#Local_News
Published 10July 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို SCADA System ဖြင့် စနစ်တကျထိန်းချုပ်ကြပ်မတ်နေကြောင်း သိရသည်။
▪️ အဆိုပါ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်တွင် SCADA System ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို စနစ်တကျထိန်းချုပ်ကြပ်မတ်နေမှု၊ AMI Control Center တွင် တရားမဝင်ဓာတ်အားသုံးစွဲနေမှုများ စစ်ဆေးဖော်ထုတ်နေမှုများကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၈ရက်နေ့တွင်
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းရုံးချုပ် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့သည် စီးပွားရေးမြို့နှင့် စက်မှုဇုန်လုပ်ငန်းများများစွာရှိနေပြီး လူနေထူထပ်သည့် မြို့ဖြစ်သည့်အတွက် ဓာတ်အားဖြန့်ဖြူးပေးနေမှုများ ဆောင်ရွက်ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးမှုများကို လျှပ်စစ်ပုံစံများ အထောက်အထားပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
တရားမဝင်နည်းလမ်းနဲ့ တင်သွင်းလာတဲ့ စံချိန်မမှီ ဟောင်ကောင်ရွှေတွေကို အွန်လိုင်းကနေရောင်းချနေကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 10 July 2025
#ဟောင်ကောင်ရွှေ #YGEA
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ် ဇွန်လအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကိုအများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ် ။
#Local_News
Published 10 July 2025
#ဆန်နှင့်ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 10July 2025
▪️ မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးအား မွေးဖွားပြီး တစ်နှစ်အတွင်းမှတ်ပုံတင်ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
▪️ ထိုသို့ မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မွေးဖွားပြီး တစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဦးစွာလျှောက်ထားဆောင်ရွက်ရမည်ဖြစ်သည်။
▪️ အဆိုပါကဲ့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများဖြစ်ရန်လိုအပ်ပြီး အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
▪️ ထို့အတူ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ကလေးမွေးဖွား ကြောင်းမှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အထောက်အထားများနှင့် စာရွက်စာတမ်းများကို သိရှိနိုင်ရန်လည်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန် အသိပေးဖော်ပြထားသည်။
#YMG/NN #Yangon_Times
မိမိအစီအစဉ်နဲ့ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မယ့် လုပ်သားများအနေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံလက်မှတ်(OWIC) လျှောက်ထားခြင်းကို ပွဲစားမှတစ်ဆင့်မပြုလုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်ချန်နယ်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 10 July 2025
#OWIC #ပွဲစားမှတစ်ဆင့်မပြုလုပ်ရန်အသိပေး
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့လမှာ မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) နဲ့ U-Report Myanmar က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့ ငလျင်အပြီး စစ်တမ်းကောက်ယူမှုတစ်ခုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
#Local_News
Published 10 July 2025
#ငလျင်ဒဏ်သင့် အဆောက်အအုံ #Young_City_Shapers
#YMG/SW #Yangon_Times
#Local_News
Published 10 July 2025
▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Vortech Myanmar Co., Ltd. မှ ငွေကျပ် သိန်းသုံးရာတန်ဖိုးရှိ Medical Grade PTZ Camera - 2 Sets ကို ဇူလိုင်လ (၈) ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်နှင့်အတူ အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ပါမောက္ခဒေါက်တာတင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီးလှူဒါန်းမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်ကလက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိတ်ဖက်ကြက်ခြေနီလခြမ်းနီအသင်းများနှင့်အတူ ရည်မှန်းထားသည့် ငလျင်ပြန်လည်ထူထောင်ရေးကာလ (၂)နှစ်အတွင်း ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အလှူရှင်များ၏ပံ့ပိုးမှုများဖြင့်ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 122 of 2165