လက်ရှိဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 May 2025
#လှိုင်းအလွန်ကြီး #အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်
#YMG/SW #Yangon_Times
CMP အဝတ်အထည်ချုပ်လုပ်ငန်းတစ်ခု ရန်ကုန်တိုင်းသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအဖြစ်ဝင်ရောက်ခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။
#Local_News
Published 30 May 2025
#CMP #နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
#YMG/NN #Yangon_Times
ငလျင်ကြီးအပြီး နှစ်လအကြာမှာတော့ ကျောက်ဆည်ခရိုင်အတွင်းက ငလျင်ဒဏ်သင့်အဆောက်အအုံတွေ စိစစ်ရှင်းလင်းရေးလုပ်ငန်းအားလုံးရှင်းလင်းပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 30 May 2025
#ကျောက်ဆည်ခရိုင် #ငလျင်ဒဏ်သင့်အဆောက်အအုံ
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ လူမှုဖူလုံရေး အာမခံလုပ်သားများ၏ သားသမီးများ ပညာသင်စရိတ် ထောက်ပံ့ ငွေနှင့် ငလျင်ဒဏ်သင့် အာမခံလုပ်သားများအတွက် မိသားစုထောက်ပံ့ငွေများကို Online Payment စနစ်ဖြင့် ပေးချေနိုင်ရန် စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ပေးအပ်ရာတွင် Online Payment စနစ်များဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay နှင့် Mytel Pay စသည်တို့ဖြင့် ပေးအပ်နိုင်ရန်အတွက် စီစဥ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပညာသင်စရိတ်ထောက်ပံ့ကြေးနှင့်အတူတိုင်းနှင့် ပြည်နယ် ၆ ခုရှိ ငလျင်ဒဏ်သင့် အာမခံလုပ်သားများကို သဘာဝဘေးအန္တရာယ်ကျ ရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကိုပါ တစ်ပါတည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သား သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်သွား ရန်အတွက် အလုပ်သမား ဝန်ကြီးဌာနမှ လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသော ထောက်ပံ့ငွေ တစ်ပြေးညီခံစားခွင့်ရရှိရန် အာမခံထားရှိသူ၏ အများဆုံးလုပ်ခဝင်ငွေကို ကျပ် ၃ သိန်းတိတိ သတ်မှတ် ထားပြီးဖြစ်ရာ အာမခံထားရှိသူအလုပ်သမား၏ ပညာသင် ကြားနေသော သားသမီးပညာသင်စရိတ်ကို သတ်မှတ်ရာတွင် မူလတန်းသားသမီး တစ်ဦးအတွက် ၁၀ ရာခိုင်နှုန်း ကျပ် ၃ သောင်း၊ အလယ်တန်းအတွက် ၁၅ ရာခိုင်နှုန်း ကျပ် ၄ သောင်းခွဲ ၊ အထက်တန်းအတွက် ၂၀ ရာခိုင်နှုန်း ကျပ် ၆ သောင်း၊ တက္ကသိုလ်အတွက် ၂၅ ရာခိုင်နှုန်း ကျပ် ၇သောင်းခွဲတိတိကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲကို ဇွန်လ၁ရက်တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက် လှမ်းမည်” အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ပြီး နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် ပြန်ကြားရေဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့တွင်ကျင်းပမည့် 2025 China – Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲကို ဇွန်(၁)ရက်မှ (၄)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့များ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂)သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအနေဖြင့် (၃)ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် ကစားသမားများတွင် ဇော်မင်းခန့်၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ အောင်အောင်၊ ရဲထက်နှင့် ဟန်ဝင်းထွဋ်တို့ ပါဝင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 May 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၌ ယနေ့မနက်ပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်း၍ သစ်ပင်ပြိုလဲရာ နေအိမ်သို့ ပိမိပြိုကျ ပျက်စီး
ခဲ့ကြောင်း သိရသည်။
▪️ မေ ၃၀ ရက်နေ့၊ မနက် ၄ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ လှေကျင်းရပ်ကွက်၊ လှေကျင်း(၅)လမ်းတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 168 of 2164