#Local_News
Published 26 April 2025
▪️ နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ စည်ပင်သို့ ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်း အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြု ရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ အသိပေးထုတ်ပြန်လာသည်။
▪️ ထုတ်ပြန်စာ၌ နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သည့်ရုံးဌာနအဆောက်အအုံများ၊ အထူးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများအပါအဝင် အခြားအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင် သာ ယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူးနှင့် ဒုတိယဌာနမှူးထံသို့ ဆက်သွယ်ကြရန် ဖော်ပြထားသည်။
▪️ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဒေသတွင် နေပြည်တော်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိတွင် အပျက်အစီးရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
#YMG/SW #Yangon_Times
#Local_News
Published 26 April 2025
▪️ ငလျင်လှုပ်ပြီး တစ်လနီးပါးအကြာ၌ Golden City Hotelမှ အမျိုးသားနှစ်ဦး၏ရုပ်အလောင်းအား ထပ်မံတူးဖော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မတ်လ၂၈ ရက်က မန္တလေး ငလျင်ကြောင့် မန္တလေးမြို့၊ လမ်း (၃၀) ၇၀×၇၁လမ်းကြားရှိ Golden City Hotel အဆောက်အအုံ ပြိုကျခဲ့ရာ တာဝန်ရှိသူများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျှက်ရှိခြင်းဖြစ်သည်။
▪️ ဧပြီ ၂၆ ရက်နေ့ ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှGolden City Hotel အဆောက်အအုံအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူရေး ဆက်လက် ဆောင်ရွက်လျက်ရှိရာ မနက်၁၀ နာရီ အချိန်တွင် သေဆုံး ကျား(၂)ဦး၏ ရုပ်အလောင်းတို့အား ထုတ်ယူပေးခဲ့နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 April 2025
▪️ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကိုယမန်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် Type-81 အမျိုးအစား သေနတ် ၅လက်၊ ၎င်းကျည်အိမ် ၁၃ ခု၊ ကျည် ၉၀၀ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့ကို အပ်နှံကြကြောင်း သိရသည်။
▪️ ထို့နောက် တာဝန်ရှိသူများက သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ၅ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၅၀၊ လက်ပစ်ဗုံး ၅ လုံးအတွက် ကျပ် ၃ သိန်းနှင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျပ်သိန်း ၁၄၀ တို့ကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက လက်ခံရယူကြပြီးနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
#YMG/SW #Yangon_Times
#Daily_News
Published 25 Apirl 2025
၁။ ရုရှားက မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များဝယ်ယူမည်
၂။ အပါချီဘိလပ်မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် ခြောက်သောင်း ထုတ်လုပ်ဖြန့်ချီပေးနေ
၃။ စက်သုံးဆီ တစ်လီတာ ၅၅ကျပ် မှ ၇၀ကျပ်အထိပြန်မြင့်တက်
၄။ တရုတ်နိုင်ငံ ချင်းဒေါင်သည် ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း အချက်အခြာနေရာဖြစ်လာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
'မိုင်းဖုန်းဆရာတော်ကြီးရဲ့ မေတ္တာဓာတ်ခံယူပွဲကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ ကိုးမိုင်သျှမ်းကျောင်း ပြုလုပ်ခဲ့ရာလာရောက်ဖူးမြှော်မေတ္တာဓာတ်ခံယူသူတပည့်ဒါယိကာ၊ ဒါယိကာမတွေများပြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 25 Apirl 2025
#မိုင်းဖုန်းဆရာတော်ကြီး #ကိုးမိုင်သျှမ်းကျောင်း
#YMG/NN #Yangon_Times
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ အထောက်အပံ့တွေဟာ အမြဲအခမဲ့ ဖြန့်ဝေ ပေးတာဖြစ်ပြီး အဆိုပါအထောက်အပံ့တွေကို ရောင်းချတာတွေတွေ့ရှိရင်ချက်ချင်းအ ရေးယူဆောင်ရွက်သွားမယ်လို့ WFP Myanmar မှ သိရပါတယ်။
#Local_News
Published 25 Apirl 2025
#ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် #ရောင်းချခြင်းများတွေ့ရှိပါကအရေးယူ
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ အပတ်က တစ်လီတာကို ကျပ်၂၀၀ကျော်ကနေ ၃၀၀ကျော်အထိကျဆင်းခဲ့တဲ့ စက်သုံးဆီ ဈေးနှုန်းတွေဟာ အခုတစ်ပတ်မှာတော့ အမျိုးအစားအလိုက်တစ်လီတာကို ၅၅ကျပ်ကနေ ၇၀ကျပ်အထိပြန်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီက သိရပါတယ်။
#Local_News
Published 25 Apirl 2025
#စက်သုံးဆီစျေးမြင့်တက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
Page 128 of 2082