#Local_News
Published 19 April 2025

▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး‌ေ ကြာင့် ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

▪️ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်ပေါင်း ၁၄၂ကြိမ်လှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂ဝ၃ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည်လက်ရှိအထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအားရှာဖွေပေးနိုင်ခဲ့ကာအဆိုပါ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂ဝ၃ ဦးတို့အား
ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့‌ကြောင်း သိရသည်။

▪️ ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၈ ရက်
နေ့နံနက် ၇ နာရီ အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စီး၊ သင်္ဘော၆ စီး၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း ၁၉၇၅ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ ကန် နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ
၅၉ တန်၊ စုစုပေါင်းတန်ချိန် ၃၅၀၃ ဒသမ ၅၇ တန်တို့ရောက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ထို ပြည်တွင်း၊ ပြည်ပအလှူနှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ်အရောက်အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times