#Local_News
Published 4 April 2025
▪️ ငလျင်ဘေးသင့် ပြည်သူများအတွက်ကိုရီးယားနိုင်ငံသားစေတနာရှင်များမှ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုများမှ ဝမ်ပေါင်း
တစ်သန်းခြောက်သိန်းကျော် နှင့်အမေရိကန်ဒေါ်လာတစ်ထောင် လှူဒါန်း ခဲ့ရာကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်နေ့က အင်အား ရစ်ချ်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန် သောငလျင် လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံသားစေတနာရှင်များဖြစ်ကြသော Mr. Jang Min Choi မှ ကိုရီးယားဝမ် တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀) ၊ Mr. Jamie Jangkook Choi မှ အမေရိကန်ဒေါ်လာ တစ်ထောင်တိတိ (USD $ 1,000/-) နှင့် ဆိုးလ်မြို့ရှိ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုမှ ကိုရီးယားဝမ် တစ်သန်းခြောက်သိန်းတစ်သောင်း လေးထောင်တိတိ (ဝမ် ၁,၆၁၄,၀၀၀/-) တို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၄-၄-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times