၁၃ ဧပြီ၊၂၀၂၆

မြန်မာနိုင်ငံ အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးပေး   ရန် ဆက်လက်သန္နနိဋ္ဌာန်ချထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မာကိုရူဘီယိုက မြန်မာ့ အတာသင်္ကြန်နှစ်ကူးဆုတောင်းမှာ ပြောကြားပါတယ်။

ဧပြီ၁၂ ရက်စွဲဖြင့် ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ယနေ့ဧပြီ၁၃ရက်တွင်ထုတ်ပြန်တဲ့ နိုင်ငံခြား ရေးဝန်ကြီးရဲ့ ၂၀၂၆ မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလဆုတောင်းစကားတွင် မာကို ရူဘီယိုက ယင်းကဲ့သို့ ပြောကားခဲ့ခြင်းဖြစ်ပါတယ်။

“ သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည်   ဆက်လက်ယိုယွင်းလျက်ရှိသော်လည်း အဆိုပါ အကျပ်အတည်းများ အဆုံးသတ်စေရေး အတွက် ကူညီပံ့ ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပါသည်” လို့ အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။

ယင်းအပြင်” မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်း သတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီး ဖြစ်ပါသည်။ သင်္ကြန်၏ အနှစ်သာရက မိမိတို့ ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေသည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်” လို့ ဆုမွန်ကောင်းတောင်းထားပါတယ်။

“မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား  မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုပါသည်” လို့လည်း သူကပြောပါတယ်။

-end-