#Local_News
Published 29 April 2026
အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ရရှိသောငွေကြေး အကျိုးအမြတ်အား ခေါင်းပုံဖြတ်ရယူ ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၉) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် အလုပ်လုပ်ကိုင်ရန်အတွက် တစ်မြို့နယ်တည်းနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင်အားတိုင်ပင်ခဲ့ရာ မယုယုခိုင်က တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၁၈၀/၂၀၀ ရရှိမည်ဟု စည်းရုံးပြောဆို၍ ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် (ပတ္တမြားဈေးအနီးရှိ) လက်ဖက်ရည်ဆိုင်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၉) ရပ်ကွက်နေ ကိုဇာနည်မင်းနှင့်တွေ့ဆုံပေးခဲ့ရာ ကိုဇာနည်မင်းက အမျိုးသမီးကို တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) နှင့် ဆက်လက်တွေ့ဆုံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) က သဘောကျသဖြင့် တင်တောင်းငွေကျပ်သိန်း ၁၈၀ ပေးမည်ဟုပြောဆိုပြီး ကိုဇာနည်မင်းကို အကျိုးဆောင်ခငွေကျပ် ၅ သိန်းနှင့် မင်္ဂလာဆွမ်းကျွေးရန်ငွေကျပ် ၁၀ သိန်းတို့ကိုပေးအပ်ခဲ့ကြောင်း၊ မင်္ဂလာဆွမ်းကျွေးသည့်နေ့တွင် တင်တောင်းငွေကျပ် သိန်း ၈၀ နှင့် ကျောက်တံတားခရိုင်တရားရုံးတွင် လက်ထပ်ထိမ်းမြား လက်မှတ်ရေးထိုးစဉ် ငွေကျပ်သိန်း ၅၀ ကို အမျိုးသမီးထံသို့ပေးအပ်ခဲ့ကြောင်း၊ ကျန်ငွေကျပ်သိန်း ၅၀ ကိုလေယာဉ်တက်ချိန်ပေးမည်ဟုပြောဆိုခဲ့ပြီး တရုတ်နိုင်ငံသို့သွားရောက်ရန် စာရွက်စာတမ်းများပြုလုပ်ပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ရွှေပဒုမ္မာဟိုတယ်တွင် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေများဖြင့် မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူ တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်)၊ ကိုဇာနည်မင်းနှင့် မယုယုခိုင်တို့သုံးဦးကို အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရွှေပြည်သာမြို့မရဲစခန်း (ပ)၂၀၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ မယုယုခိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ ကျင့် ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 28 April 2026
၁။ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် နိုင်ငံတကာကုန်သွယ်မှု၏ ပျမ်းမျှ (၇၀) ရာနှုန်းရှိဟုဆို
၂။ မြန်မာနိုင်ငံ၏ ပထမဆုံးWomen's Academy အတွက် အပြီးသတ်လူရွေးချယ်ပွဲပြုလုပ်မည်
၃။ ပျားမွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူများအားကူညီမည်
၄။ တရုတ်-ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးများနှင့်ကာကွယ်ရေးဝန်ကြီးများ (၂+၂)ဗျူဟာမြောက်အစည်းအဝေးကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံရဲ့နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးဟာ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုးရဲ့ ပျမ်းမျှ ၇၀ ရာနှုန်းရှိတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးကပြောပါတယ်။
#Local_News
Published 28 April 2026
#ပင်လယ်ရေကြောင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရဲ့ ပထမဆုံးWomen's Academy အတွက် အပြီးသတ်လူရွေးချယ်ပွဲတွေကို မေလ၉ရက်မှစတင်ကာပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)မှ သိရပါတယ်။
#Local_News
Published 28 April 2026
#Women's_Academy #MFF
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းရှိ ပျားမွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူတွေကို ကူညီသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 28 April 2026
#ပျား #စစ်ကိုင်းတိုင်း
#YMG/NN #Yangon_Times
ယခင်Game City (၃) ထပ်အဆောက်အဦကို စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်အဖြစ် ပြန်လည်ပြင်ဆင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 April 2026
#Game_City
#YMG/SW #Yangon_Times
#Local_News
Published 28 April 2026
■ MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် တရားဝင်ဖြစ်စေရေးမှတ်ပုံတင်ထားရှိရန်လိုအပ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောကြားသည်။
■ ယမာန်နေ့က နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံစဉ် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခြင်းဖြစ်သည်။
■ ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် ဝါမှ ဝါဂွမ်း၊ ချည်၊ ပိတ်၊ အထည်ထုတ်လုပ်သည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေ၊ ဝါးမှ ပျော့ဖတ်များ တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ MSME များအတွက် ချေးငွေစီးဆင်းမှုမြန်ဆန်ရေး ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဒီဂျစ်တယ်စနစ်တွင်ကျယ်စွာ အသုံးပြုနိုင်ရန် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပရေး၊ နိုင်ငံတော်မှ ပေးအပ်သည့် အခွင့်အရေးများရရှိစေရန် မှတ်ပုံတင်ပြုလုပ်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ MSME အစုအဖွဲ့များ ပိုမိုအားကောင်းလာစေရေးနှင့် Agro-Base Industries ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးကြသည်။
■ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် တရားဝင်ဖြစ်စေရေးမှတ်ပုံတင်ထားရှိရန်၊ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးမီကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် စွန့်ဦးတီထွင်သူများ ဖြစ်ပေါ်လာစေရေး စည်းရုံးဆောင်ရွက်ရန်၊ တစ်ဦးတစ်ယောက်ချင်းနှင့် MSME အစုအဖွဲ့များ အားကောင်းလာစေရေးအားပေးဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
■ တွေ့ဆုံပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 126 of 2438