#Local_News
Published 03 Apirl 2025
▪️ ယနေ့မနက်ပိုင်းအထိ စာရင်များအရ တစ်နိုင်ငံလုံး၌ ငလျင်ကြောင့်သေဆုံးသူ ၃၀၀၀ ကျော် ၊ ပျောက်ဆုံးသူ၃၄၀ကျော် ၊ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၀၀ကျော်အထိရှိကာ ယနေ့ နေ့လယ်ပိုင်းအထိ တောင်ငူနှင့်ဖြူးမြို့နယ်များ၌ ငလျင်ငယ်များဆက်လက်လှုပ်ခတ်နေကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ၊ နေပြည်တော် ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လူများနှင့် အဆောက်အအုံများ ထိခိုက်ေ-သ ဆုံး ပျက်စီးမှုများရှိနေခြင်းဖြစ်သည်။
▪️ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ ဧပြီလ ၃ ရက် မနက် ၈ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းများအရ စုစုပေါင်း ၃၀၈၅ ယောက် ၊ ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၁၅ ယောက်နှင့် ပျောက်ဆုံးနေသူ ၃၄၁ ယောက် ရှိ ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ အင်အားပြင်းထန်သည့် ငလျင်ကြီးစတင်လှုပ်ခတ်ခဲ့သည့် မတ်လ၂၈ရက်မှ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ ငလျင်အကြိမ်ရေပေါင်း ၆၇ကြိမ်အထိ လှုပ်ခတ်ပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 03 April 2025
▪️ ဩစတြေးလျအနေဖြင့် ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက် International Committee of the Red Cross မှတစ်ဆင့် ကနဦးပံ့ပိုးထားသော ဒေါ်လာ ၂ သန်းအပြင် ထပ်တိုး ဒေါ်လာ ၇ သန်းကိုပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
▪️ သဘာဝဘေးသည် လူ့အသက်ဆုံးရှုံးမှုများစွာ၊ ထိခိုက်ဒဏ်ရာရရှိသူများစွာနှင့် နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် အရေးပါသောအခြေခံအဆောက်အအုံများကိုထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေခဲ့ရာ သြစတြေးလျ၏ထပ်တိုးကူညီမှုတွင်သြစတြေးလျအန်ဂျီအိုများနှင့် ၄င်းတို့၏ဒေသခံမိတ်ဖက်များမှတစ်ဆင့် အစားအစာ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အရေးပေါ်ကျန်းမာရေးနှင့်ပညာရေးတို့အတွက် ဒေါ်လာ ၃.၅ သန်းပေးအပ်ခြင်း၊ Emergency Action Alliance မှတစ်ဆင့် ဒေါ်လာ ၅ သိန်းအထိ ပေးအပ်ခြင်း၊အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် ASEAN Coordination Centre for Humanitarian Assistance on Disaster Management ၏လုပ်ငန်းများကိုပံ့ပိုးရန် ဒေါ်လာ ၃ သန်းပေးအပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
▪️ ထို့ပြင် မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုကူညီဆောင်ရွက်ရန်အတွက်လည်း တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံအတွက်ပေးအပ်သည့် သြစတြေးလျ၏လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား နိုင်ငံတစ်ဝန်းရှိ စနစ်တကျစစ်ဆေးအကဲဖြတ်ထားသည့်လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာစည်းမျဥ်းများနှင့်အညီ ပေးအပ်ခြင်းဖြစ်ကြောင်း၊ဩစတြေးလျအနေဖြင့်အကျပ်အတည်းအခြေအနေများတွင်အသက်ကယ်လုပ်ငန်းများကိုလုပ်ဆောင်နေသော လူသားချင်းစာနာမှုဆိုင်ရာအဓိကမိတ်ဖက်အဖွဲ့တစ်ခုဖြစ်သည့်World Food Programme Myanmar နှင့်အတူ နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 03 April 2025
▪️ ဥရောပသမဂ္ဂသည် Humanitarian Air Bridge လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းကို စတင်လိုက်ပြီဖြစ်ပြီး ယနေ့တွင် ပထမဆုံး ပျံသန်းသည့် ခရီးစဉ်အဖြစ်ကိုပင် ဟေဂင်မှ ရန်ကုန်သို့ ပျံသန်းထွက်ခွါလာမည် ဖြစ်ကြောင်း သိရသည် ။
