#Local_News
Published 7 September 2024
▪️ “Blue Pansy”လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံတွင် တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထား မှတ်ချက်ပြုထားသည့် “Blue Pansy” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်(တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက် ကြီးတို့တွင် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 September 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုစက်တင်ဘာလသုံးရက်တာအတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်း နှင့်ထိုင်းဘတ်သန်း ၈၀ကိုထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ဗဟိုဘဏ်သည် သုံးရက်တာအတွင်း Online Trading Platform မှ တစ်ဆင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ရောင်းချပေးရာတွင် စက်တင်ဘာလ ၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ စက်တင်ဘာလ ၅ ရက်တွင် အမေရိကန်ဒေါ်လာ ၉၀၀၀၀ နှင့် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁သိန်းရောင်းချခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် စက်တင်ဘာလ ၄ ရက်နေ့၌ ထိုင်းဘတ်သန်း ၈၀ ကိုလည်း ဗဟိုဘဏ်မှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ နိုင်ငံခြားငွေများကို ဗဟိုဘဏ်၊ AD လိုင်စင်ရ ဘဏ်များနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ပါဝင်သည့် FX Market Online Trading Platform များမှ တစ်ဆင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနိုင်ငံခြားငွေများအား အမေရိကန်တစ်ဒေါ်လာလျှင်ဘ ကျပ် ၃၅၀၀ ကျော် ဝန်းကျင်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မုန်တိုင်းငယ်နဲ့ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်ဒေသ(၄)ခုမိုးကြီးဖို့ရှိပြီးဒေသ(၆)ခု မိုးပိုလာဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 07 September 2024
#တိုင်ဖွန်းမုန်တိုင်း #ဒေသ(၆)ခုမိုးပိုလာ
#YMG/tthl #Yangon_Times
အခုနှစ်သီတင်းကျွတ်ပိတ်ရက်(၅)ရက်ဆက်တိုက်ရှိနေတဲ့အတွက် ကျိုက်ထီးရိုးသို့ဘုရားဖူးတွေ ပိုမိုဝင်ရောက်လာဖို့ရှိတယ်လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 07 September 2024
#သီတင်းကျွတ်ပိတ်ရက်(၅)ရက် #ကျိုက်ထီးရိုး
#YMG/tthl #Yangon_Times
ရန်ကုန်ဈေးကွက်အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းများဆက်တက်ပြီး အောက်တိန်း 92 တစ်လီတာကို ကျပ်၃၂၀၀ကျော်အထိရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 07 September 2024
#စက်သုံးဆီဈေးနှုန်းတက် #92တစ်လီတာကျပ်၃၂၀၀ကျော်
#YMG/NN #Yangon_Times
#Daily_News
Published 06 September 2024
၁။ ပေါ်ဆန်းနှင့် ဧည့်မထဆန်များအား တစ်နိုင်ငံလုံးရှိ ဆန်ဆိုင်များတွင်သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေ
၂။ မလေးရှားသို့ သိုးနှင့်ဆိတ်အရှင်များတင်ပို့ ရန်စီစဉ်နေပြီး မွေးမြူသူများ အဆင်ပြေနိုင်
၃။ တိုင်ဖွန်းမုန်တိုင်းအပြင် လေဖိအားနည်းရပ်ဝန်းလည်းထပ်ဖြစ်လာ၍ ဒေသ(၁၁)ခု၌ မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးကြီးမည်
၄။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ယီမင်ရှိသမိုင်းဝင်အဆောက်အအုံများပျက်စီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မျောက်ကျောက်သံသယလူနာတွေ့ရတယ်ဆိုတာ ကောလဟာလသာဖြစ်ပြီး စက်တင်ဘာလ(၆)ရက်အထိတော့ မျောက်ကျောက် သံသယလူနာမတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 06 September 2024
#မျောက်ကျောက်သံသယလူနာ #ကျန်းမာရေးဝန်ကြီးဌာန
#YMG/tthl #Yangon_Times
Page 140 of 1834