#Local_News
Published 18 May 2026
■ ယနေ့ မေလ ၁၈ရက် နံနက်ပိုင်းကရန်ကုန်မြို့အနီးပမာဏ ၅.၂(M) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
■ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၃၅) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ကို တိုင်းထွာရရှိကြောင်း သိရသည်။
■ အဆိုပါ ငလျင်လှုပ်ခတ်မှုအား ရန်ကုန်မြို့နေပြည်သူများသိသိသာသာသိရှိခံစားခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times