#Local_News
Published 04 May 2026
■ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် ယမာန်နေ့ နံနက်ပိုင်းကလှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့်ရွှေပြည်သာမြို့နယ် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
■ ထိုသို့စစ်ဆေးရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် ရေမြောင်းရေစီးရေလာအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းတစ်လျှောက် ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
■ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ အင်းဂလိုင်ချောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုနှင့် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အများပြည်သူသုံးအားကစားကွင်းကို အများပြည်သူများ လွယ်ကူစွာလာရောက် ကစားနိုင်ရေးအတွက် အဆင့်မြှင့်တင်ရန်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။
■ ယင်းနောက် ရွှေပြည်သာမြို့နယ် ရွှေပြည်သာတံတားဆင်းနေရာကို ယာဉ်များသွားလာရာတွင် အဆင်ပြေစေမှုရှိစေရန် လမ်းသားအား ညီညာစွာပြုပြင်ပေးရန်မှာကြားပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပစေရန် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် လှော်ကားလမ်းပေါ်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနပိုင်မြေနေရာ၌ ပန်းခြံဖော်ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times