင်းအပ်ခြင်းကို မေလ (၃၁) ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များမှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းများ၏ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ယခုဇွန်လ (၂၈) ရက်အထိစနေ၊ တနင်္ဂနွေရုံးပိတ်ရက်များမှအပ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်အပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_07 June 2024
▪️ တိုက်ကြီး ခရိုင်အတွက်၂၀၂၄ ခုနှစ် မိုးစပါးချေးငွေကျပ်သန်း ၆၄၀၀ ကျော် ချထားပေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
▪️ ဇွန် ၄ ရက်က တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်း တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂ဝ၂၄ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းကို အခမ်းအနား ပြုလုပ်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတိုက်ကြီး ခရိုင်အတွက် ၂ဝ၂၄ ခုနှစ်၊ မိုးစပါးချေးငွေ (၆၄၈၅ ဒသမ ၇၀) ကျပ်သန်းအား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က တိုက်ရိုက်အစေ့ချကိရိယာ Seeder ဖြင့် နွေစပါးစိုက်ပျိုးခဲ့သည့် တောင်သူများ အနေဖြင့် ပန်းတိုင်ရည်မှန်းချက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့၍ ယခုမိုးစပါးကိုလည်း Seeder ဖြင့် စိုက်ပျိုးကြရန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ Seeder ဖြင့် စိုက်ပျိုးခြင်းသည် အကုန်အကျသက်သာ၍ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_07 June 2024
▪️ တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှိုင်သာယာရှိအမှတ် (၁၄) အခြေခံပညာအထက်တန်း ကျောင်းသို့စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းတို့သည် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သို့ စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ယနေ့ လှူဒါန်းခြင်း၏ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း၏ မူလရည်မှန်းချက်ကို ပြန်လည်အောက်မေ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းကာ ကျောင်းသားကျောင်းသူများ ပညာသင်ယူပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
▪️ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကူညီတည်ဆောက်ပေးသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း” ၂၃ ကျောင်းအနက် တစ်ကျောင်းဖြစ်သည်ဟုဆိုသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကျောင်းအတွက် ၂ လွှာ စာသင်ဆောင်တစ်ဆောင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းဆောင်၏ မူလအခြေအနေကို တိုးတက်ကောင်းမွန်လာစေခဲ့ကြောင်းနှင့် ထို့နောက် တရုတ်သံရုံးက ကျောင်းဆရာ၊ ဆရာမများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန်စီစဥ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်သံရုံးမှ အဆိုပါကျောင်းထံသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
Page 520 of 2115