▪️ အဆိုပါလေယာဉ်တွင် တင်ဆောင်လာသည့် ရွက်ဖျင်တဲများ၊ ကလေးသူငယ်များအတွက် အကာအကွယ်ပစ္စည်းများ၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများအပါအဝင် တန်ချိန် ၈၀ ရှိသည့် ဥရောပသမဂ္ဂမှ ထောက်ပံ့ရေးပစ္စည်းများကို ယူနီဆက်ဖ်ထံပေးပို့သွားမည်ဖြစ်ကာ ထောက်ပံ့ပစ္စည်းများကို ဥရောပသမဂ္ဂ၏ မိတ်ဖက်အဖွဲ့အစည်းများမှ စုဆောင်းလက်ခံရရှိရေးနှင့် ဖြန့်ဝေရန်အတွက် မန္တလေးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးမှ ဥရောပသမဂ္ဂ အရပ်ဘက်ကာကွယ်ရေး ယန္တရားကို စတင် လိုက်ပြီးနောက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ပေးအပ်သည့်အကူအညီများသည် လိုအပ်နေသူထံသို့ ရောက်ရှိမှု သေချာစေရန်အတွက် ဆွီဒင်၊ ဖင်လန်၊ နယ်သာလန်၊ စလိုဗေးနီးယား၊ လူဇင်ဘတ်နှင့်နော်ဝေးနိုင်ငံ တို့မှ ကျွမ်းကျင်ပညာရှင် (၁၂ )ဦးပါ အဖွဲ့တစ်ဖွဲ့ကို ဘန်ကောက်နှင့် ကွာလာလမ်ပူတို့တွင် နေရာချထားမည်ဖြစ်ကြောင်း၊ဆွီဒင်နှင့် နယ်သာလန်နိုင်ငံ တို့သည် UNEP/OCHA Joint Environmental Unit မှ ပန်ကြားချက်အရ အခြားကျွမ်းကျင်သူများကို စေလွှတ်ရန် ကမ်းလှမ်းထားပြီးဥရောပသမဂ္ဂ၏ အရေးပေါ်အခြေအနေတုံ့ပြန်ညှိနှိုင်းရေးဌာနသည် မြေပြင်တွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုသေချာစေရန် ဘန်ကောက်တွင် ဆက်သွယ်ရေးအရာရှိတစ်ဦးကိုလည်း စေလွှတ်ထားကြောင်း သိရသည်။
▪️ ဘေးအန္တရာယ်ကျရောက်ပြီး အရေးအကြီးဆုံး ချိန်နာရီပိုင်းအတွင်း ကူညီပံ့ပိုးမှုသေချာစေရန် ဥရောပသမဂ္ဂ သည် သက်ရောက်မှုအကဲဖြတ်မှုကို အဆင်ပြေချောမွေ့စေရန် Copernicus ဂြိုဟ်တုဝန်ဆောင်မှုကို စတင်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ယူရို ၂.၅ သန်းကို စတင်ပေးအပ်ခဲ့ကြောင်း၊ထို့ပြင် ယနေ့တွင်ဥရောပသမဂ္ဂ သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC )အရေးပေါ် တောင်းဆိုချက်အတွက် နောက်ထပ် ယူရို ၅၀၀,၀၀ ကိုလည်း ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည် ။
#YMG/SW #Yangon_Times
#Local_News
Published 03 April 2025
▪️ လူမှုကွန်ရက်များတွင်မည်သည့်အချိန်တွင်အင်အားမည်မျှဖြင့်ငလျင်လှုပ်မည်ဆိုသည့်သတင်းမျိုးတွေ့ရှိပါက ချင့်ချိန်ယုံကြည်သင့်ကြောင်း သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ အင်အားပြင်းထန်၍ ဗဟိုချက်အနက်တိမ်သော ငလျင်ကြီးများသည် လှုပ်ရှားပြီးပါက နောက်ဆက်တွဲ ငလျင် များ လှုပ်ရှားနိုင်သည့် အလားအလာရှိကြောင်း၊ယခင်ကလည်း ဗဟိုချက်အနက်တိမ်သော အင်အားပြင်း ငလျင်များလှုပ်ရှားပြီးနောက် မူလအင်အားထက် နည်းသောငလျင်များ လှုပ်ရှားခဲ့ဖူးသည်ဖြစ်ရာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် လှုပ်ရှားခဲ့သော သပိတ်ကျင်းငလျင်တွင်လည်း နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ခန့် လှုပ်ရှားခဲ့ဖူးကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ရှားခဲ့သော ငလျင်သည်လည်း အင်အားပြင်းထန်ပြီး ဗဟိုချက်အနက် တိမ်သောကြောင့် နောက်ဆက်တွဲငလျင်များ လှုပ်ရှားနိုင်သော အလားအလာရှိကြောင်း ၊ အင်အားပြင်းထန် သော ငလျင်ကြီးလှုပ်ရှားမှုကြောင့် ရွေ့လျားသွားခဲ့သော မြေသားများသည် ပုံမှန်အနေအထားသို့ ရောက်ရှိရန် ပြုလုပ်ကြရသဖြင့်လည်း နောက်ဆက်တွဲငလျင်များ လှုပ်ရှားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ငလျင်သည် မည်သည့်နေရာတွင် အင်အားပမာဏ မည်မျှဖြင့် မည်သည့်အချိန်တွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ် သောကြောင့်တစ်ခါတစ်ရံ လူမှုကွန်ရက်များတွင် မည်သည့်အချိန်တွင် အင်အားမည်မျှဖြင့် ငလျင်လှုပ်မည်ဆိုသည့် သတင်းမျိုးများတွေ့ရှိပါက ချင့်ချိန်၍ယုံကြည်သင့်ပါကြောင်းနှင့်သက်ဆိုင်ရာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ငလျင်သည် အခြားသောသဘာဝဘေးများကဲ့သို့ ဖြစ်ပေါ်နိုင်သော အချိန်၊ကာလ၊ရာသီမရှိဘဲ အချိန်အခါမရွေး ရာသီမရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေး တစ်မျိုးဖြစ်၍ တွေးကြောက်နေရန်မလိုဘဲ အမှန်တကယ်ငလျင်လှုပ် ရှားမှုနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှု အစီအမံများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ထို့ကြောင့် ငလျင်လှုပ်ရှားမှု အားဖြစ်ပေါ်စေသည့် ပြတ်ရွေ့များ အနီးတစ်ဝိုက်နှင့် မြေထုချပ်တိုးဝင်မှုဖြစ်စဉ်များ ဖြစ်ပေါ်စေနိုင်သောဒေသများတွင်နေထိုင်သူများအနေဖြင့် ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ ငလျင်ဆိုင်ရာ ဟောပြောပို့ချမှုများ၊ ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ထားသင့်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးဖော်ပြထားသည်။
#YMG/PP #Yangon_Times
#Local_News
Published 03 April 2025
▪️ မိုးလေဝသသတင်းနှင့်ပတ်သက်၍ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းရက်ဝေးလျှင် မှန်ကန်မှုအလွန်နည်းတတ်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲတွင် တိုင်းတာတွက်ချက်ခဲ့သော အဆိုပါဌာန၊ WRF မော်ဒယ်လ်၏ တိုင်းတာချက်၊ အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ကို အခြေခံတွက် ထုတ်ထားသည့် သင်္ချာပုံစံပြုမော်ဒယ်၊အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ကို အခြေခံတွက်ထုတ်ထားသည့် တွက်ချက်ခန့်မှန်းမှုများ ကို ထုတ်ပြန်ဖော်ပြရာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။
▪️ လက်ရှိလေထုအခြေအနေများပေါ်အခြေခံ၍ တွက်ချက်ထားသော သင်္ချာပုံစံပြုမော်ဒယ်များဖြစ်သည့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန် ကို အခြေခံတွက်ထုတ်ထားသည့် သင်္ချာပုံစံပြုမော်ဒယ်၏ ခန့်မှန်းချက်အရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် မနက်ဖြန် ဧပြီလ ၄ ရက်ခန့်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း ၌လေထုမငြိမ်မသက်မှု ဖြစ်ပေါ်နိုင်သော်လည်း အားကောင်းလာနိုင်မည့် အခြေအနေ မရှိဘဲ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
▪️ အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် သင်္ချာပုံစံပြုမော်ဒယ်၏ ခန့်မှန်း ချက်အရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ အရှိန်ကြောင့် ဧပြီလ ၅ ရက်ခန့်တွင် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေထုမငြိမ်မသက်မှု ဖြစ်ပေါ်နိုင်သော်လည်း အားကောင်းလာနိုင်မည့် အခြေအနေမရှိဘဲ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ သီရိလင်္ကာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတောင် ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းဖော်ပြထားသည်။
▪️ အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် တွက်ချက်ခန့်မှန်းမှုများအရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် ဧပြီလ ၄ ရက် မှ ဧပြီလ ၈ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိကာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ရခိုင်ကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းဖော်ပြထားသည်။
