#Daily_News
Published 13 August 2025
၁။တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများတိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေး
၂။ CMP အထည်များ ဥရောပနှင့်ဒေသတွင်းနိုင်ငံများသို့တင်ပို့နေ
၃။ ငါးရက်အတွင်း နိုင်ငံတစ်ဝန်းမိုးကြီးလေထန်ဖြစ်စဥ်များဖြစ်ပွားနိုင်
၄။ ရှန်ဟိုင်း၌အလိုအလျောက်မောင်းနှင်တက္ကစီများ အလျင်အမြန်တိုးချဲ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံ ထုတ်ရောင်းပေးမယ်လို့ဒီကနေ့မှာ အသိပေးလာပါတယ်။
#Local_News
Published 13 August 2025
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနဲ့လေထုမငြိမ်မသက်ဖြစ်ခြင်းတွေကြောင့် ယနေ့မှစတင်ကာငါးရက်အတွင်း နိုင်ငံတစ်ဝန်းလုံး မိုးကြီးလေထန်ဖြစ်စဥ်တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးသတင်းတစ်ရပ်အနေနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 13 August 2025
# မိုးကြီးလေထန် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/SW #Yangon_Times
CMP စနစ်နဲ့ချုပ်လုပ်ထားတဲ့ အထည်တွေကို ဥရောပ ၊အမေရိကန် စတဲ့ နိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေကိုပါတင်ပို့နေတယ်လို့ သိရပါတယ်။
#Local_News
Published 13 August 2025
#CMPအထည် #ဥရောပ_အမေရိကန်တင်ပို့
#YMG/NN #Yangon_Times
ယနေ့သြဂုတ်လ(၁၃)ရက်မှ စတင်ကာတက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို တိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေးနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 13 August 2025
#တက္ကသိုလ်ဝင်စာမေးပွဲ #အမှတ်စာရင်းပြန်လည်ထုတ်ပေး
#YMG/SW #Yangon_Times
#Local_News
Published 13 August 2025
▪️ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ ၊ CMP ကုမ္ပဏီများနှင့်Non-trade payment များကို အမေရိကန်ဒေါ်လာ(၁)သန်းကျော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်းသိရသည်။
▪️ ထိုသို့ ရောင်းချရာတွင် CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ဒဿမ၃၁၃ သန်းကို
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ ၁၂ ရက်နေ့တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့လည်းကောင်း ၊ အမေရိကန်ဒေါ်လာ ၄၆၇,၄၇၆ ကိုလည်း CMP ကုမ္ပဏီများကိုလည်း Non-trade payment များအတွက် ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် သြဂုတ်လ(၁၂) ရက်နေ့၊ FX Trading Platform တွင်အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၂၃ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 August 2025
▪️ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၆၁ ကျောင်းပြန်လည် ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ကျောင်းသားပေါင်း ၇၈၁၇ ဦး တက်ရောက်သင်ကြားနေပြီဖြစ် ကြောင်းသိရသည်။
▪️ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
▪️ ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယမာန် နေ့ တွင် အခြေခံပညာကျောင်း ရှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၉၅၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်း သူ ၇၈၁၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 157 of 2239