ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၁ /၂၀၂၅
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အားပယ်ဖျက်ခြင်း
#Local_News
Published 31 July 2025
▪️ ဂျပန်၏ နွေရာသီအငွေ့အသက်များကိုခံစားနိုင်မည့် “KIRA KIRA☆ဂျပန်နွေရာသီပွဲတော်”နှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်မည့် “Japan Education Fair”
တို့ပူးပေါင်းထားသည့် “Japan Culture & Education Fair” ကို သြဂုတ်လ ၂ ရက်နေ့နှင့် ၃ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပွဲကို The Japan Foundation, Yangon ၊ Myanmar Association of Japan Alumni (MAJA)တို့ ကကြီးမှူးကျင်းပခြင်းဖြစ်ပြီးဩဂုတ်လ၂ရက်နှငိ့၃ရက် မနက် ၁၀ နာရီ မှ ညနေ ၃ နာရီခွဲအထိ Hledan M-Tower 18th Floor၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "ပွဲကိုလာတဲ့သူတွေကို လက်ဆောင်အဖြစ် ဂျပန်စတိုင်ယပ်တောင်များကိုလည်း ဦးရာလူစနစ်ဖြင့် ပေးသွားမှာဖြစ်ပါတယ်။ နွေရာသီရဲ့ အမှတ်တရတခုအနေနဲ့ ယပ်တောင်လေးတွေကိုင်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ဘွန်းအက ကခြင်းတို့ကိုလည်း ပြုလုပ်လို့ရပါတယ်။
▪️ ပွဲကိုလာရောက်ဖို့အတွက် ကြိုတင်စာရင်းပေးစရာမလိုတဲ့အပြင် ဝင်ကြေးလည်းအခမဲ့ဖြစ်တဲ့အတွက် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲလို့ရပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ ဂျပန်စာသင်တန်းကျောင်းက အတန်းဖော်တွေနဲ့အတူ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်"ဟု The Japan Foundation, Yangon မှ တာဝန်ရှိသူတစိဦးကပြောသည်။
▪️ ပွဲတွင် KIRA KIRA ဂျပန်နိုင်ငံ၏နွေရာသီပွဲတော်များ၌ တွေ့မြင်ဆော့ကစားလေ့ရှိသည့် ဂိမ်းအစီအစဉ်များ၊ ခန်းဂျိဘင်ဂိုဂိမ်းအစီအစဉ်၊ ကာရာတေး နှင့် ကန်ဒိုသရုပ်ပြခြင်းအစီအစဉ်၊ Yukataစမ်းဝတ်ခြင်းအစီအစဉ်၊ မဲနှိုက်ခြင်းအစီအစဉ်နှင့် အကဖျော်ဖြေတင်ဆက်မှုများစသည့် ဂျပန်ယဉ်ကျေးမှုနှင့်ထိတွေ့နိုင်သည့် အစီအစဉ်များကို စီစဉ်ထားသည့်အပြင် ဒုတိယပွဲနေ့၏ပွဲချိန်နောက်ဆုံးတွင် ပွဲကိုလာရောက်ကြသူများနှင့်အတူ ဂျပန်နိုင်ငံ၏နွေရာသီအကတခုဖြစ်သည့်“ဘွန်းအက” ကို အားလုံးအတူဆင်နွဲသွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 31 July 2025
▪️ မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြားနားလည်မှုစာချွန်လွှာ MOUရေးထိုးခဲ့ကြောင်း သိရသည်။
▪️ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇူလိုင်၂၉ရက်က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
▪️ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ e-Government စနစ်ကို ဖော်ဆောင်နေချိန်တွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အတွက် လိုအပ်သည့် IT နည်းပညာများကို အိန္ဒိယနိုင်ငံအစိုးရက ပံ့ပိုးကူညီပေးခြင်းဖြစ်ရာ နိုင်ငံအတွက်တန်ဖိုးရှိသည့် အကူအညီဖြစ်ပါကြောင်း၊ ယခုမြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MoU) သည် မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာ၌ အိန္ဒိယနိုင်ငံအစိုးရထံမှ နည်းပညာဆိုင်ရာအကူအညီများ မျှဝေဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ Digital Identity ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးသကဲ့သို့ ပိုမိုကောင်းမွန်သည့် အကြံပြုချက်များ၊ ပိုမိုထိရောက်မြန်ဆန်သည့် အကူအညီများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို ဆက်လက်ပံ့ပိုးကူညီမျှဝေစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
▪️ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur က မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်းလုပ်ငန်းစဉ်များအပေါ် အိန္ဒိယနိုင်ငံအစိုးရက ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
▪️ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
▪️ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက် နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အတွက် Digital Unique Identity Program အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ နည်းပညာ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့် အတွေ့အကြုံများဖလှယ်ရေး၊ အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများ နည်းပညာဖလှယ်ရေးနှင့် မြန်မာနိုင်ငံ Digital ID Program ကို စမ်းသပ်အကောင်အထည်ဖော်ရာတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ယခုရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့်တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 July 2025
▪️ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက် ပေးနေကြောင်း သိရသည်။