▪️ သင်္ချာပုံစံပြုမော်ဒယ်များအနေဖြင့် ခန့်မှန်းသည့် ရက်ဝေးကွာပါက အသုံးပြုသည့် မော်ဒယ်အပေါ်မူတည်၍ ခန့်မှန်းချက်များ တစ်ခုနှင့်တစ်ခုမတူညီဘဲ မှန်ကန်နိုင်မှုမှာလည်း အလွန်နည်းတတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ ယင်းကြောင့် အများပြည်သူအနေဖြင့် ဆိုရှယ်မီဒီယာများနှင့်အွန်လိုင်းများတွင် လတ်တလောထုတ်ပြန်နေသော အခြေအမြစ်မရှိကောလာဟလသတင်းများကို မယုံကြည်ကြပါရန် နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း ပြောင်းလဲနေသော သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များနှင့်ခေတ်မီမိုးလေဝသ တိုင်းတာရေး ကိရိယာများမှ တိုင်းတာရရှိသည့် အချက်အလက်များ အပေါ်အခြေခံ၍ ခန့်မှန်းချက်များနှင့် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ မြဝတီရုပ်မြင်သံကြား၊
မြန်မာ့ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းမီဒီယာများမှ တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
▪️ ကမ္ဘာ့လေထု၏ဖြစ်စဉ်များကြောင့် မိုးလေဝသအခြေအနေများသည် အချိန်နှင့်အမျှပြောင်းလဲဖြစ် ပေါ်လျက် ရှိကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်များကို အချိန်နှင့်အမျှ စောင့် ကြည့် လေ့လာပြီး ခန့်မှန်းချက်၊ သတိပေးချက်နှင့် အခြေအနေသတင်းများကို ထုတ်ပြန်ပေးနေမည်ဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 03 April 2025
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဧပြီလ ၂ ရက် လွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လာ ရောက် တွေ့ ဆုံပြီး ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ H.E.Mr.Yohei SASAKAWA က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း ၁၄ မျိုးပါ ကျောပိုး အိတ် ၅၀ လုံး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဦးထုပ် ၆၀ လုံးနှင့် လက်အိတ် ၁ ဖာတို့ ကို ပေးအပ်လှူ ဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ငလျင်သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့မှုနှင့် ကူညီ ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများပေးပို့ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာမှ လာရောက်ကူညီကြသည့်ကူညီကယ်ဆယ် ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတ နာ့ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိမှုအ ခြေအနေ များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ တို့ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ နစကဥက္ကဌ က မြန်မာနိုင်ငံအမျိုး သား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေး အန္တရာယ်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီ ကယ် ဆယ်ရေးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
▪️ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းနှင့် ညီမျှသည့် စားနပ်ရိက္ခာများအပါအဝင် အခြားလိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား ငလျင်ဒဏ်ခံစားနေရသော ပြည်သူများထံသို့လှူဒါန်းသွားမည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။
#YMG/PP #Yangon_Times
၂ ဧပြီ ၂၀၂၅
ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က ၂၁ ရက်ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ဧပြီ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထား နားလည်သော အားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အချက် ၄ချက်ပါ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက်မှာ ဖော်ပြထား ပါတယ်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုကြဖို့လည်း တပ်မတော်က တိုက်တွန်းထား ပါတယ်။
အကယ်၍ ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြပါရှိပါတယ်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
Page 152 of 2081