#Local_News
Published 25 April  2025

▪️ ကမ္ဘာ့ရွှေဈေးသည် ယနေ့တစ်ရက်ထဲကို တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၀နီးပါး အထိ ကျဆင်းလာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

▪️ ယနေ့မနက်အစောပိုင်းက ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၃၃၄၈ဒေါ်လာအထိ ရှိခဲ့ရာမှ နေ့လယ်ပိုင်းတွင် ၃၃၁၉ဒေါ်လာအထိကျဆင်းလာကာ တစ်အောင်စလျှင် ၁၉ ဒေါ်လာအထိကျဆင်းလာကြောင်း သိရသည်။

▪️ ထိုသို့ကျဆင်းသော်လည်းပြင်ပ ရွှေဈေးများကျဆင်းခြင်းမရှိသေးဘဲ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ ကျဆင်းလာခြင်းမရှိသေးဘဲ မနက်ပိုင်းနည်းတူ တစ်ကျပ်သားလျှင် ၇၄သိန်း၇သောင်းကျပ်အထိသာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

▪️ နိုင်ငံခြားငွေလဲနှုန်းမှာမူ ဒေါ်လာဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၄,၄၀၀ကျပ်ဖြင့် ငြိမ်သက်နေပြီး ကမ္ဘာ့ရွှေဈေးကြောင့်သာ ယခုလအတွင်း ပြည်တွင်းရွှေ ဈေးတက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများကသုံးသပ်ထားသည်။

▪️ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏
ဓာတ်သတ္တု(ရွှေ )ရည်ညွှန်းစျေးမှာ တစ်ကျပ်သားလျှင်  ၅၆သိန်း ၆သောင်း ကျပ်အထိဈေးနှုန်းရှိနေကြောင်း သိရသည်။

#YMG/NN #Yangon_Times