#Daily_News
Published 3 June 2025
၁။ မြန်မာ့ရွှေဈေးရက်ပိုင်းအတွင်း တစ်သိန်းကျော်ပြန်တက်
၂။ ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများအတွက် ရောင်းခွန်များ ယခုလအတွင်းပေးဆောင်ရမည်
၃။ ငလျင်သင့်အမွေအနှစ်အဆောက်အအုံများပြန်လည်ထိန်းသိမ်းရန် လိုအပ်သည့် နည်းပညာအကူအညီများပေးမည်
၄။ ဇူလိုင်လတွင် တစ်နေ့ကိုရေနံစည်ပေါင်း(၄၁၁,၀၀၀)အထိ တိုးမြှင့်ထုတ်လုပ်ရန် OPECကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယုံကြည်စိတ်ချရပြီး၊ သက်သာလွယ်ကူစွာ ခရီးသွားလာနိုင်ဖို့ Maxride အပလီကေးရှင်းကို သန်လျင်မြို့ရှိ သုံးဘီးယာဉ် ၉၈ စီးနဲ့ ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
#Local_News
Published 3 June 2025
#Maxrideအပလီကေးရှင်း #သုံးဘီးယာဉ်၉၈စီး
#YMG/NN #Yangon_Times
ငလျင်သင့် အမွေအနှစ်အဆောက်အအုံတွေ ပြန်လည်ထိန်းသိမ်းရာမှာ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေပေးသွားဖို့ရှိတယ်လို့ ဒို့အိမ်အဖွဲ့အစည်းမှ သိရပါတယ်။
#Local_News
Published 3 June 2025
#ငလျင်သင့်အမွေအနှစ်အဆောက်အအုံ #နည်းပညာအကူအညီများပေး
#YMG/SW #Yangon_Times
လကုန်ရက်က အကျဖက်ဦးတည်ခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ သုံးရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းနှစ်သောင်းပြန်လည်မြင့်တက်လာခဲ့တယ်လို့ ရွှေဈေးကွက်မှ တဆင့်သိရပါတယ်။
#Local_News
Published 3 June 2025
#မြန်မာ့ရွှေဈေးတက် #ရွှေဈေးကွက်
#YMG/SW #Yangon_Times
ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများ ရောင်းခွန်ပေးဆောင်ဖို့ ကျန်ရှိသူတွေအနေနဲ့အခု ဇွန်လ၁၃ရက် နောက်ဆုံးထားပေးဆောင်ရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 3 June 2025
#ပြင်ဦးလွင်ကော်ဖီစီမံကိန်း #ရောင်းခွန်များပေးဆောင်ရ
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ ထိုင်းဘတ်ငွေလေးသန်းကျော်နှင့် တရုတ်ယွမ်ငါးသိန်းကျော် မြန်မာနိုင်ငံ ဗဟိုဘဏ် က ယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၈ဒဿမ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၅၇၉,၉၀၀ ကိုထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၂ဒဿမ ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၄ဒဿမ ၇၂၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ဗဟိုဘဏ် နိုင်ငံခြားငွေဈေးကွက် ထဲသို့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေများကိုဆက်တိုက်ထုတ်ရောင်းပေးနေကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် မေလ ၃၀ ရက်နေ့ကလည်း ငွေလဲနှုန်း ၅၄၆ဒသမ၆ ကျပ်နှင့် တရုတ်ယွမ် ၆၁၃,၅၄၄ဒသမ၆၇ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၄ ကျပ်ဖြင့် ထိုင်းဘတ် ၂ဒသမ၄၃၀ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ EV ကား၊ စက်ယန္တရားများနှင့် ကုန်ပစ္စည်းမျိုးစုံကို အထူးစျေးနှုန်းဖြင့်ဝယ်ယူနိုင်မည့် ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC)တွင် ယခုလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကို လာမည့် ဇွန်လ ၆ ရက်မှ ဇွန်လ ၈ ရက်အထိ နေ့စဥ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၃ ရက်ကြာကျင်းပသွားမည် ဖြစ်သည်။
▪️ ယင်းပြပွဲတွင် ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများနှင့် အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများဖြစ်သည့် EV ကားများ၊ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားများကို ခင်းကျင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ပြပွဲတွင် နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကံစမ်းမဲအစီအစဥ်များကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 164 of 2164