မင်းဘူးမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်စီမံကိန်းရဲ့ ဓာတ်အား၄၀ မဂ္ဂါဝပ်ကို လာမယ့်နွေရာသီအမှီထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး #ဓာတ်အားပေးစက်ရုံ
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာနမှ ဖြန့်ဖြူးပေးလျှက်ရှိတဲ့ ဂျိုးဖြူရေကိုသုံးစွဲနေသူပြည်သူများအနေနဲ့ ရေမီတာကို မဖြစ်မနေတတ်ဆင်ရမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#ဂျိုးဖြူရေသုံးစွဲသူ #ရေမီတာမဖြစ်မနေတတ်ဆင်ရ
#YMG/SW #Yangon_Times
#Local_News
Published 28 July 2025
▪️ ပင်းတယမြို့ သိမ်ကုန်းနှင့်ရွာအချို့ ရုတ်တရက်ရေကြီး လူအသေအပျောက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
▪️ "ပင်းတယ (၆)ဦးထပ်မနည်းသေဆုံး တယ်လို့ပြောကြတယ် ၊ ပျောက်သူလဲရှိတယ် ၊တောင်ကျရေ ရုတ်တရက်ကျလာတာ၊လုံးဝထင်မထားဘဲ ရုတ်တရက် ရေကြီးလာတာပါ၊ သိမ်ကုန်းရွာ၊ ကုန်းစောင်းရွာ၊ ရွှေပုထိုးရွာ တွေပါပါတယ် ၊ ရွှေဥမင်ဘုရားဆိုင်ခန်းတွေပါပြိုတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ ရွှေပုထိုးရွာတို့တွင် ဇူလိုင်လ ၂၇ ရက် ည ၁၂ နာရီကျော်၌ တောင်ကျရေ ရုတ်တရက်ထိုးဆင်း ထို့အပြင် ရွှေဥမင်ဘုရားဆိုင်၄ခန်းပြိုကျပြီး
ထပ်မံပြိုပါက အန္တရာယ်ရှိနိုင်သောကြောင့် ဘုရားအတက်လမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 July 2025
▪️ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး လေးလပြည့်နေ့သည့် ယနေ့နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ အင်အား၄.၁ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်၍ မန္တလေးမြို့ခံတစ်ဦးက " ၁၂မတ်တင်းလောက်ကအသာလေးတချက်အရင်လှုပ်လိုက်တယ်ထင်တယ်ပဲ။
လူကနိုးပြီးဟုတ်မဟုတ်ဇဝေဇဝါနဲ့ကိုယ့်ဟာကိုယ်ဘဲထင်နေတာလားဆိုတွေးရင်းမိုးလဲရွာနေတော့အကြီးစားတွေတော့ မလာလောက်တော့ပါဘူးဆိုထင်နေတာ ထပ်လှုပ်တာဘဲနည်းနည်းပြင်းတယ်။ ၄ကျော်လောက်ရှိမယ်ထင်တယ်အိပ်ယာထဲက ဖုန်းတောင်မယူနိုင် ထဆင်းပြေးတာ ခုကလူတွေကတအားကြောက်တတ်တာမဟုတ်ပေမယ့် ဒါကအသက်အန္တရာယ်ရှိတယ်ဆိုတာကို သိမြင်ထားရတော့ ခြေထောက်တွေကအကျင့်ရနေပြီရယ် ၄လပြည့်ပြီ ငလျင်ကခုထိလှုပ်နေတုန်း"ဟု ပြောသည်။
▪️ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီးမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ဇူလိုင်လ၂၈ရက် နံနက်အေစာပိုင်း ၀၀း၀၁နာရီတွင်မဟာအောင်မြေမြို့နယ်၏ တောင်ဘက် (၁) မိုင်ခန့်ကိုဗဟိုပြု၍အနက် - ၃၃ ကီလိုမီတာ ဖြင့် အင်အားပမာဏ - ၄.၁ ရစ်(ခ်)တာစကေး အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ထုတ်ပြန်ထားသည်။
▪️ အဆိုပါငလျင်သည် မန္တလေးငလျင်ကြီးအပြီး ၂၁၄ကြိမ်မြောက်လှုပ်ခတ်သည့် ငလျင်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_28 July 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက် ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ် ကျေးရွာရှိ ပြည်သူ များအား KNLA နှင့် PDF များက လက်နက်ငယ်များ၊ တုတ်၊ ဓား များဖြင့် ပစ်ခတ်ခုတ်ဖြတ် မှုကြောင့် ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
▪️ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားမှုကိုသိလျင်သိချင်း လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ KNLA နှင့် PDF များက ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာ အတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားအမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အ ရွယ်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သေဆုံးခဲ့သူများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်းအစဉ်အလာများနှင့်အညီကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေး ခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
၂၇ ဇူလိုင် ၂၀၂၅
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ ဇူလိုင်၂၇ ရက်နေ့၌ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးရဲ့ အောင်ချက်မှာ ၄၈.၀၆ ရာခိုင်နှုန်းဖြစ်ပါတယ်။စာမေးပွဲဖြေဆိုကြသူ ၂၀၇၈၉၈ ဦးအနက် ၉၉၉၂၄ဦးအောင်မြင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှအပ ပြည်တွင်းတွင် အောင်ချက်အကောင်းဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး ၅၇.၁၆ ရာခိုင်နှုန်းရှိပါတယ်။ မွန်ပြည်နယ်မှာ ၈၉၇၂ ဦးဖြေဆိုပြီး ၅၁၂၈ ဦးအောင်မြင်ခဲ့ပါတယ်။ ဖြေဆိုသူ ၃၇၄၆၇ ဦးနှင့် အများဆုံးဖြေဆိုခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးမှာ အောင်မြင်သူ ၁၉၃၆၆ ဦးရှိပြီး အောင်ချက် ၅၁.၆၉ ရာခိုင်နှုန်းရှိပြီဂ ဒုတိယမြောက် အောင်ချက် အကောင်းဆုံးဖြစ်ကြောင်းသိရပါတယ်။ ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့စစ်ကိုင်းတိုင်းဒေသကြီးရဲ့အောင်ချက်က ၄၃.၇၀ ရာခိုင်နှုန်း၊ မန္တလေး တိုင်းဒေသကြီးအောင်ချက်က ၄၉.၆၂ ရာခိုင်နှုန်းနှင့် နေပြည်တော်အောင်ချက်က ၄၆.၂၇ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။
#ymg.knl/mnn

#Daily_News
Published 26 July 2025
၁။ MSME လုပ်ငန်းများအား ကျပ်သန်း ၅၀ ချေးနိုင်ရန် SOP ရေးဆွဲနေ
၂။ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် UID နံပါတ်အတုအပပြုလုပ်ကိုင်ဆောင်သူများကို အရေးယူမည်
၃။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်
၄။ Meta က AI ပညာရှင်အများအပြားကို အလုအယက်ခန့်အပ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 177 of 2239