မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့အပြားမှာ အချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 07 Apirl 2025
#အချိန်အခါမဟုတ်မိုးရွာ #နိုင်ငံအနှံ့အပြား
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးအတွက် နိုင်ငံပေါင်း၂၀မှ ဝန်ထမ်းနှစ်ထောင်ခန့်က ကူညီကယ်ဆယ်ရေးတွေ လာရောက်ဆောင်ရွက်ပေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Local_News
Published 07 Apirl 2025
#ဝန်ထမ်းနှစ်ထောင်ခန့်လာရောက်ကူညီ #ကူညီကယ်ဆယ်ရေး
#YMG/SW #Yangon_Times
စင်ကာပူနိုင်ငံမှ ရောက်ရှိလာတဲ့မြေငလျင် ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွါခင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းအချို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှာ အသုံးပြုနိုင်ဖို့အတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 07 Apirl 2025
#စင်ကာပူအဖွဲ့ #မီးသတ်တပ်ဖွဲ့သို့လှူဒါန်း
#YMG/SW #Yangon_Times
#Local_News
Published 7 April 2025
▪️ မြန်မာ့ငလျင်ဘေးအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၉. ၇၅သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဧပြီလ ၇ရက်) ထုတ်ပြန်လိုက်သည်။
▪️ လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကို တုံ့ပြန်သည့် အနေဖြင့် ကနေဒါနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉. ၇၅သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ထောက်ပံ့ငွေများကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နှင့် အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးထိခိုက်မှုများလည်းဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံပေါင်း ၂၀မှ ကူညီကယ်ဆယ်ရေးများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 7 April 2025
▪️ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှ ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်းရှစ်ခုကို ယနေ့ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦ ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ Blue Sky Rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဧပြီ လ၇ရက်နေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မ(၆)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေ့လယ်၁၂နာရီ ၂၈ မိနစ်အချိန်တွင် မ -ကလေး(၁)ဦး၊ ၁၂နာရီ ၃၆ မိနစ်အချိန်တွင် မ (၁)ဦးတို့၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 April 2025
▪️ ဝမ်းတွင်းမြို့နယ်ရှိ ရွှေမုဌောဘုရားစေတီတော်နှင့် ရင်ပြင်ပေါ်ရှိအုတ်ကျိုးအပျက်အစီးများအားရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြေငလျင်ဘေးသင့်ခဲ့သော ရွှေမုဌောဘုရားစေတီတော်နှင့် ရင်ပြင်ပေါ်ရှိအုတ်ကျိုးအပျက်အစီးများအား ယနေ့ဧပြီ ၇ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၇ ဧပြီ ၂၀၂၅
ဆယ်စုနှစ်၃ခုကျော်ကြာပြီဖြစ်သည့် အထူးအစီရင်ခံစာ တင်သွင်းသူကဲ့သို့သော လက်တွေ့တန်ဖိုး ကင်းမဲ့ပြီး ထိရောက်မှုမရှိသည့် လုပ်ပိုင်ခွင့်များကို အဆုံးသတ် ရန် ကုလသမဂ္ဂအား တိုက်တွန်း လိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများအပေါ် ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး မြန်မာ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်နေ့တွင် ယင်းကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသူတို့၏ အပြန်အလှန်ဆွေးနွေးမှုတွေဟာ အနှစ်သာရကင်းနေကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ယခုလို သဘာဝငလျင်ဘေးနှင့်ကြုံတွေ့နေရချိန်တွင် အချို့နိုင်ငံတွေရဲ့ အပ်ကြောင်းထပ်နေတဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဆက်လက်ရင်ဆိုင်နေရသည်မှာ လွန်စွာဝမ်းနည်းဖွယ် ကောင်းတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုအချိန်တွင် မြန်မာပြည်သူများ အမှန်တကယ် လိုအပ် သည်မှာ ကူညီဖေးမမှု၊ အကူအညီ၊ အပြုသဘောဆောင်သည့် ထိထွေ့ဆောင်ရွက်မှုနှင့် တစ်သားတည်း ဖြစ်မှုတို့သာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်လိုက်ပြီး ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ နိုင်ငံရေးသွတ်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို အလိုမရှိဘူးလို့လည်း တုန့်ပြန်လိုက်ပါတယ်။
ယခုအချိန်တွင် မြန်မာပြည်သူများနှင့် အတူတစ်သားတည်းရှိကြောင်း ပြသ၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည့် ကုလသမဂ္ဂအေဂျင်စီများ အပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်းများ အားလုံးကိုကျေးဇူးတင်ပြီး ယင်းကဲ့သို့ အားပေးသည့် အပြုအမူများမှာ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပြသရာရောက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ယခုကဲ့သို့ သဘာဝဘေးကြောင့်အခက်အခဲများ ကြုံတွေ့နေရသည့်ကာလတွင် မျှတ၍ လက်တွေ့ ဆန်သောချဉ်းကပ်မှုဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရန်နှင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိရန်လည်း ကုလသမဂ္ဂ ကို နိုင်ငံခြားရေးဝန်ကြီး ဌာနက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ရဲ့ တောက်လျောက်တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေဟာ မျှတမှုမရှိသည့် အခြေအမြစ်ကင်းသော တစ်ဖက် သတ်ရေးသားချက်တွေသာဖြစ်ပြီး ပညာရှင်မဆန်ဘူး လို့ ဆက်တိုက် ဝေဖန်ခံနေရတာဖြစ်ပါတယ်။
#ymg/knl
Page 146 of 2081