ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားတွေ့ကို လိုက်နာကြဖို့ WFP က ထပ်လောင်းတောင်းဆို
#Local_News
Published 19 December 2024
#လူသားချင်းစာနာမှု #WFP
#YMG/SW #Yangon_Times
ပြည်တွင်းရေကြောင်းသွားလာရေးနဲ့လေကြောင်း ပျံသန်းရေးခရီးစဉ်တွေမှာ ကြိုတင်သတိပြုနိုင်ဖို့ အတွက် အထူးမိုးလေဝသသတင်းတစ်ရပ်ထုတ်ပြန်
#Local_News
Published 19 December 2024
#ရေကြောင်းနှင့်လေကြောင်းခရီးစဉ် #မိုးလေဝသသတင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ၈လတာအတွင်း ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 19 December 2024
#ပို့ကုန်တင်ပို့မှု #ကန်ဒေါ်လာ၁၀ဘီလီယံနီးပါးရရှိ
#YMG/NN #Yangon_Times
အခုလပိုင်းအတွင်းငြိမ်သက်နေတဲ့ ရွှေဈေးကွက်ဟာ လာမယ့်နှစ်ဆန်းပိုင်းမှာ အရောင်းရော အဝယ်ပါအနည်းငယ်လှုပ်ခတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သိရပါတယ်။
#Local_News
Published 19 December 2024
#ရွှေဈေးကွက် #အနည်းငယ်လှုပ်ခတ်
#YMG/NN #Yangon_Times
#Local_News
Published 19 December 2024
▪️ ရန်ကုန်တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် Diploma in Political Science (DPS) သင်တန်းကို လာမည့် လအတွင်း
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကို ဇန်ဝါရီလ (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇)နာရီမှ (၉) နာရီ ) တစ်ပတ်လျှင် (၅) ရက်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ ကိုးလ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
▪️ လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ (၁၈)ရက်မှ (၂၇) ရက်အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သင်တန်း လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 December 2024
▪️ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆×၃၇ လမ်းကြားတွင် ဖွင့်လှစ်ထားသော ရွှေစင်အကယ်ဒမီရွှေဆိုင် တွင် ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၁၈ မိနစ်အချိန်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ရွှေ ၄ ပိဿာကျော် လုယက်ခံခဲ့ရကြောင်း သိရသည်။
▪️ ရဲတပ်ဖွဲ့မှတ်တမ်းများနှင့် CCTV မှတ်တမ်းများအရ ဖြစ်စဉ်မှာ ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင်များအပါအဝင်လေးဦးမှာ ညနေပိုင်း ရွှေဆိုင်ပိတ်ပြီး ဆိုင်အတွင်း၌ရှိနေစဉ် ကလစ်အနက်ရောင်ဆိုင်ကယ်(နံပါတ်မပါ)(၁)စီး အမည်မသိအမျိုးသား(၃)ဦး ဝင်ရောက်လာပြီး တစ်ဦးမှာဆိုင်အတွင်း အဝင်ပေါက်တွင်ရပ်စောင့်၍ နှစ်ဦးမှာ ပစ္စတိုသေနတ်(၂)လက်ဖြင့် ဆိုင်အတွင်းဝင်ရောက်လာ ကြောင်း သိရသည်။
▪️ ထို့နောက် သေနတ်ပြခြိမ်းခြောက်၍ ဆိုင်အတွင်းကောင်တာဘေး စားပွဲပေါ်တွင် တင်ထားသော ရွှေထည်အတုံး/ ဆွဲကြိုး/ လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး(၃)ပုံး ခန့်မှန်း ရွှေ (၄)ပိသာကျော်ခန့် စုစုပေါင်းတန်ဖိုး သိန်း(၃၀၀၀ဝိ)ကျော်အား ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဥ်ကို ရဲတပ်ဖွဲ့ဝင်များမှလုပ်ထုံးလုပ်နည်းများနှင့်အညီ လုယက်မှုတရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 December 2024
▪️ ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပညာသင်ဆုကိုThe Kubota Fundမှ ပေးအပ်မည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား စတင်လျှောက်ထားပြီးဖြစ်ကြောင်း Managing Committee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာသည်ဟု သိရသည်။
▪️ ထိုအကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အသီးသီး အလုပ်လုပ်ကိုင်/ ပညာသင်ကြားနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊ အလုပ်သင် သင်တန်းသားများနှင့် ကျောင်းသားများအား The Kubota Fund ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားကြောင်း၊ လျှောက်ထားသူသည်သတ်မှတ်အရည်အချင်းများနှင့် ပြည့်မှီရမည်ဖြစ်ကြောင်း သိရသည်။
▪️ The Kubota Fund ချီးမြှင့်ရန်အတွက် (၁၂)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း ၈၀,၀၀၀/- မှ ယန်း ၁၀၀,၀၀၀/- အထိ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ၁၇-၁-၂၀၂၅ ရက်နေ့ နောက်ဆုံး ထားလျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို The Kubota Fund website သို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 147 of 1953