ပြင်းအားမြင့် ငလျင်ဒဏ်ခံခဲ့ရတဲ့ အင်းလေးကန်ဒေသရှိ ပြည်သူတွေကို ပံ့ပိုးဖို့ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အစီအစဥ်သစ်တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မိတ်ဆက်ခဲ့ပါတယ်။
#Local_News
Published 21 August 2025
#အင်းလေး #ငလျင်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်လေးလတာအတွင်း အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်တန်ဖိုးရှိတဲ့ ရေထွက်ကုန် ငါးတန်ချိန် ရှစ်သောင်းကျော်တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ကသိရပါတယ်။
#Local_News
Published 21 August 2025
#ရေထွက်ကုန်ငါးတန်ချိန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
ဆန်အိပ်စပို့ ကုမ္ပဏီတွေအနေနဲ့ တောင်သူလယ်သမားတွေနဲ့ ပူးပေါင်းပြီး ကန်ထရိုက်လယ်ယာကို Export Zone အဖြစ်သတ်မှတ်ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 21 August 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဆန်အိပ်စပို့ကုမ္ပဏီ
#YMG/NN #Yangon_Times
ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာများတွေမှာ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေးသင့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးအတွက် ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ယမန်နေ့က ပြုလုပ်ခဲ့ပြီးအိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေ ကျပ် လေးသိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှသိရပါတယ်။
#Local_News
Published 21 August 2025
#ငလျင် #နေပြည်တော်တပ်ကုန်းမြို့နယ်
#YMG/SW #Yangon_Times
#Local_News
Published 21 August 2025
▪️ ယာယီရပ်နားထားခဲ့ရသည့်နောင်ချိုမြို့မှ DVB T2 စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်ပေးသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အစီအစဉ်များကိုဩဂုတ် ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ထုတ်လွှင့်နိုင်ပြီဖြစ်ကြောင်းသိရသည်။
▪️ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နောင်ချိုထပ်ဆင့်လွှင့် စက်ရုံမှ DVB T2 စနစ်ဖြင့် ပြန်လည်ထုတ်လွှင့်နိုင်ရန်အတွက် နေပြည်တော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စက်မှုဌာနခွဲမှ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့သည် ဩဂုတ် (၁၇)ရက် ညနေပိုင်းမှစ၍ ထိခိုက်ပျက်စီးခဲ့သည့် ထုတ်လွှင့်ရေးတာဝါတိုင်၊ ထုတ်လွှင့်ရေးအင်တီနာနှင့် High Frequency Feeder Cable တို့အား နေ့ညကြိုးပမ်းပြုပြင်ခြင်း၊ ပျောက်ဆုံးခဲ့သည့် လွှင့်စက်နှင့် ဆက်စပ်ပစ္စည်းများအား အစားထိုးတပ်ဆင်ခြင်းများဖြင့် ဦးစားပေးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ထို့အပြင် မြန်မာ့အသံရေဒီယိုနှင့် FM အစီအစဉ်များ ပြန်လည်ထုတ်လွှင့်နိုင်ရေးအတွက်လည်း ဆက်လက်ပြုပြင်လျက်ရှိပြီး စက်ရုံအဆောက်အအုံနှင့် အုတ်တံတိုင်းပျက်စီးမှုများကိုလည်း ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အစီအစဉ်များကို DTH စနစ်ဖြင့်လည်း နိုင်ငံတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် နောင်ချိုမြို့မှ DVB T2 စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်ပေးသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အစီအစဉ်များမှာ ၂၀၂၄ ခုနှစ် ဇွန် (၃၀) ရက်နေ့မှ စတင်ပြီး ယာယီရပ်နားထားခဲ့ရခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
#Local_News
Published 21 August 2025
ယမန်နေ့ည ၁၀နာရီအချိန်ခန့်က သာကေတ၊ ရှုခင်းသာလမ်းမပေါ်တွင်ကွန်တိန်နာကားနှင့် အိမ်စီးကားမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ(၂၀)ရက် ည ၉နာရီ ၄၅မိနစ် အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ Emerald Bays ရှေ့တွင် တစ်ဘက်ယာဥ်ကြောမှ လမ်းအလယ်တုန်းအား ကျော်ထွက်လာသော ကွန်တိန်နာ ကားကြီး နှင့် မျက်နှာချင်းဆိုင်မှလာသော Toyota Caldina အမျိုးအစား ယာဥ်ငယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်သို့ YANGON RESCUE ORGANIZATION ရန်ကုန်တိုင်း ပြန်ကြားရေး -၂ နှင့် ရန်ကုန်တိုင်း တွဲဘက်ပြန်ကြားရေး
(သင်္ဃန်းကျွန်းခရိုင်)တို့ ကူညီရန် ရောက်ရှိခဲ့ကြပြီးမိတ်ဖက်အသင်းများလည်း ကူညီရန်ရောက်ရှိကြကြောင်း၊ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ Caldina ယာဥ်မောင်းအား မြေပြင်ပြုစုမှုပြုပေးပြီး "အောင်ရဲသူ" ကူညီကယ်ဆယ်ရေးအသင်း၏ လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 August 2025
▪️ လာမည့်ရွေးကောက်ပွဲ၌ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးထားကြောင်းသိရသည်။
▪️ အဆိုပါ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအစီအစဉ်ကို ယမာန်နေ့မနက် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၊ အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ (Braille) ကို အခြေခံသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်ပြုလုပ်ပေးမှုသည် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားပေးရာရောက်ပါကြောင်း၊ မျက်မမြင်လက်စမ်းစာ (Braille) မတတ်ကျွမ်းသည့် အမြင်အာရုံမသန်စွမ်းသူများအပါအဝင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင်ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူအားလုံး တက်တက်ကြွကြွပါဝင်ဆန္ဒမဲပေးရန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အပါအဝင် ယနေ့တက်ရောက်လာသော မသန်စွမ်းကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားသည်။
▪️ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူတစ်ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ မသန်စွမ်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 149 of 2240