#Local_News
Published_23 Jan 2025
▪️ တိုးတက်လာသည့်စစ်နည်းဗျူဟာ၊စစ်လက်နက်ပစ္စည်း၊စစ်အတတ်ပညာများကိုသုတေသနပြုလေ့လာ၍ သင်ခန်းစာတိုးချဲ့သင်ကြားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
▪️ ယမန်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်း ကျောင်းနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးရာ၌ စာပေပိုင်း ဆိုင်ရာများကို အမှန်တကယ်သိရှိနားလည်မှုရှိ အောင် သင်ကြားပေးရမည့်အပြင် လက်တွေ့လေ့ကျင့်မှုများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးရမည်ဖြစ်ကြောင်းနှင့် ကြံ့ခိုင်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် အသက်အရွယ် အဆင့်အလိုက်သတ်မှတ်ထားသည့် စံချိန်စံနှုန်းများအတိုင်း ပြည့်မီအောင်လေ့ကျင့်ပေးရန် ၎င်းက ပြောကြားခဲ့သည်။
▪️ ယင်းအပြင်ခေတ်နှင့် အညီပြောင်းလဲတိုးတက်လာသည့် စစ်နည်းဗျူဟာများ၊ စစ်လက်နက်ပစ္စည်းများ၊ စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် သုတေသနပြု လေ့လာ၍ သင်ခန်းစာများတိုးချဲ့သင်ကြားပို့ချပေးသွားရန်၊အရည်အချင်း ပြည့်ဝပြီး လက်တွေ့နယ်ပယ်တွင် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရေး သင်တန်းသားများကို စနစ်တကျလေ့ကျင့် မွေးထုတ်ပေးရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ လေ့ကျင့်ရေးပိုင်းဆိုင် ရာများနှင့် ပတ်သက်၍ ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုးတက်လျက်ရှိရာ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စစ်အ တတ်ပညာ များကို အမြဲမပြတ်လေ့လာနေကြကာသင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်း နာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရရန်နှင့် ချမှတ် ထားရှိသည့်စည်းမျဉ်းစည်း ကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
▪️ အလားတူ အုပ်ချုပ်သူများအနေဖြင့် မိမိတို့ကွပ်ကဲနေရသူများကို စနစ်တကျကွပ်ကဲကြပ်မတ်နေရန်လိုသကဲ့သို့ ၎င်းတို့၏သက်သာ ချောင်ချိရေးအတွက်လည်းမိမိတို့တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးရန်လို ကြောင်း၊ စစ်သည်တစ်ဦးချင်းရသင့်ရထိုက်သည့်အခွင့်အရေးများကိုမှန်မှန်ကန်ကန်ဖြင့်ဖြည့်ဆည်းပေးရန်၊လက်အောက်၏လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေမှာ ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်း ခန့်ရှိသည့်အနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သဖြင့် အများသူငှာလုပ်ဆောင်နိုင်ရန်ခက်ခဲ သည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်းလည်း နစကဥက္ကဌကပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 22 January 2025
၁။ ဝင်းစိန်တောရဆရာတော်ကြီး၏ ၁၀၄ နှစ်မြောက် ဝိဇာတမွေးနေ့ပူဇော်ပွဲမနက်ဖန်ကျင်းပမည်
၂။ ပဲစဉ်းငုံလွတ်လပ်စွာတင်သွင်းခွင့် အိန္ဒိယနှစ်တိုးသတ်မှတ်လိုက်သောကြောင့် ဈေးမာလာနိုင်
၃။ ယခုနှစ်မှစတင်ကာမတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ရေခဲတောင်များနေ့အဖြစ် သတ်မှတ်
၄။ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်ပါလက်စ်တိုင်းအရပ်သားများ နေအိမ်အပျက်အစီးများသာကြုံတွေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အာမခံအမျိုးအစားသစ် ခြောက်မျိုးကို ထပ်မံဝန်ဆောင်မှုပေးဖို့ရှိတယ်လို့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ (၃၈) ကြိမ်မြောက် အစည်းအဝေးက သိရပါတယ်။
#Local_News
Published 22 January 2025
#အာမခံအမျိုးအစားသစ် #ထပ်မံဝန်ဆောင်မှုပေး
#YMG/SW #Yangon_Times
ယခုနှစ်မှစတင်ကာ မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ရေခဲတောင်များနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ပြုလုပ်သွားမယ်လို့ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာရေခဲတောင်များ ထိန်းသိမ်းရေးနှစ် အထိမ်းအမှတ်အခမ်းအနားမှ သိရပါတယ်။
#Local_News
Published 22 January 2025
#ကမ္ဘာ့ရေခဲတောင်များနေ့ #အထိမ်းအမှတ်အခမ်းအနား
#YMG/SW #Yangon_Times
မြန်မာ့ပဲစဉ်းငုံလွတ်လပ်စွာ တင်သွင်းခွင့်ကို အိန္ဒိယနှစ်တိုးသတ်မှတ်လိုက်တာ ကြောင့် ပြည်တွင်းဈေးမာလာနိုင်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 22 January 2025
#မြန်မာ့ပဲစဉ်းငုံ #အိန္ဒိယနှစ်တိုးသတ်မှတ်
#YMG/NN #Yangon_Times
မွန်ပြည်နယ်ဝင်းစိန်တောရဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၄)နှစ်မြောက် ဝိဇာတမွေးနေ့ပူဇော်ပွဲကို မနက်ဖန်မှာ ကျင်းပသွားမယ်လို့ နာယကဆရာတော် ဘဒ္ဒန္တသောဟုလာ(ခ) ဦးဇင်းလေး ကရန်ကုန်မီဒီယာဂရုကိုမိန့်ကြားပါတယ်။
#Local_News
Published 22 January 2025
#ဝင်းစိန်တောရဆရာတော်ကြီး #ဝိဇာတမွေးနေ့ပူဇော်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published 22 January 2025
▪️ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို ယခုနှစ်၏ သင့်တော်သောအချိန်တွင် စတင်သွားမည်ဖြစ်ကြောင်း လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) က ဇန်နဝါရီလ ၂၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမှ သိရသည်။
▪️ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့စသည့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
▪️ “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုသည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် ၆ နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးဌာနများမှ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု အတူတကွတိုက်ဖျက်ခဲ့ကြသည့်လှုပ်ရှားမှုဖြစ်ပြီးအဆိုပါလှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်ကြောင်း၊ အစားထိုး၍မရသော ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေဖြင့် ကောင်းမွန်စွာ ပါဝင်ခဲ့ကြောင်း၊ မျှော်မှန်းထားသော ရလဒ်များ ရရှိခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဘက်အသီးသီးတို့မှ တညီတညွတ်သဘောတူကြကြောင်း သိရသည်။
▪️ ဇင်ယော်လှုပ်ရှားမှုမှတဆင့် ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုအသီးသီး စုစုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ ၁၆၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ယခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် “ဇင်ယော်”ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အဆက်မပြတ်အာရုံစိုက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊အထူးသဖြင့် နိုင်ငံအသီးသီးမှပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသော ပြည်သူ ပြည်သားများကို အစွမ်းကုန်ကယ်ဆယ်သွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ် ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 176 of 2022