စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 5 March 2025
#မုံရွာသင်္ကြန်ပွဲတော် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
နိုင်ငံတကာအဆင့်မီ ရွှေဓာတ်ခွဲခန်းတွေကို ရန်ကုန်အပြင်အခြားနယ်မြို့ကြီးတွေမှာလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 5 March 2025
#ရွှေဓာတ်ခွဲခန်း #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
အခု၂၀၂၅ ခုနှစ်နွေရာသီအပူချိန်ဟာ ယမန်နှစ်ထက်လျော့ကျနိုင်ပေမယ့် Heat-stroke ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ လိုအပ်တယ်လို့မိုးလေဝသပြင်ပ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
#Local_News
Published 5 March 2025
#Heat-stroke #နွေရာသီအပူချိန်လျော့ကျနိုင်
#YMG/NN #Yangon_Times
#Local_News
Published 5 March 2025
▪️ ယခုလ ၈ရက်တွင် ကျရောက်မည့် ၇၉-နှစ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနေ့ အခမ်းအနားကို Myawadi Media Center တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ၁၉၄၆ ခုနှစ် မတ်လ ၈ ရက်တွင် စတင်ထူထောင်ခဲ့သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ၇၉-နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ပျော်ပွဲရွှင်ပွဲများ၊ ကျွေးမွေးလှုဒါန်းပွဲများ၊ သင်တန်းသားဟောင်းများစကားဝိုင်း၊ ဗီဒီယိုလောကသားများ စကားဝိုင်းများ၊ ဖြူမဲရှားပါးရုပ်ရှင်ပြသပွဲများအပြင် Trust double nine ရေသန့်မှ အမှန်တကယ်နွမ်းပါးသူ ရုပ်ရှင်အစည်းအရုံးဝင် လောကသားများကို ငွေသားကျပ် သိန်း၂၀၀ကို မဲဖောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကား ၆ကားကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 March 2025
▪️ ယခုရက်ပိုင်းအတွင်း မြေငလျင်ငယ် များ ရက်ခြားနှင့် နောက်ဆက်တွဲ အကြိမ်ရေ များပါ လှုပ်ခတ်ခဲ့ပြီးနောက်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြေငလျင် သတိပေးချက်များကို ထုတ်ပြန်လာကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ၃ရက်နေ့က တိုက်ကြီးမြို့နယ်အနီး၌ မြေငလျင်ငယ် တစ်ကြိမ်၊ ယနေ့မတ်လ၅ရက်နေ့၌ ညောင်တုန်းမြို့နယ်အနီး၌ မြေငလျင်ငယ်တစ်ကြိမ်နှင့် နောက်ဆက်တွဲငလျင်သုံးကြိမ်အထိ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ကဲ့သို့လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာရမည့်အချက်များအား ထုတ်ပြန်ပေးခဲ့ပြီး ယင်းထုတ်ပြန်ချက်၌ ငလျင်လှုပ်ရှားနိုင်သည့် ဒေသ (သို့ မဟုတ်) ငလျင်ပြတ်ရွေ့တည်ရှိရာဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ငလျင်သတိ အမြဲရှိနေကြရန်နှင့် ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါ၍ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည်များကို သိရှိထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် ငလျင်မလှုပ်မီဆောင်ရွက်ရန် အချက်များမှာ
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များမှာ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊
(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ကြောင်း သိရသည်။
▪️ ယင်းအပြင် ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ
(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊
(၄) အဆောက်အဦတွင် ထိခိုက်မှု မမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များမှာ
(၁) နောက်ဆက်တွဲငလျင်များ၊
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄) တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅) ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊
(၇) ကောလဟာလ သတင်းလွှင့်ခြင်း စသည့်အချက်များကို ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 March 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့အနီးမှာ ယနေ့ မတ်လ ၅ ရက် ယနေ့ မြန်မာစံတော်ချိန် နံနက် ၄ နာရီ၊ ၃၆ မိနစ်၊ (၄၇) စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီးနောက် ငလျင်သုံးကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါမြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှအနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့ခြင်းဖြစ်ပြီး ယင်းမြေငလျင်လှုပ်ရှားမှုအပြီးတွင် နောက်ဆက်တွဲမြေငလျင်များအဖြစ် ယနေ့ မနက် ၄ နာရီ ၅၄ မိနစ်အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိသောမြေငလျင်တစ်ခုညောင်တုန်းမြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ထပ်မံလှုပ်ရှားခဲ့ပြီး မနက် ၅ နာရီ ၂၀ မိနစ်အချိန်က အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိသည့် မြေငလျင်တစ်ခု ညောင်တုန်းမြို့၏ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာတွင် လှုပ်ရှားခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မနက် ၅ နာရီ ၂၃ မိနစ်အချိန်က အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိသည့် မြေငလျင်တစ်ခုညောင်တုန်းမြို့၏ အရှေ့ဘက် ၂၅ မိုင်ခန့်အကွာတွင် ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 4 March 2025
၁။ ဗဟိုဘဏ်ကစက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ၂၃ သန်းနှင့် ဘတ်သန်း ၁၅၀ ထပ်မံရောင်းပေးမည်
၂။ E-စီးကရက် နှင့် Vape များအား ဥပဒေအရ ထိန်းချုပ်ရန်ဆောင်ရွက်နေ
၃။ မော်လမြိုင် အမြန်ရထားကြိုတင်လက်မှတ်များ ပိတ်ရက်မရှိ ရောင်းချပေးနေ
၄။ ထိုင်းဝန်ကြီးချုပ် နယ်စပ်ဒေသသို့သွားရောက်ကာ အွန်လိုင်းလိမ်လည်လုပ်ငန်းတိုက်ဖျက်နေမှုများအားစစ်ဆေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 126 of 2021