သကြင်္န်အပြီးမှာတော့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာတယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 21 Apirl 2025
#အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက် #သကြင်္န်အပြီး
#YMG/SW #Yangon_Times
၂၁ ဧပြီ ၂၀၂၅
၂၀-၄-၂၀၂၅ ရက် ည(၇)နာရီတွင် ထုတ်ပြန်သည့် တရားဝင်သတင်းအရ
ငလျင်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို ဖော်ပြပေးအပ်ပါတယ်။
သေဆုံး/ထိခိုက်/ပျောက်ဆုံး
၁။ သေဆုံး- ၃၇၃၅ဦး
၂။ ထိခိုက်ဒဏ်ရာရ- ၅၁၀၈ ဦး
၃။ ပျောက်ဆုံး- ၁၂၀ ဦး
နိုင်ငံတကာအကူအညီများ
ကူညီသည့်နိုင်ငံပေါင်း- ၂၅ နိုင်ငံ (ဟောင်ကောင်အပါအဝင်)
လေယာဉ်- ၁၄၅ ခေါက်
သင်္ဘော- ၆ စီး
ကား- ၂၃ စီး
ထောက်ပံ့ပစ္စည်း- ၂၅၁၄.၆ တန်
ကယ်ဆယ်ရေးပစ္စည်း- ၁၁၉၇.၁၂ တန်
ကယ်ဆယ်ရေးဝန်ထမ်း- ၂၀၉၄ ဦး
နောက်ဆုံးသတင်း- တရုတ်နိုင်ငံမှာ သတ္တမအသုတ် ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့် ထပ်မံရောက်ရှိ။
Source: နစကသတင်းထုတ်ပြန်ရေးအဖွဲ့
#Local_News
Published_21 April 2025
▪️ ငလျင်ကြောင့် Naypyitaw State Academy ပျက်စီးမှုမရှိခဲ့ဘဲ အုတ်နံရံအချို့ ပလာစတာ ကွဲအက်၊ ကွာကျနေခြင်းသာ ရှိ၍ ကျောင်းဖွင့်လှစ်ချိန်မတိုင်မီအပြီး ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ ဧပြီလ ၂၀ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များဖြင့် သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
▪️ ငလျင်ကြောင့် ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြားရေးအဆောင်၊ စီးပွား ရေး ပညာသင်ကြားရေးအဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာသင်ကြားရေးအဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့် လူမှု ရေးပညာသင်ကြားရေး အဆောင်တို့၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Column တိုင်နှင့် Beam တို့ကို စစ်ဆေးချက်အရ ထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက်အုတ်နံရံအချို့ ပလာစတာကွဲအက်၊ကွာကျနေခြင်းသာ ရှိ၍ ဇွန်လကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီအပြီး ပြုပြင်သွားရန်၊ ညှိနှိုင်းခဲ့ကြောင်း သိရသည်။
▪️ ၎င်းနောက်ဆောက်လုပ်ဆဲ ဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက် လုပ် ဆဲ (၆)ထပ် ဆောင်တို့ကို အင်ဂျင်နီယာ အသင်းချုပ်၊ အင်ဂျင်နီယာကောင်စီ နှင့် ငလျင် ပညာရှင်များ၏ စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာ မထိခိုက်ကြောင်း သိရသည်။
▪️ Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီး အဆောက်အဦများနှင့် ဆောက်လုပ်ဆဲ အဆောက်အဦများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်) တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် နစက ဒုဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_21 April 2025
▪️ ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှု များ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၄ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံ များသို့ အမြန် ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များက လိုအပ်သည့် ကိုယ်ရေးအချက် အလက် များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက် နေမှုကို ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင် ငံသား စုစုပေါင်း ၉၀၃၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၇၂၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက် ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၇၄၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန် စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်း သိရသည်။
▪️ ယနေ့အထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၉၀၃၂ ဦး သည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက် စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်း၊ ဥဇဘက်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ်စကား၊ ရိုမေးနီးယား၊ လိုက်ဘေးရီးယား၊ ရုရှား၊ ဖိလစ်ပိုင်၊ ဇင်ဘာဘွေ၊ မော်လဝီ၊ ဆီယာရာ လီယွန်၊ ဘူရွန်ဒီနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသား များဖြစ်ကြကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_21 April 2025
