#Local_News
Published 18 May 2026
■ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သုခတော်ဝင်အိမ်ရာအပိုင်း(၂) ရှိ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်တို့အား သတ်မှတ်ဈေးနှုန်းများအတိုင်း မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သုခတော်ဝင်အိမ်ရာစိစစ်နေရာချထားရေးဆပ်ကော်မတီမှသိရသည်။
■ အဆိုပါ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် “သုခတော်ဝင်အိမ်ရာအပိုင်း(၂)" တွင် (၄)ခန်းတွဲ (၄)ထပ်၊ တိုက်ခန်း(၁) ခန်းလျှင် အိပ်ခန်း(၃)ခန်းပါ (၁ဝ၉၂)စတုရန်းပေနှင့် တိုက်ခန်း(၁)ခန်းလျှင် အိပ်ခန်း(၂)ခန်းပါ (၇၃၂)စတုရန်းပေရှိ တိုက်ခန်းများတည်ဆောက်လျက်ရှိခြင်းဖြစ်သည်။
■ ယင်းတိုက်ခန်းဝယ်ယူလိုသူများသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်တွင် မိမိဝယ်ယူလိုသည့် တိုက်ခန်းအထပ် အလိုက် (3Bed) ငွေကျပ် (၂၃၀)သိန်းနှင့် (2Bed) ငွေကျပ် (၁၅၀)သိန်းအား အာမခံစပေါ်ငွေ အဖြစ်ပေးသွင်းထားသည့် PO Cheque (မူရင်း)ဖြင့် သုခတော်ဝင်အိမ်ရာစိစစ်နေရာချထားရေးဆပ်ကော်မတီမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပူးတွဲတင်ပြ၍ စီမံရေးရာဌာန၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ လာရောက်လျှောက်ထားနိုင်ကြောင်း ၊လျှောက်လွှာတင်သည့် အရေအတွက်ပေါ်မူတည်၍ တိုက်ခန်းများကို မဲနှိုက်နေရာချထားပေးမည် ဖြစ်ပြီး ဝယ်ယူခွင့်မဲပေါက်သူများအနေဖြင့် မဲနှိုက်ပြီး(၂)ပတ်အတွင်း တိုက်ခန်းတန်ဖိုး၏ ကနဦး(၄၀%)အား ပေးသွင်း၍ ကျန်ငွေ(၆၀%)အား ငွေပေးချေမှုစနစ်ဖြင့် လက်ငင်းအကျေစနစ်ဖြင့် ပေးသွင်းလိုသူများအား မဲနှိုက်ပြီး(၁)လအတွင်း ပေးသွင်းစေခြင်း၊ အရစ်ကျစနစ်ဖြင့်ပေးသွင်းလိုသူများအား (၆)လ(၆)ရစ်ဖြင့် (၁၀%)စီပေးသွင်းစေခြင်း၊ဘဏ်ချေးငွေစနစ်ဖြင့် ပေးသွင်းလိုသူများအား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် (၁)လအတွင်း ဆက်သွယ်၍ ချေးငွေသက်တမ်း(၃နှစ်)ဖြင့် ပေးသွင်းစေခြင်းတို့ဖြင့်ဝယ်ယူနိုင်ကြောင်း သိရသည်။
■ ယင်းတိုက်ခန်းများ၏ ဈေးနှုန်းများမှာ (၁၀၉၂) စတုရန်းပေ(3 Bed)ရှိသည့်
မြေညီထပ်တစ်ခန်းလျှင် ကျပ်သိန်း (၂၅ဝဝ) နှင့် (၇၃၂)စတုရန်းပေ(2 Bed)လျှင် ကျပ်သိန်း (၁၇၅ဝ)၊ (၁၀၉၂) စတုရန်းပေ(3 Bed) ရှသည့် ပထမထပ်ဈေးနှုန်းမှာ ကျပ်သိန်း (၂၄ဝဝ) နှင့် (၇၃၂)စတုရန်းပေ(2 Bed)လျှင် ကျပ်သိန်း (၁၆ဝဝ)၊ ဒုတိယထပ်ဈေးနှုန်းများမှာ (၁၀၉၂) စတုရန်းပေ(3 Bed)လျှင် ကျပ်သိန်း (၂၂ဝဝ) ၊ (၇၃၂)စတုရန်းပေ(2 Bed)လျှင် ကျပ်သိန်း (၁၄၀ဝ)၊ တတိယထပ်ဈေးနှုန်း များမှာ (၁၀၉၂) စတုရန်းပေ(3 Bed)လျှင် ကျပ်သိန်း (၁၈၅ဝ) ၊ (၇၃၂)စတုရန်းပေ(2 Bed)လျှင် ကျပ်သိန်း (၁၃ဝဝ)တို့ ဖြစ်ကြောင်း သိရသည်။
■ ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် လာမည့် ဇွန်လ ၁၈ ရက်နေ့ နောက်ဆုံးထား၍ (၁) လအတွင်း လျှောက်ထားနိုင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံသားမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times