#Local_News
Published 21 August 2025
▪️ လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင်
မြို့နယ် (၁၀၂) မြို့နယ်ပါဝင်မည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုတိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ် ( ၁၀၂ ) မြို့နယ်၏ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က သြဂုတ်လ (၂၀) ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
▪️ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပါဝင်သော မြို့နယ်အမည်စာရင်းများကို UEC၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ကြည့်ရှုနိုင်ပြီးထို ထုတ်ပြန်ချက်အရ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၂ မြို့နယ်စီ၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်စီ၊ တနင်္သာရီတိုင်းတွင် ၄ မြို့နယ်၊ မွန်ပြည်နယ်တွင် ၅ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၆ မြို့နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်တို့တွင် ၈ မြို့နယ်စီ၊ မကွေးတိုင်းတွင် ၉ မြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့်
ရှမ်းပြည်နယ်တို့တွင် ၁၂ မြို့နယ်စီ ပါဝင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 August 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် သန်း ၂၀ အောက်လုပ်ငန်းများနှင့် သန်း ၂၀ အထက် တင်ဒါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်းသိရသည်။
▪️ အဆိုပါ တိုင်းရင်းသားကျေးရွာသို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့ ကြောင်းသိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးတည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား MSME လုပ်ငန်းများကို ဌာနအနေဖြင့် လက်လှမ်းမီသမျှ ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်းလျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် သန်း ၂၀ အောက်လုပ်ငန်းများနှင့် သန်း ၂၀ အထက် တင်ဒါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ဝင်ငွေရရှိမှုနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
▪️ ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ရိုးရာအိမ်များ၊ နန်းမြင့်မျှော်စင်၊ ဆလုံပြခန်းနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အသုံးပြုနိုင်ရန် Solar Panel ၅၈ လုံး ပေးအပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြကြောင်းသိရသည်။
▪️ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 August 2025
▪️ ၂၄နာရီအတွင်း ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့သည့်ရန်ကုန်တွင်အထပ်မြင့်နေပြည်သူအများ စိုးရိမ်မှုမြင့်တက်လာနေသည်။
▪️ ရန်ကုန်မြို့အနီး ယမန်နေ့ညပိုင်းမှ စတင်ကာ ယနေ့ နံနက်ပိုင်းအထိ ငလျင်လေးကြိမ်လှုပ်ခတ်ခဲ့ရာ ယမန်နေ့ည ၇နာရီ၁၆မိနစ်က ကမ္ဘာအေးမြေငလျင်စခန်းမှအနောက်တောင်ဘက် ၅၆ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ည ၁၀နာရီ ၃၄မိနစ် နှင့် ၁၀နာရီ၄၈မိနစ်တို့တွင်လည်း အင်အားရစ်(ခ်)တာစကေး၄.၂အဆင့်ရှိငလျင်များ ရန်ကုန်မြို့အနီး ၅၁မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ " မနေ့က စလှုပ်တာ၄.၈ ကနေ ခုမနက်လှုပ်သွားတာ ၅.၁ဆိုတော့ ငလျင်ကြီးလာမှာလည်းစိုးရိမ်သလို ပင်လယ်ပြင်ဗဟိုပြုတာဆိုတော့ ဆူနာမီလည်းစိုးရိမ်တယ်" ဟု ပုစွန်တောင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
▪️ အဆိုပါမြေငလျင်များ လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယမန်နေ့ည ၇နာရီခန့်နှင့် ယနေ့နံနက် ၉နာရီခန့်တွင် လှုပ်ခတ်သည့်ငလျင်နှစ်ခုကိုသာ သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
▪️ ထိုသို့ထုတ်ပြန်ရာတွင်၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၈)မိနစ်၊ (၀၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်ဟု ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 20 August 2025
၁။ ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့တင်ပို့နိုင်ရေးတံဆိပ်ရရှိရန်ဆောင်ရွက်နေ
၂။ ရနောင်းဆိပ်ကမ်းမှတင်သွင်းရန် သွင်းကုန်လိုင်စင်ဦးစားပေးခွင့်ပြုပေးနေ
၃။ အာဆီယံရုပ်ရှင်ပွဲတော်တွင် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားပြသ
၄။ အိန္ဒိယသို့လာရောက်မည့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ပယ်ပျက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အများပြည်သူသုံးစွဲဖို့ မသင့်တော်တဲ့ တိုင်းရင်းဆေး(၂၆) မျိုးကိုကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#Local_News
Published 20 August 2025
#တိုင်းရင်းဆေး(၂၆)မျိုး #အများပြည်သူသုံးစွဲရန်မသင့်
#YMG/SW #Yangon_Times
ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်မှာ“ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားပါဝင်ပြသခဲ့တယ်လို သိရပါတယ်။
#Local_News
Published 20 August 2025
#ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်း #ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်
#YMG/SW #Yangon_Times
ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းကတစ်ဆင့် သွင်းကုန် တွေကို တင်သွင်းဖို့ သွင်းကုန်လိုင်စင်တွေ ဦးစားပေးခွင့်ပြုပေးနေတယ်လို့
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံက သိရပါတယ် ။
#Local_News
Published 20 August 2025
#ရနောင်း-ကော့သောင်း-ရန်ကုန် #သွင်းကုန်လိုင်စင်
#YMG/NN #Yangon_Times
Page 150 of 2240