▪️ ပြင်ဦးလွင် တပ်မတော်ဆေးရုံ၌ ကုသမှုခံယူ လျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား နစက ဥက္ကဌ သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များ ၊တာဝန်ရှိသူများ က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက် မှုပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော် ငွေများ ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
▪️ ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည် များ၊ မိသားစုဝင်များ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက် ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်း အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူရလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားပြည် သူများ၊အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့်သာသနာနွယ်ဝင်သီလရှင် ဆရာကြီးများအား အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ တပ်မတော်ဆေးရုံများ၌ ပြင်ပလူနာ အဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများ နှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးလိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိမှုပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်ကုသမှုခံ ယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သား ပြည်သူ ၄၇၆ ဦးဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_21 April 2025
▪️ ပြင်ဦးလွင်မြို့နယ် တွင် လူနေထိုင်မှုပမာဏတစ်နှစ်ထက်တစ်နှစ်များပြားလာ၍ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေး ရေရှည်စီမံကိန်း ချမှတ်၍ ဆောင်ရွက်ရန် နစက ဥက္ကဌ က ပြောသည်။
▪️ ယနေ့ ဧပြီလ ၂၀ ရက်က အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးအတွင်း ယင်းက အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
▪️ ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင် တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါ ကြိုတင် မျှော်မှန်း၍ စီမံဆောင်ရွက်ထားရှိရန် ၊ အနာဂတ်ကာလ ရေအရင်းအမြစ်လို အပ်ချက်အတွက် ရေရှိနိုင်မှု၊ ရေလှောင်တမံ များအလိုက် ရေသိုလှောင်နိုင်မှုပမာဏများနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
▪️ နစက ဥက္ကဌက လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ် သုတေသနပြုလုပ်ရန် ၊ ရေအရင်း အမြစ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေ ရေလဲတော များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် ၊ ဆည်တာတမံများ အတွင်း ရာသီမရွေး ရေရှိနိုင်ရန် ၊ ရေဖူလုံစွာရရှိစေရေး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက်သွားရန်လိုပြီး ဆည်များအတွင်းမှ ကျ ဆင်းသွားသည့် ရေများကိုလည်း အလေအလွင့်အနည်းဆုံးဖြစ်စေရေး တာ၊ တမံများ ကို သုတေသနပြု တည် ဆောက်သွားရန် ၊ သက်ဆိုင်ရာကဏ္ဍများအလိုက် သုတေသနပြုဆန်းစစ်ခြင်း၊ ကွင်းဆင်းဆောင် ရွက်ခြင်း တို့ကို ဆက်လက် ဆောင်ရွက် သွားရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
၂၀ ဧပြီ ၂၀၂၅
တရုတ်နိုင်ငံအစိုးရ၏ သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေး ပစ္စည်းများ ဧပြီ ၂၀ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရပါတယ်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများသည် ဆေးဝါးပစ္စည်းများဖြစ်ပြီး အလေးချိန် ၉၅တန်ကျော်ရှိပါတယ်။ Amoxicillin ဆေးတောင့် ၈၀၀,၀၀၀ ဗူး၊ Acetaminophen ထိုးဆေး ၁၂၂,၀၀၀ ပုလင်း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး နှင့် Ibuprofen ၄၈၀,၀၀၀ ဗူး တို့ပါဝင်တယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို ငလျင်ဘေးသင့် ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးသွားမယ်လို့ လည်း သိရပါတယ်။
တရုတ်နိုင်ငံသည် ငလျင်ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းဖြင့် ဆက်တိုက်ပေးပို့လျက်ရှိရာ ပြီးခဲ့တဲ့ ဧပြီ ၁၁ရက်က ဆဋ္ဌမမြောက်အသုတ်အဖြစ် ရွက်ဖျင်တဲ ၂၃လုံးနှင့်အတူ ချက်ပြုတ် ပစ္စည်းများ၊ဆိုလာစွမ်းအင်သုံး စာကြည့် မီးလုံးများ၊ ဆပ်ပြာနှင့်ဆပ်ပြာရည်များ ၊ခေါင်းလျှော် ရည်များ၊ သွားတိုက်ဆေးနှင့်သွားတိုက်သံများ၊ ဆပ်ပြာမှုန့်များပါဝင်ခဲ့ပါတယ်။
တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံ သည် မြန်မာငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။
#ymg/knl
Page 135 of 2082