#Local_News

Published 18 May 2026

■ Myanmar Airways International သည်  မေလ ၁၈ ရက်မှ ၂၂ ရက်အထိလေယာဉ်အချိန်ပြောင်းလဲမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

■ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကြောင့် MAI သည် ၂၀၂၆ မေလ ၁၈ ရက်မှ ၂၀ ရက်အထိနှင့် ၂၂ ရက်နေ့တွင် ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်အချို့၏ အချိန်ဇယားကို ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

■ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊ ဒွန်မောင်း-မန္တလေး-ဒွန်မောင်း၊ ရန်ကုန်-ချင်းမိုင်-ရန်ကုန်၊ ရန်ကုန်-ဟိုချီမင်း- ရန်ကုန်၊ ရန်ကုန်-Phnom Penh-ရန်ကုန်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဥ်များကို MAI ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာလိုအပ်ချက်အရ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

■ ထို့ကြောင့် ခရီးသည်များအနေဖြင့် ပြင်ဆင်ထားသော လေယာဉ်ခရီးစဉ်အချိန်ဇယားကို စစ်ဆေးပေးကြပါရန်နှင့် လေဆိပ်သွားလာရေး၊ ဆက်လက်ခရီးစဉ်များအတွက် လိုအပ်သောအစီအစဉ်များကို ကြိုတင်ပြုလုပ်ထားကြပါရန် မေတ္တာရပ်ခံထားသည်။

■ ထို့အပြင် အကူအညီလိုအပ်သူများအနေဖြင့် MAI ၏ ခရီးသည်ဝန်ဆောင်မှုစင်တာဖုန်း 9787 (သို့) +959 880 443 787 ၊ MAI လူမှုကွန်ယက်စာမျက်နှာများ၏ Messenger, Instagram, Viber, LINE, Telegram နှင့် ဝဘ်ဆိုက်များ၊ လက်မှတ်ဝယ်ယူခဲ့သည့် သက်ဆိုင်ရာခရီးသွားကိုယ်စားလှယ်ရုံးများသို့ ဆက်သွယ်နိုင်ကာ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲမှုကြောင့် လိုက်ပါစီးနင်းမည့်သူများ စိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို လှိုက်လှိုက်လှဲလှဲတောင်းပန်ကြောင်းလည်း  MAI ကအသိပေးထား‌ကြောင်း သိရသည်။

#YMG/NN #Yangon_Times