ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မဂ်လာအခမ်းအနားကို ရန်ကုန်မြို့ရှိ တိုင်းရင်းသားကျေးရွာမှာ ဒီကနေ့စည်ကားစွာကျင်းပခဲ့ရာ အရင်နှစ်တွေနဲ့မတူဘဲ ကျွှဲဒုံးအကတွေ ၊Fashion Show တွေနဲ့ပါ ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 16 August 2025
#ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မဂ်လာအခမ်းအနား #Fashion_Show
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက
ဟိုတယ်လုပ်ငန်းကဏ္ဍအတွက် ကျပ်သန်းပေါင်း ၁၇၅၀၀ ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 16 August 2025
#ဟိုတယ်လုပ်ငန်းကဏ္ဍ #ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 16 August 2025
၁။ နောင်ချိုမြို၌ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
၂။ အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးအချက်အချာကျသည့် နေရာရှိ တိုက်ခန်းများ ငှားရမ်းလိုမှုမြင့်တက်လာ
၃။ ဟိုတယ်လုပ်ငန်းကဏ္ဍအတွက် ကျပ်သန်းပေါင်း ၁၇,၅၀၀ ရင်းနှီးမြှုပ်နှံခွင့်ပြု
၄။ တရုတ်နှင့်ရုရှားရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအမျိုးမျိုးအောင်မြင်စွာပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 August 2025
▪️ လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
▪️ စိတ်ပါဝင်စား၍ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
▪️ ထို့အပြင် ပြိုင်ပွဲဝင်များရိုက်ကူးထားသော ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည် ဖြစ်ပြီး မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ကြောင်း ၊ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့်ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို တစ်ပါတည်းပူးတွဲပေးပို့ရမည် ဖြစ် ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသောဓာတ်ပုံများနှင့် ပြည်တွင်း/ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည် ဖြစ်ကြောင်းသိရသည်။
▪️ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးတင်ပို့ရမည်ဖြစ်ကာ ကိုယ်တိုင်ရိုက်ကူးထားသော ပုံဖြစ်ကြောင်း ကတိပြုချက် ပါရှိရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)၊ ပန်းဆိုးတန်း လမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂ နှင့် ၀၁-၈၃၈၄၈၁၃ သို့ ဆက်သွယ်ပေးပို့ ရမည် ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပေးပို့လာသော ဓာတ်ပုံများအား လက်ခံသွားမည်မဟုတ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်အတွင်း လတ်တလောမှာ စီးပွားရေးအချက်အချာကျတဲ့ နေရာရှိတိုက်ခန်းတွေ ငှားရမ်းလိုမှုမြင့်တက်လာတယ်လို အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 16 August 2025
#အိမ်ခြံမြေဈေးကွက် #တိုက်ခန်းတွေငှားရမ်းလိုမှုမြင့်တက်
#YMG/SW #Yangon_Times
နောင်ချိုမြို့၌ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယမန်နေ့ကပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ပြီဖြစ်တယ်လိုသိရပါတယ်။
#Local_News
Published 16 August 2025
#နောင်ချိုမြို့ #မြန်မာ့စီးပွားရေးဘဏ်ခွဲ
#YMG/SW #Yangon_Times
#Daily_News
Published 15 August 2025
၁။ တန်ဖိုးမြှင့်ထောပတ်သီးထုတ်ကုန်များထုတ်လုပ်ရန်အိန္ဒိယက ရင်းနှီးမြှုပ်နှုံမည်
၂။ ငလျင်ကြောင့်ပျောက်ဆုံးသူများအားဆက်လက်ရှာဖွေ၊သေဆုံးသူ ၃၇၇၇ ဦးအထိရှိလာ
၃။ ရန်ကုန်နှင့်ချန်ဒူးကို ချစ်ကြည်ရေးညီအစ်မမြို့တည်ထောင်မည်
၄။ တရုတ်ပြည်ကိုဂျပန်ကျူးကျော်ခြင်းအကြောင်းရိုက်ကူးထားသည့်ရုပ်ရှင် ကနေဒါ၌ကြည့်ရှုသူများပြား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 154 of 2239