#Daily_News
Published 24 June 2025
၁။ စစ်ကိုင်းခရီးသွားဇုန်မှ ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဟိုတယ်၁၀လုံးကိုပြင်ဆင်၊ ဖွင့်လှစ်ခွင့်ရရန်တင်ပြထား
၂။ စက်သုံးဆီလုပ်ငန်းရှင်များကို ဇွန်လအတွင်း ဒေါ်လာ ၁၂၅ သန်း ဗဟိုဘဏ်ထုတ်ရောင်းမည်
၃။ ငလျင်ဘေးသင့်လူဦးရေ တစ်သိန်းခွဲကို ပြန်လည်ထူထောင်ရေး အကူအညီများပေးအပ်မည်
၄။ လူသားတို့၏ဘုံတူညီတန်ဖိုးများနှင့် ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကြီးဖြစ်စေရန် တရုတ်ဒုဝန်ကြီးချုပ်တောင်းဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၂၁ ကြိမ်မြောက် Malaysia International Halal Showcase 2025 ပြပွဲမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများဦးဆောင်တဲ့ ကုမ္ပဏီတွေကို ဦးစားပေးတက်ရောက်ခွင့်ပြုသွားမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 24 June 2025
#International_Halal_Showcase #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/SW #Yangon_Times
ငလျင်ဘေးသင့်လူဦးရေ တစ်သိန်းခွဲကို ဦးစားပေးရွေးချယ်ကာ ပြန်လည် ထူထောင်ရေး အကူအညီတွေဆက်လက်ပေးအပ်သွားမယ်လို့ United Nations Myanmar က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 June 2025
#United Nations Myanmar #အကူအညီများပေးအပ်
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်တွေကို ဇွန်လအတွင်း ဒေါ်လာ ၁၂၅ သန်းကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ရောင်းမယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
#Local_News
Published 24 June 2025
#စက်သုံးဆီလုပ်ငန်းရှင်များ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရတဲ့ စစ်ကိုင်းခရီးသွားဇုန်အတွင်းက ဟိုတယ်၁၀လုံးကိုပြင်ဆင်ခွင့်နဲ့ ဖွင့်လှစ်ခွင့်ရရှိဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 24 June 2025
#စစ်ကိုင်းခရီးသွားဇုန် #ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 24 June 2025
▪️ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင် ကျပ်သိန်းပေါင်း၄၂၀၀၀ ရင်းနှီးမတည်ကာမျိုးအာလူးအအေးခန်း သိုလှောင်ရုံစီမံကိန်းကို အောင်ပန်းအာလူးအစုအဖွဲ့မှဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ အောင်ပန်းအာလူးအစုအဖွဲ့၏ မျိုးအာလူးသိုလှောင်ရုံအအေးခန်းစီမံကိန်းအတွက် အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်းသုံးဆယ် (ကျပ် ၃၀၀၀၀၀၀)၊ အစုရှယ်ယာ (၁၄၀၀)စုမှ ရရှိသည့် ငွေကျပ်သိန်းပေါင်း လေးသောင်းနှစ်ထောင်ဖြင့် စတင်ရင်းနှီးမြှုပ်နှံရန် အစုရှယ်ယာဝင်များက သဘောတူဆုံးဖြတ်ပြီး အအေးခန်းဆောက်လုပ်မည့်မြေနေရာကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း - ပင်းတယ ကားလမ်းမကြီးဘေးရှိ ယာမြေ (၃.၀၁) ဧကကို ဝယ်ယူ၍ အာလူးတန်ချိန် (၃၀၀၀) သိုလှောင်နိုင်မည့် အအေးခန်းသိုလှောင်ရုံတည်ဆောက်နိုင်ရန် အောင်ပန်းအာလူးအစုအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အောင်ပန်းအာလူးအစုအဖွဲ့ မှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်း တင်ပြခဲ့ေကြာင်း၊ရှေးဦးစွာ အောင်ပန်းအာလူးအစုအဖွဲ့မှ အာလူးသိုလှောင်အအေးခန်းစက်ရုံ တည်ဆောက်မည့် စီမံကိန်းနှင့်စပ်လျဥ်း၍ နောင်တရားအာလူးအစုအဖွဲ့မှ ဦးခွန်ဆန်းဦးက မြန်မာနိုင်ငံရှိ စားသုံးပြည်သူများ အာဟာရရှိပြီး အရည်အသွေးပြည့် အာလူးစားနပ်ရိက္ခာဖူလုံနိုင်စေရန်နှင့် ဝယ်လိုအား၊ ရောင်းလိုအား ထိန်းညှိနိုင်စေရန်အတွက်လည်းကောင်း၊ စိုက်ပျိုးတောင်သူများ အာလူးစိုက်ပျိုးမှုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် မျိုးအာလူးသိုလှောင်နိုင်ရေးနှင့် စျေးကွက်မျှဝေရန်အတွက်လည်းကောင်း၊ စားသုံးသူ၊ တောင်သူ၊ ကုန်သည်၊ ဖိုခနောက်ဆိုင် စီးပွားအကျိုးဖြစ်ထွန်းစေရန်အတွက် အာလူးတာရှည်သိမ်းဆည်းနိုင်ရန် ခေတ်မီသိုလှောင်ရုံ (Cold Storage)အာလူးအအေးခန်းစက်ရုံများ တည်ဆောက်ရန် လိုအပ်ချက်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 June 2025
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှတိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအေနဖြင့် တိုက်ခန်းနေရာ အတွက် ကိုယ်တိုင် မဲနှိုက်ရမည်ဖြစ်ပြီးယခုလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
▪️ မဲနှိုက်ခွင့်ရရှိသူများကိုလည်း ယနေ့ (ဇွန်လ ၂၄ ရက် )မှစတင်ပြီး တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ကြောင်း၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသော တိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ပြီးဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများအား ရောင်းချပေးရန်အတွက် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းပေးခဲ့ခြင်းဖြစ်ကာလျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်မှ ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
▪️ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမ၌ ဇွန်လ ၂၆ နံနက် ၉ နာရီခွဲတွင် အငြိမ်းစားဝန်ထမ်းများ၊ နေ့လယ် ၁ နာရီတွင် ပြည်သူများနှင့် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 141 of 2165