#Local_News
Published 18 May 2026
■ ကျောက်သဲကျင်းပြိုကျမှုကြောင့် အမျိုးသား၂ဦး ေ-သဆုံးမှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ ဖြစ်စဉ်မှာ ၁၇.၅.၂၀၂၆ ရက်နေ့ ၊ နံနက်၁၁ နာရီ၃၀မိနစ် အချိန်၊ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်းပြိုကျမှုဖြစ်ပွားပြီး ကျောက်သဲတူးနေသူ အမျိုးသား(၃)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး( ေ-သဆုံး)တို့အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပိုင်ယာဉ်ဖြင့် မြိုင်ကျေးရွာတိုက်နယ်ဆေးရုံနှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ယကြီးဘုန်းကြီးကျောင်းပိုင်ယာဉ်ဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times