#Local_News
Published 5 April 2025
▪️ ငလျင်ဒဏ်ခံ အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးအတွက်
မန္တလေးမြို့တော်စည်စည်ပင်သာယာရေးကော်မတီ MCDC မှအခမဲ့ဆောင်ရွက်ပေးနေ၍ ဆက်သွယ် နိုင်ကြောင်း MCDC မှသိရသည်။
▪️ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မန္တလေးမြို့အတွင်းငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုံးမှုများအား လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ပေးရယတွင် အခကြေးငွေ တောင်းခံခြင်းမရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍ ကွပ်ကဲရေးရူံး၊ ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်တာ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာက ဆေးပညာရှင်အဖွဲ့တွေအပြင် ပြည်တွင်းက ဆေးပညာရှင်အဖွဲ့တွေက ယာယီစင်တာနဲ့ ဆေးရုံတွေ တည်ဆောက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 05 Apirl 2025
#မန္တလေး #နိုင်ငံတကာမှယာယီဆေးရုံများဖွင့်လှစ်
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်မယ့် လေပွေလှိုင်းကြောင့် ရှမ်းပြည်အပါအဝင်ဒေသအချို့မှာ ဧပြီ ၅ ရက်နေ့ လယ်ကနေ ၂၄နာရီအတွင်း မိုးများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။
#Local_News
Published 05 Apirl 2025
#လေပွေလှိုင်း #ဒေသအချို့မိုးများနိုင်
#YMG/NN #Yangon_Times
ငလျင်ကြောင့် ပျောက်ဆုံးနေတဲ့ မိမိချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ရှာဖွေဖို့ အကူအညီလိုအပ်နေခဲ့ပါက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 05 Apirl 2025
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ရှာဖွေရန်အကူအညီလိုအပ်ပါက
#YMG/SW #Yangon_Times
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်တဲ့ ဧပြီလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဆန်ရည်ညွှန်းစျေးနှုန်းတွေကို ထုတ်ပြန်ရာမှာ ဆန်ကြမ်းအုပ်စုအားလုံးဈေးကျဆင်းခဲ့တာကို သိရှိရပါတယ်။
#Local_News
Published 05 Apirl 2025
#ဆန်ရည်ညွှန်းဈေး #ဆန်ကြမ်းအုပ်စုဈေးကျဆင်း
#YMG/SW #Yangon_Times
၅ ဧပြီ ၂၀၂၅
ဘင်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်၌ သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် Dr. Harini Amarasuriya၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် Mr. Tshering Tobgayတို့ကို သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်နှင့် ဘူတန်ဝန်ကြီးချုပ်များကို မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ရှားခဲ့မှုများအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီလျက်ရှိ သည်များကို ပြောပြခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီခဲ့ ကြသည့် သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ကို ကျေးဇူးအထူးတင်ရှိတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် သီရိလင်္ကာနှင့် ဘူတန် ဝန်ကြီးချုပ်များသည် မြန်မာနှင့် သီရိလင်္ကာ၊ မြန်မာနှင့် ဘူတန်နိုင်ငံများအကြား စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ကျန်းမာရေးကဏ္ဍ များတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့ ကြ ပါတယ်။
အဆိုပါတွေ့ဆုံပွဲများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ် တွင်လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး သီရိလင်္ကာနှင့် ဘူတန်နိုင်ငံ ဝန်ကြီး ချုပ်များနှင့်အတူ သက်ဆိုင်ရာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
#ymg/knl
#Local_News
Published 5 April 2025
▪️ မတ်လ၂၈ရက်တွင်ဖြစ်ပွါးခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။
▪️ ထို့သို့ ပြန်လည်ပျံသန်းပြေးဆွဲရာတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၄ ရက် မနက် ၆ နာရီမှ စတင်၍လည်းကောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၅ ရက် မနက် ၆ နာရီမှ စတင်၍ လည်းကောင်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို စတင်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ဘေးဒဏ်ကြောင့် လေဆိပ်များ၌ လေယာဉ်ဆင်းသက်ပျံသန်းမှုများအား ယာယီ ရပ်နားထားခဲ့ရာ လေကြောင်းလိုင်းများကလည်း လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းကာ ခရီးစဉ်များရပ်နားထားခဲ့ခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
Page 148 of 2081