#Local_News
Published 2 July   2025
▪️ မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Friday Night Live Show အစီအစဉ်အဖြစ် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အစဉ်အလာကြီးမားသည့် မန္တလေးတက္ကသိုလ်ကြီးမှ ပညာရှင်များ၊ ထူးချွန်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ စသည့်ထူးချွန်ပုဂ္ဂိုလ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ရာ “မန္တလေးတက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်းအမှတ်” ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်သကဲ့သို့ မန္တလေးမြို့မ တူရိယာအသင်းကြီးကလည်း ရာပြည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂုဏ်ယူစွာတီးခတ်ဖျော်ဖြေပေးမည်ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိ ချွန်၊ မစံပယ်တို့နှင့်အတူ မန္တလေးမြို့မ တူရိယာအသင်း၏ ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း (မြို့မ)၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး) တို့ကလည်း မန္တလေးတက္ကသိုလ်၏ အနှစ်သာရများကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက် ကျော်ကြားခဲ့သည့် မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 1 July 2025
၁။ ရွေးကောက်ပွဲလုပ်ချိန်အထိ မှတ်ပုံတင်မရှိသူများတင်ပြပါက ကွင်းဆင်းဆောင်ရွက်မည်
၂။ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ်(၁၆)ဦးထပ်မံတွေ့ရှိ
၃။ ဇူလိုင်လအတွင်း မြစ်ရေများစိုးရိမ်ရေမှတ်သို့ တစ်ကြိမ်စီကျရောက်နိုင်
၄။ ဓာတ်အားထုတ်လုပ်ရေးကဏ္ဍအတွက်ပထမဆုံး AI စနစ်အား တရုတ်စွမ်းအင်ကုမ္ပဏီစတင်လုပ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
		#Local_News
Published 1 July 2025
▪️ ဂျပန်နိုင်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သား ၅၁ဦးကိုပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့်ပြုလိုက်ကြောင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ေကြညာလိုက်သည်။
▪️ အဆိုပါ ၅၁ဦး၏ အမည်စာရင်းကို အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel မှ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသူများသည် ၂-၇-၂၀၂၅ ရက်နေ့တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ပြီးOWIC ကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အေဂျင်စီများအနေဖြင့် OWIC  ရရှိပြီးသည့်အလုပ်သမားများအတွက်စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက် ရက်သတ္တ တစ်ပတ်အတွင်းဖော်ပြပြီး စေလွှတ်မည့်အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ်မိတ္တူတို့နှင့်အတူ Excel Soft Copy ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ 
#YMG/SW #Yangon_Times
မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့အတွက် ICBC ဘဏ်အနေနဲ့ဘဏ္ဍာရေးကဏ္ဍရဲ့တံတားတစ်စင်းအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 1 July 2025
#ICBCဘဏ် #ဘဏ္ဍာရေးတံတားတစ်စင်း
#YMG/SW #Yangon_Times
လာမယ့်ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သလို ဧရာဝတီမြစ်အပါအဝင် ဒေသအသီးသီးရှိမြစ်အချို့ရဲ့  မြစ်ရေများစိုးရိမ်ရေမှတ်သို့ တစ်ကြိမ်စီကျရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ဇူလိုင်လပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 1 July 2025
#မြစ်ရေများစိုးရိမ်ရေမှတ် #တစ်ကြိမ်စီကျရောက်နိုင်
#YMG/NN #Yangon_Times
ယခုတစ်ပတ်ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ်(၁၆)ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းမှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
#Local_News
Published 1 July 2025
#ကိုဗစ်-၁၉ရောဂါ #အတည်ပြုလူနာသစ်(၁၆)ဦးတွေ့ရှိ
#YMG/SW #Yangon_Times
လာမယ့်ရွေးကောက်ပွဲလုပ်ချိန်အထိ မှတ်ပုံတင်မရှိသူတွေတင်ပြလာပါကပန်းခင်းစီမံချက်နဲ့ ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီး
ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 1 July 2025
#မှတ်ပုံတင်မရှိသူများ #ပန်းခင်းစီမံချက်
#YMG/NN #Yangon_Times
Page 132 of 2165