▪️ အဆိုပါ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများသည် မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့်သွေးကြောအထူးကုသစက် (Cardiac Catheteri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူးပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children’s Hospital No. 1 မှ ကလေးနှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin သည် မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံးဆေးကု) ခေါင်းဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများနှင့်အတူ မွေးရာပါ နှလုံးရောဂါ ကလေးလူနာ ၁၇ ဦးအား ခွဲစိတ်စရာမလိုဘဲ နှလုံးနှင့် သွေးကြောအထူးကုသစက် (Cardiac Catheterization Lab) ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော အဆို့(Device)များ၊ ဆေးနှင့် ဆေးပစ္စည်းများ အသုံးပြု၍ ကုသခြင်းနှင့် ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါ ကလေးလူနာများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ခေါ်ယူပြီး Follow up ကြည့်ရှုခြင်းနှင့် နှလုံးစမ်းသပ်စက် (Echo) ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေး ခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ ကလေးလူနာများ၏ အခြေအနေသည် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
▪️ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ ကလေး နှလုံးရောဂါဝေဒနာရှင် ၄၉၆ ဦးအား မခွဲစိတ်ရဘဲ နှလုံးနှင့် သွေးကြော အထူးကုသစက်များ အသုံးပြု၍ လည်းကောင်း၊ ကလေးနှလုံးရောဂါဝေဒနာရှင် ၄၈၈ ဦးအား ခွဲစိတ်ကုသမှုများဆောင်ရွက်၍ လည်းကောင်း အောင်မြင်စွာ ကုသမှုများပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
#YMG/NN #Yangon_Times
၃၀ ဇူလိုင် ၂၀၂၅၊ နေပြည်တော်-
နိုင်ငံတော်၏ ရှေ့ခရီးအတွက် ပထမစာမျက်နှာကိုကျော်ခဲ့ပြီဖြစ်၍ ဒုတိယစာမျက်နှာရဲ့ အစဟုဆိုရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစက ကောင်စီ ဝင်များနှင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားပါတယ်။
ဇူလိုင်၃၀ ရက်က နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“နှစ်ခွဲတာ ကာလအတွင်းမှာ လုပ်ငန်း အရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်” လို့လည်း ဗိုလ်ချုပ်မှူး ကြီးကပြောပါတယ်။
“နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ဒီလိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောပါတယ်။

နိုင်ငံတော်ရဲ့ ရှေးခရီးကတော့ အများကြီးကျန်နေသေးပြီး ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေး နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ယုံကြည်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက တင်စားပြောဆိုပါတယ်။
မြန်မာနိုင်ငံ၏ အတိတ်နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကြောင်းများ၊ တပ်မတော်က နိုင်ငံ့တာဝန်ရယူခဲ့ရသည့် အကြောင်းများ၊ အခက်အခဲများကို အတူတကွကျော်ဖြတ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်များနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သင့်သည်များကိုလည်း ဗိုလ်ချုပ်မှူး ကြီးက အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။
“အခက်အခဲအကြပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင် ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ် ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ဇူလိုင် ၃၁ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပရန်ရှိနေပြီး ထို အစည်းအဝေးတွင် အခြေခံဥပဒေ ပုဒ်မ၄၂၆ အတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင်ဆောင်ရွက်ပြီးကြောင်းအစီရင်ခံစာတင်ပြနိုင်ဖွယ်ရှိသည်ဟုသတင်းများထွက် ပေါ်နေပါတယ်။
အဆိုပါအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမကျင်းပမီ တစ်ရက်အလိုတွင်အဆင့် ဆင့်သော အစိုးရအဖွဲ့ဝင်များစုံစုံညီညီတက်ရောက်ခဲ့ကြတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြု တွေ့ဆုံပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
#Daily_News
Published 30 July 2025
၁။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား Quick Impact Project များ သဘောတူစာချုပ်သက်တမ်းတိုးမြှင့်
၂။ လာမည့်လဆန်းတွင် နေပြည်တော်နှင့် မန္တလေးတို့၌ ဈေးသင့်ဆန်များရောင်းချပေးသွားမည်
၃။ ရုရှားသို့သရက်သီး အနှစ်/အခြောက်များ၊ ကော်ဖီများ တိုးမြှင့်တင်ပို့မည်
၄။ နည်းပညာမြင့် AI စက်ရုပ်အမျိုးမျိုး ရှန်ဟိုင်းပြပွဲ၌ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စစ်တောင်းမြစ်ရေမြင့်တက်တာကြောင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ထန်းတစ်ပင်ကိုသွားတဲ့ လမ်းမပေါ်မှာ ကျေးရွာကိုးရွာကလူဦးရေလေးထောင်ကျော်ရေတဲထိုးပြီး ရေဘေးရှောင်နေရတယ်လို့ ပရဟိတအသင်းတွေက သိရပါတယ်။
#Local_News
Published 30 July 2025
#အုတ်တွင်း #လမ်းမပေါ်တဲထိုးပြီးရေဘေးရှောင်
#YMG/NN #Yangon_Times
Page 173 of 2239