နယူးဒေလီ-ဧပြီ၆၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ အိန္ဒိယအစိုးရကိုယ်စား အိန္ဒိယ နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ကီရတီ ဝါဒန်ဆင်း(the Minister of State for External Affairs and Environment, Forest & Climate Change Shri Kirti Vardhan Singh) ဟာ နေပြည်တော်မှာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ကျင်းပမယ့် နိုင်ငံတော် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ ၂၀၂၆ ခုနှစ် ဧပြီလ ၈ ရက်နေ့ ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ ဧပြီ၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီခရီးစဉ်အတွင်းမှာ၊ မစ္စတာ ဆင်းဟာ နေပြည်တော်က မြန်မာအစိုးရ အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံဖို့၊ အခုလက်ရှိ လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံအကျိုးတူ အခမ်းအနားတွေကို တက်ရောက်ဖို့နဲ့ ရန်ကုန်မြို့က အိန္ဒိယနွယ်ဖွားတွေ၊ အိန္ဒိယမိတ်ဆွေများအဖွဲ့ (Friends of India) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေး ဖို့လည်း မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။
ဧပြီ၁၀ရက်နေ့မှာ နေပြည်တော်တွင်ကျင်းပမယ့် နိုင်ငံတော်သမ္မတသစ် ဦးမင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ဖို့ နိုင်ငံတကာ အစိုးရတွေကို ဖိတ်ကြားထားတယ်လို့သတင်းရရှိပါတယ်။
ရန်ကုန်၊ ဧပြီ၆၊၂၀၂၆
ပြည်တွင်းစက်သုံးဆီဖြန့်ဖြူးရောင်းချမှုကို ဒီဂျစ်တယ်နည်းပညာအခြေပြုစနစ်များဖြင့် ကြပ်မတ်ထိန်း ကျောင်းခဲ့ရာ နေ့စဉ်သုံးစွဲမှု ၂၉ ရာခိုင်နှုန်းအထိ သိသာစွာလျော့ကျသွားပြီး တစ်ရက်လျှင် နိုင်ငံခြားငွေ ဒေါ်လာ ၆ သန်းခန့် သက်သာစေမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ ထို့အပြင် ပြည်တွင်း၌ စက်သုံးဆီဖူလုံမှု ရက် ၄၀ မှ ၅၀ အထိရှိနေပြီး ယခုလ (ဧပြီလ) အတွင်း ဆီသင်္ဘော ၂၆ စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ယနေ့အထိ စာရင်းများအရ နေ့စဉ် ပျှမ်းမျှ စက်သုံးဆီ သုံးစွဲမှုသည် ၃.၅၄ သန်း ဂါလန်မှ ၂.၅ သန်း ဂါလန်သို့ ကျဆင်းလာခဲ့သည်။ ယင်းကဲ့သို့ နေ့စဉ်သုံးစွဲမှု ၂၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှုကြောင့် တစ်ရက်လျှင် နိုင်ငံခြားငွေ ဒေါ်လာ ၆ သန်းခန့် သက်သာစေမည့် အပြင် အရံဆီကိုလည်း နောက်ထပ် ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်သည်ဟုသိရသည်။
ပုံမှန်အားဖြင့် နိုင်ငံတော်အနေဖြင့် နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့် တင်သွင်းရန်အတွက် အမေရိ ကန်ဒေါ်လာ ၅ ဘီလီယံကျော် သုံးစွဲနေရခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ စနစ်တကျ ပြောင်းလဲသုံး စွဲလာနိုင်သည့်အတွက် နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံခန့် လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းအရန်ဆီ လက်ကျန်အနေဖြင့် ဓာတ်ဆီ ရက် ၄၀ စာနှင့် ဒီဇယ် ရက် ၅၀ စာ ရှိနေပြီး ဧပြီလအတွင်း ဆီသင်္ဘော ၂၆ စီး ထပ်မံရောက်ရှိရန် စီမံထားရှိပြီးဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက် ပစ္စည်းများက ၂၉ ရာခိုင်နှုန်း ပါဝင်နေပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုလျက်ရှိသည်။ သို့သော် ယင်းကဏ္ဍတွင် သုံးစွဲနေသည့် စက်သုံးဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူ တင်သွင်းနေရခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေသော စက်သုံးဆီအခက်အခဲများ ရိုက်ခတ်လာချိန်တွင် သွင်းကုန်ကိုသာ ၉၇ ရာခိုင်နှုန်းအထိ အဓိကအားထားနေရသည့် မြန်မာနိုင်ငံအတွက် လွန်စွာခက်ခဲသောအခြေအနေသို့ ရောက်ရှိစေခဲ့သည်။ ယင်းအခက်အခဲကို ကျော်လွှားနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက စီမံခန့်ခွဲမှု နည်းလမ်း များ၊ QR Code ကဲ့သို့သော ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချသည့်စနစ်များဖြင့် ပြောင်းလဲဖြေရှင်း ခဲ့ရခြင်းဖြစ်သည်။ ရေရှည်စက်သုံးဆီဖူလုံရေးအတွက်လည်း မိတ်ဆွေနိုင်ငံများနှင့် ချိတ်ဆက်ကာ ဆီတင် သွင်းနိုင်ရန် အစီအမံများ ပြုလုပ်ထားကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခြေ အမြစ်မရှိသော သတင်းများရေးသားနေသည့် မီဒီယာများကို ဆက်သွယ်သတိပေးမှုများ ပြုလုပ်လျက်ရှိ ကြောင်းလည်း ဝန်ကြီးဌာနကဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဝန်ကြီးဌာန၏ တရားဝင်သတင်းများကိုသာ ယုံကြည်ရန်နှင့် သတ်မှတ် ထားသော စည်းကမ်းများအတိုင်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။ စက်သုံးဆီအရောင်းဆိုင် များအနေဖြင့်လည်း QR Code စနစ်ဖြင့် ရောင်းချရာတွင် လိုအပ်ပါက အရေးပေါ် ဆီဖြည့်တင်းခွင့်များ ရရှိ ထားသည့်အတွက် ကြောင့်ကြကင်းစွာ ရောင်းချပေးရန်နှင့် အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/knl

ဖရဲသီးရာသီချိန်ဖြစ်တဲ့အပြင် ဈေးကွက်အတွင်းဝယ်လိုအားများလာတဲ့အတွက် ဖရဲသီးဈေးနှုန်းအနည်းငယ်မြင့်တက်လာတယ်လို့ ဖရဲစိုက်တောင်သူတွေထံမှသိရပါတယ်။
#Local_News
Published 04 April 2026
#ဖရဲသီး #ဖရဲစိုက်တောင်သူ
#YMG/SW #Yangon_Times
ရပ်ဆိုင်းနေတဲ့ တွင်းဟောင်းတွေက သဲကြောတွေကို သုတေသနလုပ်ပြီး တိုးချဲ့သေနတ်ဖောက်တဲ့ နည်းပညာနဲ့လုပ်ဆောင်ခဲ့တာကြောင့် တွင်းဟောင်းတစ်ခုဖြစ်တဲ့အဖျောက်ဒေသတွင်းအမှတ်၅၇မှမတစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁.၇ သန်းခန့် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
#Local_News
Published 04 April 2026
#သဘာဝဓာတ်ငွေ့
#YMG/SW #Yangon_Times
မကွေးတိုင်း ၊မင်းဘူးခရိုင်အတွင်းမှာ လာမယ့်မိုးရာသီအတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမယ်လို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 03 April 2026
#မင်းဘူးခရိုင် #သစ်ပင်စိုက်ပျိုး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Customs of China-GACC)က မှတ်ပုံတင်စောင်ရေပေါင်း ၁၂၁၇ခုကို ခွင့်ပြုထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊GACC, ရုံးလုပ်ငန်းအဖွံမှသိရပါတယ်။
#Local_News
Published 04 April 2026
#GACC #တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#YMG/SW #Yangon_Times
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းတွေကို ဧပြီ ၁ ရက် က စတင်ကာ ဇွန် ၃၀ ရက်အထိ ငါးမဖမ်းရကာလနဲ့ငါးမဖမ်းရဧရိယာများကို သုံးလသတ်မှတ်ဆောင်ရွက်လိုက်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 04 April 2026
#ကမ်းဝေးငါးမဖမ်းရ
#YMG/NN #Yangon_Times
Page 141 of 2438