#Local_News
Published 08 August 2025
▪️ ရှမ်းပြည်နယ်ကွန်ဟိန်းမြို့၌ ယနေ့မနက်ပိုင်းက နမ့်ပန်ချောင်းရေတက်လာပြီးနေအိမ်များသို့ ရေဝင်ရောက်၍ ဘေးလွတ်ရာသို့ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။
▪️ ဩဂုတ်၈ ရက်နေ့၊မနက် ၆ နာရီခွဲ အချိန်က ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေတက်လာပြီး အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကွန်ဟိန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မွန်ရိုးရာရွှေအိုးမြှုပ်နှံလှူဒါန်းပွဲကို ကျိုက်သလ္လံစေတီတော်မြတ်ကြီးမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ပြည်တွင်း၊ပြည်ပအလှူရှင်တွေက ရွှေအိုး ၂၃၅လုံးကို လှူဒါန်းခဲ့ကြတယ်လို စေတီတော်ဂေါပက အဖွဲ့ကသိရပါတယ်။
#Local_News
Published 08 August 2025
#ကျိုက်သလ္လံစေတီတော် # မွန်ရိုးရာရွှေအိုး၂၃၅ လုံး
#YMG/NN #Yangon_Times
မြန်မာလုပ်သားများ အရေးကိစ္စနဲ့ပတ်သက်ပြီး ဩဂုတ်လ ၆ ရက်နေ့က
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို၊ The Shilla Hotel မှာ ကျင်းပတဲ့ 2025 EPS Conference မှာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်တက်ရောက်ဆွေးနွေးခဲ့တယ်လိုသိရပါတယ်။
#Local_News
Published 08 August 2025
#မြန်မာလုပ်သားများ #ကိုရီးယားသမ္မတနိုင်ငံ
#YMG/SW #Yangon_Times
Digital Platform အသုံးပြုပြီးစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရုံးအမှတ် ‒ ၃ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ
ကျင်းပခဲ့ပါတယ်။
#Local_News
Published 08 August 2025
#စားသုံးဆီဖြန့်ဖြူးရေး #Digital_Platform
#YMG/SW #Yangon_Times
သီရိမဂ်လာကမ္ဘာအေး စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲက ကြီးမှူးကျင်းပတဲ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)အခမ်းအနားနဲ့ ဇီဝိတဒါန ငှက်များဘေးမဲ့လွှတ်ပွဲကို ဩဂုတ်လ(၈)ရက် (ဝါခေါင်လပြည့် ) ဒီကနေ့မှာ ရန်ကုန်မြို့ရှိ ကမ္ဘာအေးစေတီတော်မှာ ကျင်းပခဲ့ပါတယ်။
#Local_News
#ကမ္ဘာအေးစေတီတော် #ဇီဝိတဒါနငှက်များဘေးမဲ့လွှတ်ပွဲ
Published 08 August 2025
#YMG/NN #Yangon_Times
#Local_News
Published 08 August 2025
▪️ နိုင်ငံကူးလက်မှတ်(ပတ်စပို့) သက်တမ်းတိုးရက်ချိန်းရရန်အတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်လိုက်သည်။
▪️ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း (၁၄) လကျန်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၏ whatsapp နံပါတ်များဖြစ်သည့် +6581748993 နှင့် +6582468581 သို့ အချက်အလက်များပေးပို့၍ ရက်ချိန်းရယူနိုင်ကြောင်း အသိပေးပြီးဖြစ်သော်လည်း အဆိုပါကြေညာချက်အား မသိရှိသေးသောသူများအပေါ် မြန်မာနိုင်ငံသားအချင်းချင်း စာနာထောက်ထားမှုမရှိဘဲ အခကြေးငွေရယူ၍ ရက်ချိန်းယူပေးခြင်းများရှိနေသေးကြောင်း ကြားသိရသည်ဟု ဖော်ပြထားပြီး ထိုသို့ အခကြေးငွေပေးဆောင်ရမှုများရှိပါက ငွေလက်ခံသူ၏ အမည်၊ ငွေပေးချေထားမှုအထောက်အထား၊ ဖုန်းနံပါတ်များအား သံရုံး၏ whatsapp နံပါတ် +6581748993 နှင့်
▪️ စင်ကာပူရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကိစ္စတစ်ခုတည်းသာ ရက်ချိန်းယူရန်လိုအပ်ပြီး ကျန်ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရက်ချိန်းယူရန်မလိုအပ်ကြောင်း၊အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ သံရုံးဖွင့်ရက်များအတွင်း နံနက် ၉ နာရီခွဲ မှ ၁၂ နာရီအတွင်း လာရောက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 08 August 2025
▪️ အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI) ကမြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက်အမေရိကန်ဒေါ်လာတစ်သိန်း ($100,000)ကိုအင်ဒိုနီးရှားနိုင်ငံသံရုံးမှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ထိုလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံသံရုံးတာဝန်ခံ H.E. M. Arif Hidayatullah က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
▪️ အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်(စန္ဒီပရဆေး)နှင့် တာဝန်ရှိသူများ၊ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 162 of 2239